Keep (Chapter 1)steemCreated with Sketch.

in #myanmar7 years ago

FB_IMG_1527335451652.jpg

နွေ၏ သရုပ်ကတော့ တဖြည်းဖြည်း ပီပြင်လာနေပြီ ဖြစ်၏။ စကတည်းက ယဉ် ဆိုသလို၊ ဇာတ်လယ်မှာတော့ အတော်လေး အသုံးတော် ခံပြမည့်ပုံ ရှိ၏။ အညာနွေတော့ မသိ၊ တောင်ပေါ်နွေတော့ အတော်လေး ပူနေပြီ ဖြစ်၏။ ဒါတောင် နွေအစ ( နွေဦး) ပဲ ရှိသေး၏။ ညနေဖက်နှင့် ညဖက်တော့ အတန်ငယ် အေး၏။ ဒါကလည်း တောင်ပေါ်သားတွေ အတွက်တော့ အေးတယ် ဆိုရုံလေးပါ။ ရန်ကုန်မှာ နေပြီး တောင်ကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အသိ ဆရာဝန်ကတော့ ပြော၏။ တောင်ကြီးလည်း ပူတာပဲနော်တဲ့။ ညဖက်တော့ နည်းနည်းအေးလို့ တော်သေး။ သိပ်မအေးဘူး ဆိုပေမယ့်လည်း ခုအေးပုံလေးက ရန်ကုန်ဆောင်းလောက်တော့ ရှိပါသေးတယ်။ တောင်ပေါ်နွေ ရန်ကုန်ဆောင်းပေါ့။

ကျနော်လည်း မည်သို့မှ မှတ်ချက် ပြန်မပေးလိုက်ပဲ ဒီအတိုင်းလေး အလိုက်သင့် ခေါင်းညိတ်ပြီး ပြုံးကာနေလိုက်၏။ တောင်ကြီး၏ ယခင် ရာသီ ဥတုက ဒီလို မဟုတ်တာကိုတော့ ကျနော် တခမ်းတနားကြီး ပြန်လည်ပြီး ရှင်းပြမနေတော့ပေ။ သေချာတာတော့ တောင်ကြီး နွေသည် ယခင်လို မဟုတ်တာတော့ အသေအချာပင်။ ဘယ်အရာမှ မမြဲဆိုသည့် သဘောတရားလိုပေါ့။ သဘာဝတရားနှင့် ရာသီဥတုသည် ဆက်စပ်မှု ရှိ၏။ သဘာဝတရားကြီးသည် ရာသီဥတုကို ဖန်တီးပေးထား၏။ ထို သဘာဝတရား ဖန်တီး ပေးထားသည့် ရာသီဥတုကို ကျနော်တို့ လူသားများက အသွင်ပြောင်းပေးလိုက်ကြ၏။ ကောင်းသော ပြောင်းလဲ ပေးခြင်းမျိုးတော့ မဟုတ်ပေ။ မကောင်းသော ပြောင်းလဲခြင်းမျိုးသို့ ပြောင်းပေးလိုက်ခြင်း ဖြစ်၏။

လူသားတွေ၏ ပယောဂကြောင့် ရာသီဥတုတွေ ဖောက်ပြန်ကုန်၏။ ဆိုးရွားကုန်၏။ ထိုအကျိုးဆက်ကို လူသားများသာ ပြန်ခံရ၏။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်မဟုတ်လား။ မိခင် သသာဝတရားကြီးကတော့ ထိုအဖြစ်ကို ရင်နာနာနှင့်သာ ကြည့်နေရတော့၏။ သူလည်း ဘာမှ မလုပ်ပေးနိုင်ပေ။ ထိုက်သင့်သလောက် သူ အရင်းအနှီး ထုတ်ပေးခဲ့ပြီးပြီ မဟုတ်လား။ တိုးပွားအောင်၊ မပျောက်ပျက်အောင်၊ ရေရှည်တည်တံ့အောင် လုပ်ရမည်မှာ ကျနော်တို့ တာဝန် မဟုတ်လား။ လူသားများက ထိုတာဝန်ကို မေ့လျော့နေ၊ ပျက်ကွက်နေကြတော့ သဘာဝတရားကြီး ခဗျာ မျက်ရည်နှင့် မျက်ခွက်ပေါ့။

P90215-134514.jpg

တည်ဆောက်ခြင်းတွေက ခက်ခဲပေမယ့် ကြာပေမယ့် ဖျက်ဆီးဖို့က လွယ်ကူသည် မြန်ဆန်သည် မဟုတ်လား။ ကျနော်တို့ လူသားအများစုက သိသိရဲ့နဲ့ကော၊ မသိပဲနဲ့ကော သဘာဝတရားကြီးကို ဖျက်ဆီးမိနေ၏။ သိသိရဲ့နဲ့ လုပ်နေသူတွေက အစကတည်းက ရပ်ဖို့ အစီအစဉ် မရှိပေ။ မသိပဲ လုပ်မိသူတွေက သိရှိသွားပြီးနောက် အချို့လည်း ပြန်လည် ပြင်ဆင်ကြသလို၊ အချို့လည်း မထူးပါဘူးကွာ ပျက်နေပြီးပြီပဲကို ဆိုပြီး ထပ်ကာ၊ ဆက်ကာ ဖျက်နေ၊ လုပ်နေတော့၏။ နည်းနည်း လေးပဲ မသိသာပါဘူးကွာ ဆိုပြီးတော့ပေါ့။ ထို အတွေးက ပိုပြီး ဆိုးစေ၏။

အနာ သေးသေးလေး တခုလိုပေါ့။ သေးနေတုန်း ကုသလို့ ရတုန်း ကုထားဖို့ လို၏။ ထိုသို့ မဟုတ်ပဲ ဂရုမစိုက်ပဲ နေ့ရှိသရွေ့ မကြာမကြာ မသိမသာ ထိုအနာလေးကို သွားသွား ကလိလိုက်၊ အပူ အအေး အညှော် မရှောင်ပဲ နေချင်သလို နေက ထို အနာသေးသေးလေးက ဒုက္ခ အကြီးကြီး ဖြစ်သွား၊ ပေးသွားနိုင်၏။ အပ်နှင့် ထွင်းရမှာကို ပုဆိန်နှင့် ထွင်း ဆိုသလိုပေါ့။ သေးနေတုန်းက ဂရုစိုက်ပြီး သေချာ ပြင်ဆင် ထိန်းသိမ်းလျှင် ထိုမျှထိ ဖြစ်လာစရာ အကြောင်း မရှိဘူး မလား။ အချိန်လွန်သွားမှတော့ ဘာမှ လုပ်မရတော့ပေ။ အနာက လက်မှာဆို လက်ဖြတ်၊ ခြေမှာဆို ခြေဖြတ်နှင့် ဆုံးရှုံးမှုတွေသာ ဖြစ်စေနိုင်သည် မဟုတ်လား။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ရာသီဥတု ကပိုပိုဆိုးရွားလာတယ်။

Posted using Partiko Android

အမှန်ပဲ ဗျ

Keep up your good job😁😁😁

Posted using Partiko Android

Yeah
You too Bro

လက်လွတ်စပယ် မနေသင့်ဘူးပေါ့လေ

ဟုတ်တယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

3 years on Steem - The distribution of commemorative badges has begun!
Happy Birthday! The Steem blockchain is running for 3 years.
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61240.63
ETH 1620.29
USDT 1.00
SBD 0.42