အိပ်​မက်​ဆီသို့

in #myanmar6 years ago

လိုတရဆိုသည့်​သူမ၏အမည်​အတိုင်း သူမဘဝသည်​ ပြည့်​စုံလွန်းလှသည်​။ငွေဆိုသည်​မှာ သူမအတွက်​အ​ပေါ ဆုံးအရာဖြစ်​သည်​။
သူမ​နေသည့်​အိမ်​သည်​ ရန်​ကုန်​မြို့တွင်​ အချမ်းသာဆုံး​လူချမ်းသာများ​နေသည့်​ ရပ်​ကွက်​တွင်​ရှိသည်​။ ကာလတန်​ဖိုးကပင်​သိန်း​ပေါင်းသိန်းချီတန်​​လေသည်​။သူမစီးသည့်​ကားများသည်​ မြန်​မာပြည်​၌ဝယ်​စီးနိုင်​သူ လက်​ချိုး​ရေ၍ ရ​လေသည်​။
သူမဝတ်​ဆင်​သည့်​စိန်​ထည်​ပစ္စည်းများသည်​ကား မီးခံ​သေတ္တာ၅လုံးဖြင့်​အပြည့်​သိမ်းဆည်းထားရသည်​။
သူမ၏အသုံးအ​ဆောင်​ပစ္စည်းများသည်​ မြန်​မာပြည်​၌ ဝယ်​မရရ၍ နိုင်​ငံခြားမှမှာ၍ ဝယ်​ယူရသည့်​ limited branded များပင်​ဖြစ်​သည်​။
ရန်​ကုန်​မြို့၌သူမပိုင်​​သောအိမ်​​ပေါင်း၅၀​ကျော်​ရှိသည်​။မြန်​မာပြည်​မြို့အနှံ့အပြား၌ သူမပိုင်​​သော​မြေများ၊အိမ်​များလက်​ညှိုးထိုးမလွဲပင်​ဖြစ်​သည်​။
ထို့ပြင်​မြန်​မာပြည်​တပြည်​လုံးရှိမြို့များ၌ သူမပိုင်​ကိုယ်​ပိုင်​အထက်​တန်း​ကျောင်းများ၊နိုင်ငံခြားဘာသာသင်​တန်း​ကျောင်းများ၊​supermarket များ အများအပြား ပင်​ရှိပါသည်​။
သူမသည်​ ဘာသာစကား၂မျိုးတတ်​ကျွမ်းသူဖြစ်​ပြီး စာသင်​ခြင်းကို ဝါသနာပါလှသူဖြစ်​ရာ ရန်​ကုန်​မြို့ရှိ သူမပိုင်​ကိုယ်​ပိုင်​အထက်​တန်း​ကျောင်းများ၊ဘာသာစကား သင်​တန်း​ကျောင်းများ၌ စာသင်​ခြင်းဖြင့်​ အချိန်​ကုန်​လွန်​လို့ရှိသည်​။
ထို့ပြင်​သူမသည်​ အလှူ အတန်းလွန်​စွာဝါသနာပါသူ ဖြစ်​၍ နှစ်​စဉ်​ အလှည့်​ကျမြန်​မာပြည်​ရှိ မြို့တစ်​မြို့မြို့၌ အိမ်​၅လုံး ဝယ်​ယူပြီး အိမ်​ပိုင်​ဆိုင်​မှူမရှိသူများအား အလှည့်​ကျမဲ​ဖောက်​၍ လှူ တန်း​လေသည်​။
ထို့ပြင်​ မြန်​မာပြည်​အနှံ့ရှိမိဘမဲ့က​လေး​ကျောင်းများ၌ လစဉ်​ပျက်​မကွက်​လှူ တန်း​လေသည်​။ထိုမိဘမဲ့က​လေး​ကျောင်းများ၏ကျန်းမာ​ရေး၊ ပညာ​ရေးကိစ္စများ၌လည်း အားတက်​သ​ရော ပါဝင်​လှူ တန်းကူညီ​ပေး​လေ့ရှိသည်​။
သူမသည်​တဖက်​သားစာနာကူညီ၍​မေတ္တာတရား ကြီးမားသူတစ်​​ယောက်​လည်းဖြစ်​သည်​။သူမ၏ဝန်​ထမ်းများအား လုံ​လောက်​သည့်​လစာ​ပေးသည့်​အပြင်​ ထိုဝန်​ထမ်းများ၏ မိသားစုကျန်းမာ​ရေး၊ပညာ​ရေး ကိစ္စများ၌ လည်းအခါအား​လျော်​စွာကူညီ​ထောက်​ပံ့​ပေး​လေ့ရှိသည်​။ထို့​ကြောင့်​သူမ၏ဝန်​ထမ်းမိသားစုများမှာ သူမအား​ လွန်​စွာ​လေးစားကြည်​ညို ကြ​လေသည်​။
သို့​သော်​လည်းသူမသည်​ ပြည့်​စုံကြွယ်​ဝလှ​သော မိသားစုအသိုင်းအဝိုင်းမှ ဆင်းသက်​​ပေါက်​ဖွားခဲ့သူ မဟုတ်​ပါ​ချေ။သူမ၏မိဘနှစ်​ပါးသည်​ အစိုးရဝန်​ထမ်း များဖြစ်​ကြသည်​။ထို့​ကြောင့်​သူမသည်​ ငယ်​ရွယ်​စဉ်​ဘဝ၌ လူလတ်​တန်းစားမိသားစု၌ကြီးပြင်းခဲ့ရသူဖြစ်​သည်​။
သူမမည်​သို့ချမ်းသာကြွယ်​ဝလာသနည်း။သူမတွင်​ ငယ်​စဉ်​ကတည်းက ပြင်းပြ​သောဝါသနာတစ်​ခုရှိခဲ့သည်။
၎င်းဝါသနာသည်​ကား စာ​ရေးခြင်းပင်​ဖြစ်​သည်​။စာ​ရေး စာဖတ်​တတ်​ကတည်းက သူမစာများ​ရေးခဲ့သည်​။
၁၀တန်း​အောင်​ပြီး​နောက်​လည်း သူမသည်​ကျူ ရှင်​သင်​ခြင်းဖြင့်​​ကျောင်းစရိတ်​ရှာ၍ တက္ကသိုလ်​တက်​ခဲ့ရသည်​။မအားမလပ်​အလုပ်​ရှူပ်​ခဲ့​သော်​လည်း စာ​ရေးခြင်းကို မပျက်​မကွက်​သူမပြုလုပ်​ခဲ့သည်​။
ကြိုးစား​သောသူမအတွက်​ကံကြမ္မာကမျက်​နှာသာ​ပေး မှူ​ရောက်​ရှိလာ​ပေသည်​။steemitဆို​သော social mediaတစ်​ခုတွင်​ သူမစာများ​ရေးခဲ့သည်​။သူမ​၏ပို့စ်​များသည်​လူကြိုက်​များလှ၍ သူမဝင်​​ငွေများစွာရရှိခဲ့​လေ သည်​။
သူမပို့စ်​တစ်​ခုသည်​​ဒေါ်လာ၃၀၀၀​ကျော်​ထိဝင်​​ငွေရှိ​သည်​။ထို့​ကြောင့်​သူမသည်​​နေ့တိုင်း စာများ​ရေး၍တင်​​သည်​။သူမ၏ပို့စ်​များအားသူမသည်​အင်္ဂလိပ်​၊မြန်​မာ၊ဂျပန်​ သုံးဘာသာဖြင့်​​ရေးသားခဲ့ရာအထူးပင်​​အောင်​မြင်​ခဲ့​ပါသည်​။
ထိုမှတဆင့်​သူမသည်​ စာအုများ​ရေးသားထုတ်​​ဝေ ခဲ့ရာသူမ၏စာအုပ်​များသည်​ကမ္ဘာအနှံ့​ကျော်​ကြားခဲ့​လေ သည်​။သူမ၏စာအုပ်​များအား ဘာသာစကားမျိုးစုံဖြင့်​ဘာသာပြန်​ဆို​ရေးသားကြ​လေသည်​။ဤသည်​မှာ သူမ၏ကြွယ်​ဝချမ်းသာလာ​သော အ​ကြောင်းတရားပင်​ဖြစ်​​လေ​တော့သည်​။
"မမ....;ဘာ​တွေ​အိပ်​မက်​မက်​ပြီး​ယောင်​​အော်​​နေ တာလဲ။"
အိပ်​မက်​မက်​​နေ​သောကျွန်​မနိုးလာခဲ့​လေသည်​။ကောင်းမြတ်​​သောအိပ်​မက်​ပင်​ဖြစ်​လှ​ပေသည်​။ပြန်​​တွေး ရင်းဖြင့်​ တစ်​​ယောက်​တည်းပြုံး​နေမိ​တော့သည်​။
 အိပ်​ယာထ၊​ရေမိုးချိုး၊အဝတ်​အစားလဲ၍နံနက်​စာ​စားရင်း စာသွားမသင်​မီ ကျွန်​မ၏ဖုန်းစုတ်​က​လေးအားဖွင့်​ကာ ကျွန်​မ၏steemitအ​ကောင့်​အား ဖွင့်​ကြည့်​မိသည်​။
"အားပါး...ရထားတဲ့​ဒေါ်လာများ SBDနှင့်
Steem​ဈေးကျ၍​တော်​​တော်​​လျော့​နေပါတကား။"
အိပ်​မက်​နှင့်​ခြားနားလှ​ပေစွ။သို့​ပေမယ့်​ကျွန်​မတို့သည်​ steemitခရီးရှည်​ကြီးအတွက်​အိပ်​မက်​များစွာ၊​မျှော်​လင့်​ချက်​များစွာဖြင့်​ ဆက်​လက်​ချီတက်​ရ​ပေဦး​ပေမည်​။
၎င်းအိပ်​မက်​များအား အားထုတ်​မှူဝီရိယ​ပေါင်းများစွာ ဖြင့်​​အောင်​မြင်​မှူပန်းတိုင်​ဆီသို့ အ​ရောက်​လှမ်းရ​ပေဦး မည်​။
မိမိတို့၏အိပ်​မက်​များအား လက်ေ​တွ့ဘဝတွင်​အမှန်​တကယ်​ဖြစ်​ထွန်း​အောင်​မြင်​​​စေရန်​ မဆုတ်​မနစ်​​သောဇွဲ၊ လုံ့လဖြင့်​ကြိုးစားရ​ပေဦး​​တော့မည်​။
steemitပင်​လယ်​ကြီး၌ကြိုးစားကူးခတ်​​နေရင်း လှိုင်းတံပိုးမုန်​တိုင်းများနှင့်​လည်း ကြုံ​တွေ့နိုင်​သလို၊ ​ညင်​သာ​သော​ရေစီးများနှင့်​လည်း ကြုံ​တွေ့နိုင်​​ပေသည်​။
မည်​သည့်​အခက်​အခဲမျိုးကို မဆိုရင်​ဆိုင်​​ကျော်​လွှား၍ မိမိတို့၏ကိုယ်​ပိုင်​အ​ရေးအသားများဖြင့်​စာ​​ရေးခြင်း အနုပညာအားမှတ်​​ကျောက်​တင်​ခံနိုင်​​အောင်​ ကြိုးစား ကြရ​ပေမည်​။ကျွန်​မတို့အားလုံးက​လောင်​တံတ​ချောင်း လက်​ကိုင်​ထားကာ ကျွန်​မတို့၏ကမ္ဘာ​လောကကြီးအား သာယာ​အောင်​ဖန်​တီးကြပါစို့ဟု တိုက်​တွန်းလိုက်​ရပါ​သည်​။

    MSC မိသားစုဝင်​များအားလုံး မိမိတို့၏အိပ်​မက်​များအား အ​ကောင်​အထည်​​ဖော်​နိုင်​ကြပါ​စေဟု ဆန္ဒပြုရင်း အိပ်​မက်​တစ်​ခုအားအ​ခြေခံ၍ အ​တွေးတစ်​စဖြင့်​ အိအိခိုင်​ခံစား​ရေးဖွဲ့ပါသည်​။

@eieikhing
MSC No.173

image

Credited from google images.

Sort:  

စာသား​တွေတကယ်​ကို​ကောင်းတယ်​ အမ​ရေ....။အား​ပေး​နေတယ်​။

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်​။

ဖတ်လို.ကောင်းပါတယ် အားပေးနေတယ်ညီမ

ဟုတ်​ကဲ့​ကျေးဇူးပါအစ်​ကို

This post has received a 1.84 % upvote from @drotto thanks to: @eieikhing.

ဘယ်​လိုပင်​ကြမ်းတမ်းပါ​စေ ​ရောက်​​အောင်​ mscနဲ့သွားမယ်

ဟုတ်​ကဲ့။တူတူကြိုးစားကြတာ​ပေါ့။

Thank you eieikhing for making a transfer to me for an upvote of 1.22% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

Release the Kraken! You got a 0.98% upvote from @seakraken courtesy of @eieikhing!

You got a 4.17% upvote from @nado.bot courtesy of @eieikhing!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

This post has received a 2.33% upvote from @lovejuice thanks to @eieikhing. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

အိပ်မက်တွေကိုတူတူအကောင်အထည်ဖော်ကြမေ :D

ဟုတ်​ကဲ့မဇင်

Congratulations! This post has been upvoted from the communal account, @minnowsupport, by eieikhing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58679.35
ETH 3155.04
USDT 1.00
SBD 2.44