Tired (Chapter 6)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Window တင်ပြီး driver packs ပါ သွင်းပေး၊ run ပေးလိုက်၏။ office 2016 ကိုတော့ နက်ဖြန်မှ သွင်းပေးတော့မည်။ ခွေက မပါလာဘူးကိုး။ window update နှင့် background data use များကို တပါတည်း ပိတ်ပေးလိုက်၏။ virus ပါလာသော Glasswire software မဟုတ်ပဲ အခြား Glasswire software သွင်းပေးလိုက်၏။ version တော့ နည်းနည်း နိမ့်၏။ သို့သော် data စားနေ၊ အသုံးပြုနေသည့် software များကို block ထားလို့ ရ၏။ Glasswire software က crack ပြီးသား version ကိုး။

Zawgyi font လည်း အဆင်ပြေအောင် တပါတည်း လုပ်ပေးလိုက်၏။ desktop ပေါ်မှာကော၊ browser တွေမှာကောပါ မှန်အောင် တပါတည်း လုပ်ပေးလိုက်၏။ အနှီ laptop ပိုင်ရှင် အကိုက နည်းနည်း ဂျီတိုက်တတ်၏။ ထို့ကြောင့် တပါတည်း ရအောင် လုပ်ပေးလိုက်ဖို့ လို၏။ Photoshop software သွင်းဖို့လိုသေး၏။ ထို software ကိုတော့ ဒီနေ့ည တပါတည်း သွင်းပေးလိုက်မည်။ အစောက ရှာရင်း ဖွေရင်းနှင့် ဆရာ မောင်ပေါက်၏ blog မှာ တင်ထားသည့် software တခု သွားတွေ့၏။ Photoshop cc 2019 ဖြစ်၏။ လက်ရှိ သူသုံးနေသည်က 2017 ဖြစ်၏။ တနေ့က ကျနော်တို့ window တင်ပြီး ပြန်သုံးသည်ကလည်း 2017 version ပဲ ဖြစ်၏။

Window အသစ် တင်ထားလက်စနှင့် ထို photoshop software ကို version အသစ် သွင်းပေးလိုက်ဖို့ ဆုံးဖြတ်လိုက်၏။ wifi (internet) လည်း ရသဖြင့် တခါတည်း down ပေးလိုက်၏။ 1.6 GB လောက်တော့ ရှိ၏။ window စတင် နေကတည်းက သူငယ်ချင်း ဆိုင်က စက်မှာ down ထားလိုက်၏။ window လည်း တင်ပြီး software လည်း အရပေါ့။ Photoshop သွင်း၏။ မရပေ။ အဘယ်ကြောင့်ဆိုသော် window က version နိမ့်နေတယ်တဲ့။ ကောင်းရော။ သို့နှင့် Photoshop version အနိမ့်သာ ပြန်သွင်းရုံပေါ့။ ထို အကိုကလည်း အသစ် အဆင်ပြေရင်တော့ အသစ်ကို သုံးချင်နေသည့်ပုံ။ သို့ပေမယ့် အဟောင်းလည်း ရပါတယ်ဟုသာ သူ့ခဗျာ ရသေ့ စိတ်ဖြေ ပြောရတော့၏။

P90330-124029.jpg

သို့ပေမယ့် ဒီနေ့တော့ ဆက်လုပ်လို့ မဖြစ်တော့ပေ။ ညလည်း (၁၀) နာရီ ထိုးခါနီးပြီကိုး။ သူငယ်ချင်းကလည်း ဆိုင်ပိတ်ချင်နေပြီလေ။ သူလည်း နားချင်မပေါ့။ ကျနော်လည်း လက်ကျန် software များကို သွင်းပေးပြီး ကိုယ်စီ အိမ်သို့ ပြန်ကြတော့၏။ ဒါတောင် ထိုအကိုက သူ ၀ယ်လာပေးသည့် (ပါဆယ် ထုပ်လာပေးသည့်) ထမင်းဗူး (၂) ဗူးကို (၁) ဗူးပဲ စားလို့တဲ့။ သူ ကျွေးသည့် အချိန်ကလည်း နောက်ကျနေပြီကိုး စားမှ မစားနိုင်တော့ပဲ။

ညဖက်ရောက်တော့ messenger ကနေ လာပြော၏။ Data မစားတော့ဘူးတဲ့။ အိုကေပြီတဲ့။ အမယ်လေး တော်ပါသေးရဲ့ ဟုသာ ကျနော့်မှာ အမောဖြေရ၏။ လုပ်လို့ မရသေးလျှင် သူလည်း စိတ်ညစ်၊ ကျနော်လည်း ပင်ပန်းသည် မဟုတ်လား။ နက်ဖြန်တော့ Photoshop သွင်းပြီးလျှင် ရပါပြီ၊ lightrom မသွင်းသေးလည်း ရသေးတယ်။ Photoshop ပဲ အဓိက သုံးတာ၊ နက်ဖြန် မနက် လက်ဖက်ရည်ဆိုင်မှာ ဆုံမယ်နော့် ဆိုပြီး တပါတည်း မှာသွားသေး၏။ အင်းလေ… နက်ဖြန်တော့ ပြီးမှာပါလေ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Laptop ၅သိန်းတန်လောက် ဘယ်ဟာ ကောင်းလဲဗျ

Posted using Partiko Android

ကိုဟိန်း ဘယ်နေရာမှာ သုံးမှာလဲ ပေါ် မူတည်တယ်ဗျ။
ရုံးသုံးပဲလား အခြား အတွက်လား ဂိမ်းလား ပေါ် မူတည်မယ်ဗျ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

The Steem blockchain survived its first virus plague!
Vote for @Steemitboard as a witness to get one more award and increased upvotes!

ကိုယ်တွေကတော့ စာရိုက်တာနဲ့ အင်တာနက်ကြည့်တာလောက်ဆိုရင်ရော ဘယ်ဈေးလောက်နဲ့ရမလဲ

ထိုင်းကဝင်​တဲ့ use အသစ်​အတိုင်းဘဲ ၃သိန်းတန်​​လောက်​ဆို i5​လောက်​ရတယ်​ အ​တော်​​ကောင်းတယ်

ကွန်ပျူတာ အကြောင်းဆိုတော့ သိပ်မနားမလည်ဘူး။အားပေးခဲ့ပါတယ်။

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60318.52
ETH 2983.06
USDT 1.00
SBD 3.78