ယင်​ဖိုမသန်းသူ (၁)

in #myanmar6 years ago

image

 "အပျိုကြီးဘယ်​​တော့စားရမှာလဲ။"
"မစွံ​သေးဘူးလား။"

ထိုစကားများကြားရ​သောအခါ သီသီတစ်​​ယောက်​ စိတ်​ထဲခုလုခုလု အမြဲဖြစ်​မိသည်​။သူမအသက်​၃၅နှစ်​ရှိပြီ။သူမသည်​ ငယ်​ငယ်​ကတည်းက ရိုးရိုး​အေး​အေး မိန်းက​လေး ဖြစ်​ခဲ့သည်​။
က​လေးဘဝအရွယ်​ကပင်​ ကစား​ဖော်​ကစားဖက်​ယောက်ျားက​လေးသူငယ်​ချင်းရှိ။ကြီး​တော်​အပျိုကြီး၏ သွန်​သင်​မှူဖြင့်​ ကြီးပြင်းခဲ့ရသဖြင့်​ပိပိပြားပြား ဗိုင်း​ကောင်း​ကျောက်​ဖိဖြစ်​ခဲ့ရသည်​။
"သမီးက​လေး​ယောက်ျားက​လေး​တွေနဲ့​ရောမ​ဆော့နဲ့။သူတို့က သမီးကိုညှာမှာမဟုတ်​ဘူး။မိန်းက​လေးဆိုတာ
ကိုယ့်​အချင်းချင်းပဲ​ဆော့ရတယ်​။"
ကြီး​တော်​၏ ထိုကဲ့သို့အမှာတမ်းဖြင့်​​ဆော့ကစားခဲ့ ရပါသည်​။ရွေရင်​သိမ်းသစ်​ အပျို​ဖော်​မဝင့်​တဝင်​​​ အရွယ်​​ရောက်​​သောအခါ ပို၍တင်းကြပ်​​သောမှာတမ်းများဖြင့်​​ ​နေခဲ့ရပါသည်​။ ​ယောက်ျားက​လေးသူငယ်​ချင်းများနှင့်​ စကား​ပြောဆို​ရော​နှောမိပါက ထိုမိန်းက​လေး သည်​တန်​ဖိုးမရှိဖြစ်​ရ​လေသည်​ စသဖြင့်​စည်းကမ်းမျိုးစုံဖြင့်​ ကြီးပြင်းလာခဲ့ရပါသည်​။
အထက်​တန်း​ကျောင်းသူဘဝတွင်​လည်း စာမှစာ၊ စာအုပ်​နှင့်​မျက်​နှာမခွာ​နေခဲ့ရပါသည်​။ တက္ကသိုလ်​​ကျောင်းသူဘဝတွင်​လည်း ​ယောက်ျား​လေးသူငယ်​ချင်း​ဝေးစွ။မိန်းမတို့အိ​နြေ္ဒ​ရွှေ​ပေးလို့မရစသည့်​ သွန်​သင်​မှူများအား စိတ်​ထဲစွဲမြဲစွာဖြင့်​​ယောက်ျားက​လေးများဖြင့်​ ကိစ္စရှိ၍​​ဆက်​ဆံ​ပြောဆိုရ​သောအခါ၌ပင်​ခေါင်​ကြီးငုံ့​ခြေဖျား လက်​ဖျားများ​အေးစက်​၍ ​ချွေးများပျံလာတတ်​သည့်​သူမဖြစ်​သည်​။
ထိုကဲ့သို့​သောပုရိသ​ယောက်ျားသားများနှင့်​ပတ်​သတ်​လျှင်​ အင်​မတန်​ရဲရင့်​​ပြောင်​​မြောက်​​သော သတ္တိနှင့်​ ပြည့်​စုံ​သော သူမအဖို့ အိမ်​​ထောင်​ပြုဖို့မဆိုထားနှင့်​ ရည်းစားက​လေး တစ်​​ယောက်​မျှပင်​​ယောင်​လို့​တောင်​ မထားဖူးခဲ့​ချေ။
ထိုကဲ့သို့ယင်​ဖို​တောင်​မသန်းဖူးခဲ့သည့်​သူမ​ကျောင်းပြီး​သောအခါ ကုမ္ပဏီတစ်​ခု၌စာရင်းကိုင်​တစ်​​ယောက်​ အဖြစ်​အလုပ်​ဝင်​ခဲ့​လေသည်​။
ကံ​ကောင်း​ထောက်​မစွာဖြင့်​ သူမတို့​ငွေစာရင်းဌာန၌ ကိုဟင်​နရီ​အောင်​ဟု​ခေါ်​သော ဂွတီးဂွကျ အလွန်​တရာပစိပစပ်​နိုင်​လှ​သော လူပျို ကြီးတစ်​​ယောက်​မှလွဲ၍ သဲကိုးဖြာ​သော မာယာပိုင်​ရှင်​များသာရှိ​လေသည်​။
အလုပ်​ဝင်​ကာစက ထိုလူပျိုကြီးနှင့်​ အလုပ်​ကိစ္စများ​နှင့်​ပတ်​သတ်​၍​ပြောရဆိုရအခါဝယ်​ မဟာသတ္တိရှင်​​သူမအဖို့ လကမ္ဘာ​ပေါ်ပထမဦးဆုံးသွားရမည့်​ အာကာသယာဉ်​မှူးအလား အ​တွေးထဲ၌အထပ်​ထပ်​ပြင်​ဆင်​ခဲ့ရသည်​။
"မသီသီ ဒီစာရင်းမှ ခင်​ဗျားဂဏာန်း​တွေ မှား​နေ​တယ်​​နော်​"
"ဟုတ်​....ဟုတ်​ကဲ့ဆရာ။"
သူမအား​ပြောရင်းဆိုရင်းဖြင့်​ပင်​ကိုဟင်​နရီ​အောင်​ သူမအနားသို့ စာရင်းဖိုင်​တွဲများအား ယူလာခဲ့​လေသည်​။
သူမထိုင်​​နေ​သော ကုလားထိုင်​​ဘေးနား၌ရပ်​၍ စားပွဲ​ပေါ်သို့ စာရင်းဖိုင်​တွဲများအား ဖွင့်​ပြီးသူမ၏အမှားများ အား​ထောက်​ပြ​ပေး​နေပါသည်​။
ယင်​ဖိုမသန်းမဟာသတ္တိရှင်​သူမသည်​ မျက်​နှာကြီး နီနီ ​ရင်​တလှပ်​လှပ်​ ​ချွေး​စေးများဖြင့်​​ခြေဖျား လက်​ဖျားများ​အေးစက်​ကာ မိုက်​ခနဲဖြစ်​ပြီးသတိလစ်​မလိုဖြစ်​သွားခဲ့​လေသည်​။
"မသီသီ....ဟာ ခင်​ဗျား​နေမ​ကောင်းဘူးလား။"
မိုက်​ကနဲလဲကျမလိုဖြစ်​သွား​သော သူမအားကိုဟင်​နရီက ထိန်းကိုင်​လိုက်​ပါသည်​။ထိုအခါ ​ပေါက်​ကွဲလုနီးပါး စနက်​တံအား မီးရှို့သကဲ့သို့ သူမပြန်​၍သတိလစ်​သွားပါ​တော့သည်​။
" ဟာ လုပ်​ကြပါဦး...သတိလစ်​သွားပြီ။"စသဖြင့်​ အသံများ ဆူညံသွားပါ​တော့သည်​။သူမသတိရ​သောအခါ သူမသူငယ်​ချင်း ပြည့်​ပြည့်​မှ သူမအား​ဆေးခန်းပို့​ပေးပါသည်​။ထိုမှတဆင့်​ သူမအိမ်​သို့ပြန်​လိုက်​ပို့​ပေးပါသည်​။
ဤအဖြစ်​အပျက်​သည်​ကား အလုပ်​ဝင်​ကာစ သူမ၏ မဟာစွန့်​စားခန်းကြီးပင်​သတည်း။
ထိုကဲ့သို့သတ္တိများအား ​မွေးမြူ ရင်းနှင့်​ပင်​ သူမအသက်​၃၅နှစ်​သို့ ချည်းနှီးဝင်​​ရောက်​ခဲ့​ပေသည်​။မဟာသတ္တိရှင်​သူမသည်​ အပျိုကြီးဟု ​ခေါ်ခံရဖန်​ အကြိမ်​ကြိမ်​များ လာ​သောအခါ စိတ်​ထဲ၌ခုလုခုလုဖြင့်​ မခံချင်​စိတ်​များထကြွလာ​လေ​တော့သည်​။
ဒင်းတို့က မစွံသည်​ကို အကြိမ်​ကြိမ်​​ပြော​လေသည်​။သူတို့ဘဝက​ရော ဘယ်​​လောက်​များ သာယာ​ပျော်​ရွှင်​​ဖြောင့်​ဖြူး​နေပါသလဲ ဟုအကြံဥာဏ်​ဖြစ်​​ပေါ်မိ​လေသတည်း။
ပထမဆုံးသူမ​လေ့လာမိသည့်​သူက သူမ၏ငယ်​သူငယ်​ချင်း ဖြူဖြူ ဖြစ်​သည်​။
"သူငယ်​ချင်းဖြူဖြူ​ရေ။" "အလို​တော်​ မယ်​မင်းကြီးမ။"
"မလာစဖူးအလာထူး​တော်​။"
ဖြူ ဖြူ ကသူမအားပြန်​​ပြောရင်း ကြိုဆိုလိုက်​​လေသည်​။ထိုစဉ်​ ဖြူ ဖြူ ၏သမီးက​လေးက ဖြူ ဖြူ အား
"အ​မေ ဒီ​နေ့​ကျောင်းမှာ ဆရာမကအလှူ ခံထည့်​ရမယ်​ ​လို့​ပြောထားတယ်​။ပိုက်​ဆံ ၅၀၀ထည့်​ရမယ်​။"လို့​ပြောပါသည်​။
"နင့်​အ​ဖေကို အလုပ်​သွားကာနီး​တောင်း​ထားတာမဟုတ်​ဘူး"ဟုပြန်​​ပြောပါသည်​။
"နင်​ကလည်း​ပေးလိုက်​တာမဟုတ်​ဘူးဟယ်​။
က​လေးအတန်းထဲမှာ မျက်​နှာငယ်​​နေပါ့မယ်​။"

ဟုသူမက​ပြော​သောအခါ ဖြူ ဖြူ က "ငါ့ဝမ်းနာ ငါသာသိပါတယ်​ဟယ်​။"ဟု ပြန်​​ပြောပါသည်​။
"ကိုယ့်​​ယောက်ျားအ​ကြောင်း ကိုယ်​မ​ပြောချင်​ဘူး။ကိုယ့့်​ပေါင်​ကိုယ်​လှန်​​ထောင်းသလိုပါပဲ​အေ"
 စသဖြင့်​အစချီကာ သူ့​ယောက်ျားအ​ကြောင်း အား​ပြောပြပါ​လေ​တော့သတည်း။
သီသီမှာ အ​ကြောင်းစုံကို သိရ​လေလျှင်​ အ​တော်​​ပင်​အံ့အားသင့်​သွား ရ​တော့သည်​။ဖြူ ဖြူ​​ပြောပြသည့်​ သူမ၏လင်​​တော်​​မောင်​အ​ကြောင်းသည်​ကား
"​ပွင့်​ပွင့်​လင်းလင်းပဲ​ပြောပြမယ်​ သီသီ​ရေ။
ငါ့လင်​ကငါ့ကိုအိမ်​သုံးစရိတ်​ တစ်​လ၁သိန်း၂​သောင်း ပဲ​ပေးတာ​အေ။ က​လေး​တွေကျူ ရှင်​စရိတ်​၊ မုန့်​ဖိုးလည်းသူကိုယ်​တိုင်​​ငွေကိုင်​ပြီး က​လေး​တွေကို​ပေးတာ​အေ။"
အိမ်​အပြန်​လမ်းတစ်​​လျှောက်​ သီသီတစ်​​ယောက်
အ​တွေးများဖြင့်​ပြည့်​​နေပါ​တော့သည်​။ ဖြူ ဖြူ လက်​ထပ်​တုန်းကသူမတို့သူငယ်​ချင်းတစု အားကျ​စွာဖြင့်​​ငေးကြည့်​ ခဲဘရပါသည်​။ ဖြူ ဖြူ တစ်​​ယောက်​ ကား၊ တိုက်​၊လုပ်​ငန်းနှင့်​ပြည့်​စုံသူ၏ ဇနီးဖြစ်​ခဲ့ပြီ။ ကံ​ကောင်း​လေစွဟုသူမတို့​ထင်​မြင်​ခဲ့ ကြပါသည်​။
အထင်​နှင့်​အမြင်​တက်​တက်​စင်​​အောင်​လွဲခဲ့​လေပြီ။ သူမဘဝနှင့်​ဖြူဖြူ ဘဝနှိုင်းယှဉ်​ကြည့်​လျှင်​ သူမဘဝသည်​လွတ်​လပ်​မှူ​၊ စိတ်​​ကျေနပ်​မှူအများအပြားရှိ​နေ​ပေ​သေး သည်​။
ကိုယ့်​လခအားမပူမပင်​ကိုင်​သုံးနိုင်​သည်​။ "ငါ့ဟာယင်​ဖိုမသန်းကျားဟူသမျှ ကို​ကြောက်​ရွံသည့်​ ဆိုက်​ကိုတစ်​မျိုးရှိသည်​မှလွဲ၍ အရာအားလုံးပြည့်​စုံ​နေ​ပါတယ်​"ဟု​တွေးကာ "ယင်​ဖိုမသန်းအပျိုကြီးပဲ​ဟေ့။ဘာဖြစ်​လဲ။"ဟုစိတ်​ထဲက​ကြွေး​ကြော်​မိ​နေပါ​တော့သည်​။
အပိုင်း(၂)အား ဆက်​လက်​ဖတ်​ရှူ့ပါရန်​။
@eieikhing
MSC No.173

image
Credited from google images.

Sort:  

ဘယ်ယင်လဲ မသန်းတာ အဖိုဖြစ်ဖြစ်အမဖြစ်ဖြစ် ကျန်းမာရေးအတွက်ကောင်းပါတယ်

ဟီး။ကျေးဇူး;bro.

တကယ့်​အဖြစ်​အပျက်​​တေ​ပေါ့​နော်​😁

ဟီး​နောက်​နဲ့​နော်​။ဆေးထိုးထားတာ။

အား​ပေး​နေတယ်​ အမ

Thank you​မောင်​​လေး

This post has received a 0.54 % upvote from @drotto thanks to: @eieikhing.

ဖတ်လို့ကောင်းတယ်sis.

ဟုတ်​​ကျေးဇူးsis.

Thank you @eieikhing for making a transfer to me for an upvote of 0.51% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

ကိုဟင်​နရီ က ဇာတ်​လိုက်​မင်းသား​ပေါ့ ဟီဟိ။

ဟီး။ဟုတ်​ကဲ့။

ကောင်းတယ် အစ်မ

Thank you;​မောင်​​လေး

အဟေး မှန်လက်ထာ :p
ဖတ်လို့ကောင်းဒေ မအိရေ
ရေးတတ်တာ

ဟီး။ကျေးဇူးမဇင်​​ရေ။

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66227.96
ETH 3571.65
USDT 1.00
SBD 3.14