ရှေးနဲ့မတူသောအား

in #myanmar5 years ago

ရှေ့မှာ တောင်ကုန်းလေး ခပ်ပုပု တွေ့ပြန်ပြီ ကျွှန်တော်ဆက်မတက်ပါဘူး ။ တက်ခဲ့ပြီးတဲ့ တောင်ကုန်းတွေပေါ်ကပါ ခုန်ချပစ်လိုက်တယ် ။ တစ်တောင်ဆုံးရင် တစ်တောင်ဆက်တက်တဲ့ ကဗျာနဲ့ မတူတော့ဘူး ။ အခြေအနေတွေပြောင်းလာသလို လမ်းတွေလဲ များလာပြီ ။ မြေပြန့်ပေါ်ထိပါ ခုန်ဆင်းလိုက်ပြီး ကတ္တရာ လမ်းကလေးကနေ ဆက်သွားလိုက်တယ် ။ ပိုပြီး အဆင်ချောရင် လမ်းကြုံကားလေးပါ စီးနိုင်သေးတာပေါ့ ။ ခရီးရောက်တော့ တစ်ကယ်သွက်တယ် တောင်တွေ တက်ခဲ့မိတာလဲ နှမျောတယ် ။


hillroad.jpg
Image source

မူးတတ်သူတွေအဖို့ လှိုင်းလေ တွေကြား ခရီးရှည်ကြားမှာ အနီးကိုကြည့်နေရင် အမူးပိုသတဲ့ ။ အဝးကြီးကို ကြည့််ပြီးနေတာက အဆင်ပြေပါတယ် ။ ကိုယ်နဲ့ အလှမ်းဝေးနေပေမဲ့ ရှုခင်းတွေက သာယာတယ်လေ ။ အဝေးကနေဘဲ ငေးနေဆဲပါ ။ မလှမ်းနိုင် မခြူရက် နီးစပ်ဖို့အတွက် ဘယ်လိုဝေးဝေး မျှော်ကြည့်နေဆဲပါ ။ တောင်ပံတွေ ခပ်လို့ရပေမဲ့ ကိုယ်က ပျံလို့ရတဲ့အကောင်မှ မဟုတ်ဖဲလေ ။ အမြင့်ပျံနိုင်သူတွေလိုတော့ ဘယ်သွားလို့ ရပါလိမ့်မတုန်း ။ ဒါပေမဲ့ မျော်ကြည့်ခွင့်တော့ ရှိပါတယ်လေ ။


ocean waves.jpg
Image source

လေညှင်းလေးတွေက သာယာတယ် ။ လေပြေလေးတွေကိုတောင့်တကြတယ် ။ လေမုန်တိုင်းတွေ လာမှာကိုတော့ မနှစ်သက်ကြပြန်ဘူး ။ လေတော့ လေပါဘဲ အားလေးပိုသွားတာပါ ။ အားစိုက်လွှန်းပြန်ရင်လဲ အဆင်မပြေပြန်ဘူးလေ ။ ရေတစ်ခွက် ခပ်ခဲ့ဦး ဆိုတာချင်းတူတူ ရိုးရိုးလေး ဆိုတာနဲ့ အားစိုက်ပြီး ပြတ်ပြတ်ဆိုတာနဲ့ ရိုက်ခတ်မှုချင်း တူနိုင်ပါ့မလား ။ ရေဟာ သာမာန်ထိရင် ဘာမှ မဖြစ်နိုင်ပေမဲ့ လှိုင်းရဲ့ အင်အားတွေနဲ့ ရိုက်ခတ်ရင်း ကျောက်ဆောင်တွေကို ဖြိုချနေတာဘဲလေ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အ‌ဝေးကို‌မျှော်‌ကြည့်‌ရင်းကြိုးစားေ လျှာက်‌‌နေပါတယ်‌ကိုဒို‌ရေ။

ဒီလိုနဲ့ တစ်ရွှေ့ရွှေ့ပါဘဲအကို

တိုတိုလေးဆိုပေမဲ့ အဓိပ္ပာယ်တွေပြည့်နပ်လို့

တစ်​ခါတစ်​​လေအ​ဝေးကကြည့်​ရတာပိုအဆင်​​ပြေပါတယ်​....

Posted using Partiko Android

အဝေးကြီးက ကြည့်နေသည် ။

ဟ ဟ ဟ လုပ်လှချေလား မုန်တိုင်းတွေပြီးရင်း
လေပြေလေညင်းတွေ လာပါတယ်လေ

အယ်လဲ့ ဟန်ထွန်းလေသံလေးနဲ့ လုပ်လိုက်ပါ ။

အနီးကြည့် အဝေးကြည့်
ခံစားကြည့်မိတော့
သာယာတာရော ရင်လိုက်ဆူမော
ဘဝတောက အမျိုးမျိုး ပါတကား

Posted using Partiko Android

အညိုးညိုးသော ဘွဟာယေ ခ်ခ် ။

လူဘဝဆိုတာ
လူတိုင်းအမြင့်​ကို​ရောက်​​အောင်​ကြိုးစားပြီး
နောက်​ဆုံး​တော့​အောက်​ဆုံး​ရောက်​​အောင်​ဆင်းရတာပါဘဲ၊

ဟုရယ် နော့ ဥယု တောင်တက်လမ်းထက် တစ်ခါတစ်လေ တောင်ပတ်လမ်းက ချောပြီး အရင်ရောက်တယ် ။

မိရိုးဖလာ ခြံစိုက်သမားတွေရဲ့သားက ဘဝကို ပြောင်းလဲချင်လို့ ကြိုးစားလိုက်တာ ပါမောက္ခကြီး ဖြစ်သွားတယ် နောက်ဆုံး ဘဝနေဝင်ချိန်မှာတော့ ခြံစိုက်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းသွားပြန်တယ်

Posted using Partiko Android

ဟုတ်

ဘယ်နေရာကိုကြည့်ကြည့် လှလိုက်တဲ့ ရှုခင်းဆိုပြီး ခံစားတတ်မှ တကယ့်အလှစစ်ကိုရမှာ ဒိုမီရ အလှသက်သက်ကိုလိုက်မရှာနဲ့ ကံတော်ကုန်ရုံပဲရှိလိမ့်မယ် ဘာကိုလဲဆိုတာမမေးနဲ့ နင်ပြောနာ ငါနားလည်တယ် အလှကိုပဲ ဖွေရှာပါ ခက်ခဲတာကိုက လူ ပဲဟ မတူညီတာကလည်း လူပါပဲ

ဟုတ်

Congratulations @domelay! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 1000 as payout for your posts. Your next target is to reach a total payout of 2000

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Be ready for the next contest!
Trick or Treat - Publish your scariest halloween story and win a new badge

Support SteemitBoard's project! Vote for its witness and get one more award!

အဝေးဆုံး.. အဝေးဆုံး.. အဝေးဆုံးမှာ....😁😁

Posted using Partiko Android

အဲ့ဂလောက်ကြီးဝေးသွားယားဟင်

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 62482.14
ETH 3044.68
USDT 1.00
SBD 3.76