Wish (Chapter 1)
ခုတလော ဘာဖြစ်နေမှန်း မသိပေ။ တခုခု ဖြစ်ချင်နေမှန်းတော့ သိ၏။ သို့ပေမယ့် ဘာဖြစ်လို့ ဖြစ်ချင်မှန်းကို မသိနေပေ။ ရုပ်ပိုင်းဆိုင်ရာ အရ နေကောင်း ကျန်းမာနေသူ တယောက် ဖြစ်သော်လည်း စိတ်ပိုင်း ဆိုင်ရာ အားဖြင့် တခုခု ဖြစ်နေသည်ဟုတော့ မိမိ ကိုယ်ကို သိ၏။ ခက်တာက ဘာဖြစ်နေမှန်း မသိခြင်း ဖြစ်၏။ သင်တန်းတွေ ပုံမှန်သွား၏။ လုပ်စရာ ရှိသည့် လုပ်ငန်းတာဝန်များကိုလည်း မပျက်မကွက်နှင့် လုပ်၏။ သို့ပေမယ့် စိတ်က အနည်းငယ် ဝေလေလေ ဖြစ်ချင်နေ၏။
တခါသားမှ မိမိ ရှင်သန် နေထိုင်ခြင်းနှင့် ပတ်သက်ပြီး မေးခွန်း မထုတ်ခဲ့ဖူးပေ။ သို့ပေမယ့် ယခု ရက်ပိုင်းမှာတော့ ထိုအကြောင်းကို သေချာလည်း စဉ်းစားနေမိ၏။ ဘ၀မှာ ပျော်ပျော်နေထိုင်ဖို့ကို မိမိ ကိုယ်ကို လူမှန်း သိတတ်စကလည်းက ဆုံးဖြတ်ထားပြီးသား၊ ရွေးချယ်ထားပြီးသား။ ခုထိလည်း ပျော်အောင် နေ၏။ နောင်လည်း ပျော်အောင်နေထိုင် ဦးမည် ဖြစ်၏။ သို့ပေမယ့် ကိုယ်တယောက်ထဲ ပျော်နေရုံဖြင့် မရသေးပေ။ လူဆိုတာ အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်နှင့် မလား။ မိသားစု အတွက်လည်း ထည့်တော့ စဉ်းစားဖို့ လိုသေးသည်ကိုး။
ထိုသို့ ပြောသဖြင့် မိသားစုကို ဂရုမစိုက်သူ တကိုယ်ကောင်းသမားဟု မထင်ကြစေလို။ မိသားစုကို တခါသားမှ ဒုက္ခ မပေးခဲ့ဖူးပေ။ ကျနော့်ကြောင့် စိတ်ညစ်ခဲ့ရသည် ဆိုပြီး သိပ်မရှိလှပေ။ တက္ကသိုလ် တက်နှစ် သာမန်ထက် ရှည်ကြာသွားသဖြင့် ငွေကြေးအားဖြင့်သော်လည်းကောင်း၊ မိဘများ၏ စိတ်ခံစားမှု အပေါ် သက်ရောက်မှု အနည်းငယ်တော့ ရှိခဲ့၏။ ထိုက်သင့်သလောက်တော့ မိသားစု အထူးသဖြင့် မိဘများကို ပျော်ရွှင်အောင် ထားပေးခဲ့ပါ၏။ သို့ပေမယ့် ယခုထက် ပိုမိုပြီး ပျော်အောင် ထားလို၊ ထားချင်သေး၏။
တကိုယ်ရေ တကာရ ဘာအပူအပင်မှ မရှိဘဲ သာသာယာယာ နေနိုင်လွန်းလှသော ကျနော့်ကို အမေက စိတ်ပူလေ့ ရှိ၏။ ငါ သေသွားရင် မင်း ဘယ်လို နေမှာလဲ။ မင်း အမတွေက သူတို့ အလုပ်နှင့် သူတို့ အခြေကျနေပြီ၊ မင်းပဲ။ ထိုစကားကို အမေသည် မကြာမကြာ ပြောလေ့ ရှိ၏။ အစပိုင်းကတော့ အမေ ထို စကားပြောတိုင်း စိတ်မကောင်း ဖြစ်ရ၏။ သို့ပေမယ့် နောက်ပိုင်းမှာ ကြားရဖန် များလာတော့ သိပ်ထူးထူးခြားခြား မခံစားနေရတော့ပေ။
အမေက ကျနော် စာသင်သည့် အလုပ်နှင့် ရေရှည် မရပ်တည် နိုင်မှာကို စိတ်ပူနေခြင်း ဖြစ်၏။ အင်းလေ မိဘ ဆိုတော့ စိတ်ပူမှာပေါ့။ ကျနော်ကလည်း အောင်မြင်သည့် သင်တန်း ဆရာ တယောက် အဖြစ်မှ မရပ်တည်နိုင်သေးကိုး။ ခုထိတော့ ကြိုးစားနေရဆဲ၊ လုပ်ရှား နေရဆဲကိုး။ အမေကလည်း ကျနော့်ကို စိတ်ပူသလို၊ ကျနော်ကလည်း အမေ့ကို စိတ်ပူ၏။ အဖေက မရှိတော့ဘူးကိုး။ အမေ တယောက်ဘဲ ကျန်၏။ အဖေ့တုန်းက ပြုစု လိုက်ရတယ် ဆိုပေမယ့် သေသေချာချာ ကောင်းကောင်း မွန်မွန်လေး မလုပ်ပေးလိုက်ရပေ။ အဖေ့ကို ဆုံးရှုံးလိုက်ရတုန်းက တော်တော်လေး ခံစားလိုက်ရ၏။ တချိန်ချိန်မှာ ကြုံရမည်ကို သိပေမယ့် တကယ့် တကယ် ကြုံလာတော့ ရင်ဆိုင်နိုင်ဖို့က အတော်လေး ခက်ခဲ၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
ကိုဒွန်ရေ... Unicode ပြောင်းလိုက်တော့... အားလုံးတန်တူ ဖြစ်သွားအောင်
သုံးမယ် ေျပာင်းမယ္နဲ့ မျေပာင်းရေသးတာ အကိုရေ။ နောက္ဆို unicode နဲ့ တင္ပါ့မယ္ဗ်။