Steemit Thought (Chapter 4)steemCreated with Sketch.

in #myanmar6 years ago (edited)

FB_IMG_1527335451652.jpg

Steem ဈေး ငြိမ်နေချက်က တောကောင်ကြီး တကောင် သားကောင် ချောင်းနေသည့် အလားပင် လုံးဝကို မလှုပ်မယှက်။ 2018 မှ 2019 သို့လည်း ကူးပြောင်းလာပြီ ဖြစ်၏။ January လတွင်းမှာတော့ ထူးခြားမှုလေးများ တွေ့ရမည် ထင်၏။ မျှော်လင့်ချက် ရောင်နီလေးများ သန်းလာပြီလားဟု ရသမျှ သတင်းလေးများကို စနည်းနာရတာလည်း အမောပင်။ တနေ့တနေ့ မှန်မှန်လေး စာရေးပြီး တင်နိုင်ဖို့ ကြိုးစားရတာလည်း အမော။ ခုနောက်ပိုင်း စာရေးရတာ သိပ်မခက်ပေ။ ခက်နေသည်က idea (အတွေး) ဖြစ်၏။ တခါတလေ အတွေး ခမ်းခြောက်သည့် ပြဿနာနှင့် ကြုံလျှင် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိပေ။

အတွေးတွေ ဖမ်းဆုပ်မရမှတော့ ရေးကွက်ဖော်ဖို့ကလည်း ခက်သွား၏။ ဤပြဿနာသည် ကျနော်တို့လို မတောက်တခေါက်လောက်သာ ရေးတတ်သည့် စာရူးလေးများတွင် ဖြစ်လေ့ ဖြစ်ထ ရှိသည့် ကိစ္စရပ် ဖြစ်၏။ သို့ပေမယ့်လည်း တကယ့် စာပေဂရုကြီးများတွင်လည်း ထိုပြဿနာမျိုး တခါတလေမှာ ကြုံတွေ့ရတတ်၏။ ထိုကဲ့သို့ အတွေးခမ်းခြောက်ခြင်းသည် တဒင်္ဂလည်း ဖြစ်တတ်သလို၊ ရက်ပိုင်းမှ၊ လပိုင်းအထိ ကြာတတ်၏။ နှစ်နှင့်ချီပြီး ကြာခြင်းမျိုးလည်း ရှိကောင်း ရှိနိုင်၏။ မိမိ အသုံးပြုသည့် ဖြေရှင်းနည်းပေါ်မူတည်ပြီး အချိန်အနည်းအများ ကွာသွားမည် ဖြစ်၏။

စာပေရေးသားသူ တဦး အနေဖြင့် သာမန် စာဖတ်သူထက် ပိုတွေးတောနိုင်ဖို့လို၏။ အလကားနေ အလကား၊ မဟုတ်က ဟုတ်က တွေးနေခြင်းမျိုးကို မဆိုလိုပေ။ ဒီအတိုင်း ဘာမှ မလုပ်ပဲ အတွေးနွံ့ထဲ နစ်မျောနေခြင်းမျိုးကိုလည်း မဆိုလိုပေ။ ကိစ္စတခုကို ရှုထောင့် တခုတည်းမှ မတွေးပဲ ဘက်ပေါင်းစုံမှ တွေးမိဖို့ လို၏။ အများတွေးသလို မတွေးပဲ ဖောက်ထွက်တွေးဖို့ လို၏။ သာဓက ပြရလျှင် ဆရာ ချစ်ဦးညို၏ လကာင်္ဒီပ ချစ်သူကို နမူနာ ပြရပေလိမ့်မည်။ ဆရာချစ်ဦးညိုသည် ရာမဇာတ်တော်ကြီးကို အခြားသူများ တွေးသလို၊ တင်ပြသလို မတင်ပြပဲ ရှုထောင့် ဇာတ်ကောင် နေရာပြောင်းပြီး တင်ပြလိုက်သည် မဟုတ်လား။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

ဆရာချစ်ဦးညို၏ တင်ဆက်ပုံကြောင့် ဒသဂီရိ၏ အခန်းကဏ္ဍသည် တမျိုး တဖုံ ပြောင်းလဲ သွားသည် မဟုတ်လား။ ဤသည်ကား ဖောက်ထွက်တွေးခြင်း၏ အကျိုးကျေးဇူးပင်။ Apple ဖခင်ကြီး Steve Job ၏ ဆောင်ပုဒ် စကားလေးလိုပေါ့။ ဘာတဲ့ Think Different ဆိုလား။ Apple ဆိုပြီး အခိုင်အမာ ဖြစ်လာစေဖို့ တွန်းအားပေး၊ အစပြုခဲ့သည့် စကားလေးပင် မဟုတ်လား။ ဤနေရာတွင် အတွေးနှင့် ပတ်သက်ပြီး ကျနော် (၁၀) တန်းတုန်းက Chemistry ကျူရှင်သင်ပေးသည့် ဆရာ၏ စကားလေးကို ဖောက်သည် ချလို၏။

တနေ့ စာသင်နေရင်း ဆရာက အကြောင်းအရာတခုကို ပြောပြ၏။ ဆရာက စာသင်ချိန်တွင် စာချည်းချည်းပဲ သင်ခြင်းမျိုး မဟုတ်ပဲ။ ကျောင်းသားများ သင်ခန်းစာကြောင့် အတန်ငယ် ငြီးငွေ့ လာပြီထင်လျှင် စိတ်ဝင်စားဖို့ ကောင်းသော အကြောင်းအရာများ၊ ကျောင်းသင်ခန်းစာနှင့် ပတ်သက်သည့် ဗဟုသုတများ၊ ဟာသများကို ပြောပြလေ့ ရှိ၏။ ထိုနေ့က အတွေး၊ အမြင်နှင့် ပတ်သက်ပြီး ဆရာက ပြောပြခြင်း ဖြစ်၏။ အကောင်းမြင်စိတ် (positive thinking) နှင့် ပတ်သက်ပြီး ပြောခြင်း ဖြစ်၏။ လူအများက positive thinking ကို ပိုမိုနှစ်သက် လိုလားကြကြောင်း၊ မိမိ ကိုယ်တိုင် positive thinker တဦး ဖြစ်လိုသည့် အပြင် မိမိ ပတ်ဝန်းကျင်မှ လူများကိုလည်း positive thinking ဖက်သို့သာ ပိုမို အလေးပေး စဉ်းစား ဦးစားပေးလိုကြ၏။ ဆရာက positive တော့လည်း positive ပေါ့၊ ဒါပေမယ့် negative ကိုလည်း မေ့ထားလို့ မရဘူးလေ။ ပိုမို ခရီးရောက် ခရီးတွင်အောင် ကား၊ဆိုင်ကယ် တွေ ထွင်ကြတယ်။ ဒီထက် ပိုပြီး ခရီးရောက်အောင် လေယာဉ်ပျံ ထွင်ကြရော။ ဒါဟာ အကောင်းဖက်ကို ဦးတည်ဖို့ အကောင်းတွေးပြီး ကြံဆတာပေါ့။

ဟုတ်ပြီ လေယာဉ် ထွင်လိုက်ပြီ။ မတော်တဆ လေယာဉ် ပျက်ကျရင် ဘယ်လို လုပ်မလဲ ဆိုပြီး negative sense ရှိသူက ပြောတယ် ဆိုပါစို့။ ကဲ သူ့ အပြော သူ့ အကြံကြောင့် လေယာဉ် ပျက်ကြရင် အဆင်ပြေဖို့ လေထီး ထွက်လာ၊ ထွင်လိုက်ကြရောပေါ့ကွာ။ ဒါကြောင့် positive က အရေးကြီးတယ် ဆိုပေမယ့် negative ကလည်း လိုအပ်တယ်ကွ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Though ဆိုသည်မှာ...

Posted using Partiko Android

T မေ့သွားတယ်ဗျ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 3500 comments. Your next target is to reach 4000 comments.

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemWhales has officially moved to SteemitBoard Ranking
SteemitBoard - Witness Update

Support SteemitBoard's project! Vote for its witness and get one more award!

အမြဲဒွန်တွဲနေတဲ့ သဘောတရားပါဘဲ ကိုဒွန်

တခါတလေ အတွေးတွေကို လိုက်ရှာနေရတယ်လေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63294.77
ETH 2638.69
USDT 1.00
SBD 2.70