Steem power ဘယ်လိုစုခဲ့သလဲ (1)

in #myanmar7 years ago (edited)

DQmeBMi35CJ3SrfLy1aVRWy4XjsS4Au6a24gTyfYq4w3UkG_1680x8400.jpg

စတီးမစ်လမ်းမကြီးထက်က မြန်မာညီအစ်ကိုမောင်နှမများ အားလုံး မင်္ဂလာပါခင်ဗျာ

ဒီနေ့အတွက်တော့ မနေ့က အမေးလေးကို ဖြေဆိုပါ့မည်။ဒီအမေးကို ဖြေဆိုရန်အတွက် မိမိကိုယ်မိမိအလွန် ရှက်ရွံ့မိသည်က အမှန်ပင်ဖြစ်လေသည်။တကယ်တမ်း မိမိပိုင်ဆိုင်ထားသည့် စတင်းပါဝါသည်ကား ပြောပလောက်အောင် မရှိသေးဟုထင်ပါသည်။တကယ်လည်းမရှိသေးပါ။
မိမိမျှော်မှန်းထားသည့် အခြေအနေသို့လည်း မရောက်သေးပါး။ပန်းတိုင်သုံးခု သုံးအချိုးတစ်နဲ့သွားနေသော မိမိရည်မှန်းချက်သည် ပထမပန်းတိုင်ကိုပင် တစ်ဝက်မကျိုးသေးပါ။
သို့သော် အခြားရေးစရာလည်း မရှိသေး။ညီငယ်လေးရဲ့အမေးကိုလည်း ဖြေဆိုရန်လိုအပ်သောအကြောင်းရင်း တစ်ချို့ရှိသည်ဟု ခံယူမိသောကြောင့် သာ ယခုလိုရေးသားရခြင်းဖြစ်လေသည်။

ဒါကတော့ စတီးမစ်ကိုစတင်ဝင်ရောက်သည်မှ ယနေ့အချိန်
အထိ ဖြစ်ကြောင်းကုန်စင်တော့မဟုတ်ပါဘူး။ပါဝါပိုင်းနဲ့ပါတ်သက်ပြီး မှတ်မိသလောက် လုပ်ဆောင်ခဲ့ပုံလေးကိုသာ
ပြန်ပြောပြမှာဖြစ်ပါတယ်။ ကျွန်တော် စတီးမစ်ကို နှစ်ထောင့်ဆယ့်ခွန်ရှစ်လပိုင်းအစတုန်းက စတင်ဝင်ရောက်ခဲ့တာ
ဖြစ်ပါတယ်။ဝင်ရောက်ပြီး တစ်ပါတ်လောက်ကစလို့ ပရိုရနေပါပြီ။ အဲ့တုန်းက လူအင်အား ရှိလှငါးဆယ်ဝန်းကျင်ဖြစ်မယ်
ထင်ပါတယ်။နေ့စဉ်စာရေးသူ နှစ်ဆယ်ကျော်လောက်ပေါ့။ပရိုတစ်ပုဒ်ကို ခြောက်ဒေါ်လာလောက်ကနေ ဆယ့်နှစ်ဒေါ်လာ
အထိရခဲ့ဖူးပါတယ်။အစဆိုတော့ ဘာဆိုဘာမှမသိပါဘူး။အခုလဲသိပြီလား မသိသေးပါ နေ့စဉ်လေ့လာသင်ယူနေတုန်းပါဘဲ။
အခုလောက်မသိသေးဘူးပြောတာပါ။အဲ့တုန်းကအဖြစ်ကတော့ တကယ်အမှတ်တရတလွဲများပေါ့ဗျာ
ကိုယ်ရတဲ့ဒေါ်လာလေးတွေ မြန်မာငွေဘယ်လောက်တန်လဲ မသိပါဘူး။မမေးမိပါဘူး။ ဖေ့ဘုတ်သုံးလာပြီးဖေ့ဘုတ်နဲ့တူ
တဲ့စတီးမစ်ကိုသုံးလိုက်တာ ငွေရတယ် ဒေါ်လာရတယ်ဆိုတော့ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ရတာလေးကြည့်ပြီးပျော်နေရ
တဲ့အချိန်လေးတွေပေါ့။

ပထမဆုံးပို့စ်တင်ပြီး တစ်ပါတ်ပြည့်လို့ ငွေတွေဝင်လာတာကိုလဲမသိပါဘူး။ ပိုက်ဆံအိတ်ထဲမှာ တစ်လစ်တစ်လစ်ဖြစ်နေ
တာလေးကို သွားနှိပ်မှသူ့နေရာသူရောက်မယ်ဆိုတာလဲမသိပါဘူး။ထိုစဉ်ကတည်းက စကားအပြောအဆိုနည်းသည့် နှုတ်
စိတ်သည့် ကျွန်တော့်အားနည်းချက်ရဲ့အဖြေတစ်ချို့ပါဘဲ။နောက်ထပ်အလွဲတစ်ခု လုပ်မိပါသေးတယ်။ စတင်းပါဝါထဲငွေစ
အချို့ရောက်လာတယ် ဒါပေမယ့် အက်ဘီဒီ ဘာမှန်းမသိပါဘူး စတင်းပါဝါ ဘာမှန်းမသိပါဘူး ဘယ်လိုအသုံးချရတယ်ဆို
တာသိဖို့ အတော်ကိုဝေးပါသေးတယ်။ဟိုခလုတ် စမ်းနှိပ် ဒီခလုတ်စမ်းနှိပ် ဒါလောက်ပါဘဲ။ အနှိပ်ကောင်းလို့ စတင်းပါဝါ
လေး တစ်ဆယ်တောင်မပြည့်သေးတာကို ပါဝါဒေါင်းဆိုတာကြီးပေါ်လာတာ ခုနှစ်ရက်ပြည့်အောင် စောင့်ကြည့်ဖူးပါတယ်
ကိုယ်ထင်တာက အဲ့ဒီလိုပါဝါဒေါင်းထားပြီးသွားရင် ကိုယ့်ရဲ့ပါဝါအားပြည့်လာမယ်။ပါဝါတက်လာမယ်။အဲ့ဒီလိုကိုမှတ်ယူခဲ့
တာပါ။အနီးအနားအပြင်မှာ မေးရအောင်ကလည်း ကိုယ်နဲ့ကိုယ်သာတစ်ယောက်တည်းရယ်လေ။ စတီးမစ်ဆိုတာကြား
တောင်မကြားဖူးဘူး။ကိုယ့်ရှေ့နောက်ဝဲရာ မိုင်ငါးရာပါတ်လည် ဘယ်သူမှစတီးမစ်အကြောင်းမသိဘူး။

ဒီလိုနဲ့တစ်လကျော်သွားသည့်အခါ စတင်အခြေကျလာသည်လို့ တိုတိုနဲလိုရင်းကိုသာပြောလိုက်ပါတော့မည်။
ပရိုတင်ရင်းတစ်ချို့ကိုယ့်ထက်ပိုရတာကိုသတိထားမိလာတယ် စီနီယာကြီးတစ်ယောက်ဆိုရင်အားလုံးထက်သုံးဆခန့်
အမြဲပိုရနေတာကိုသတိထားမိပြီး သူ့ကိုစောင့်ကြည့်ခဲ့ပါတယ်။ဆယ်ရက်လောက်နေတော့အဖြေရတယ်ပေါ့ ။ဘုတ်တွေ
ဝယ်လို့ရတယ် စသိပြီ။ဘယ်လိုဝယ်ရသလဲ တစ်ဆင့်တက်ပြီးလေ့လာရပါတယ်။ဒါလဲဆယ်ရက်လောက်ကြာပါတယ်။
အစ်ကို တစ်ယောက်ရေးထားတဲ့ ဘုတ်သုံးနည်းပို့စ်လေးတွေ့တယ်။ အဲ့ဒီအတိုင်းလိုက်လုပ်တယ် ။တစ်ခါလွဲ နှစ်ခါလွဲ ။
နောက်ဆုံးအဆင်ပြေသွားတယ်။ အဲ့ဒီကစလို့ ဘုတ်စတားဆိုတာကို အမြဲလိုသုံးခဲ့ပါတယ်။ ခုချိန်ခါလို လိုသလောက်မရပါဘူး။
တစ်ပါတ်ကို တစ်ယောက်ဘယ်လောက် ၀ယ်နိုင်သည် ဒီလိုလာတာပါ။စာပုံမှန်လေးတော့ရေးတယ် ဘုတ်လေးတွေလဲသုံးတယ်
ပေါ့။ဘုတ်သုံးရင်မြတ်တယ် ရှုံးတယ် မသိပါ မတွက်တက်သေးပါ။ အချိန်တန်ရင်ဘုတ်လုပ်တယ် ဒေါ်လာတွေတက်လာ
တာကြည့်ပြီး ပျော်တယ်။ဒါလောက်ပါဘဲ။

ပရိုဆိုတာကြီးကတဖြည်းဖြည်းနဲ့ ကိုယ့်ရှေ့ကထွက်သွားတဲ့ ရထားတစ်စင်း ကားတစ်စီးကို လှမ်းကြည့်နေရာသလိုပါဘဲ
ကြာလေသေးလေ ဝေးလေမှုန်ဝါးဝါးဖြစ်လေ နောက်ဆုံးလုံးဝပျောက်ကွယ်သွားတယ်။အဲ့ဒီအချိန် ကျွန်တော့်လက်ထဲစတင်းပါဝါ
နှစ်ရာမပြည့်သေးပါဘူး။တစ်ရာ့ခြောက်ဆယ်ခုနှစ်ဆယ်လောက်ဖြစ်မယ်။အက်ဘီဒီတော့ သုံးဆယ်လောက်ရှိမလားဘဲ
ခုနှစ်ရက်မပြည့်သေးတဲ့ပို့စ်တွေထဲမြုပ်နေတာလဲရှိတယ်။အဲ့လို ပရိုမရှိတဲ့လိမ်ဖယ်လိမ်ဖယ်ကာလတစ်ခုကို အများနည်းတူ
ဖြတ်သန်းနေရင်း အတွေးစတို့ စတင်လင်းလက်လာပါတော့တယ်။ ပရိုဆိုတာ ဆီပန့်ဆိုင်နဲ့တူတယ်။ကိုယ့်ရဲ့စတင်းပါဝါဟာ
ဆီတိုင်ဂီနဲ့တူတယ်ဆိုတာကိုပေါ့။ပရိုပျောက်ကွယ်သွားသည့်နောက် ၀င်လာစရာဒေါ်လာလဲမရှိတော့ပါဘူး။တစ်ဒေါ်လာရ
ဖို့ပြည့်ဖို့တောင်မျှော်လင့်လို့မရနိုင်။အဲ့ဒီအချိန်နားလည်လိုက်တာက ငါသည် စတီးမစ်လမ်းပေါ်ဆက်လက်လျှောက်လှမ်းနိုင်
ရန်အတွက် စတင်းပါဝါသည် အသက်တစ်မျှ အရေးကြီးသည် ဆိုတာကိုပါဘဲ။

အကြပ်အတည်းတွေ့သည့်အခါ လွတ်လမ်းထွက်ပေါက် ရှာကြစမြဲပါဘဲ။အဲ့ဒီမှာ ဂွတ်ကြီး
ကိုစတင်မိတ်ဆက်အသုံးပြုဖြစ်တယ်ပေါ့။တကယ်က သူများတွေ သုံးနေတာကြာပြီ ကိုယ်ကမသိတာပါ။သူများနဲ့မတူတာက
သူ့စပေါ့ကို သူများတစ်ခါရရင် ကိုယ်သုံးခါရအောင်ယူတက်တာပါဘဲ။အကောင့် အပိုနဲ့ယူတာလို့ မတွေးနဲ့ဦးနော်။ဆက်ပြော
ပြမယ်။သူ့စပေါ့ရဖို့ သူ့အကြိုက်နဲ့ သူ့အသွားအလာ သူ့သဘောလေးတွေကို အသေအချာသုတေသန လိုက်လုပ်ရပါတယ်။
ဘယ်လောက်အထိလဲ သူ့ရဲ့နေ့စဉ်လူနေမှုဘ၀ကိုလှမ်းပြီးမှန်းဆကြည့်တဲ့အထိပါဘဲ အိပ်ချိန်လား စားချိန်လား နားချိန်လား
ဘာချိန်လား ညာချိန်လားပေါ့။ တိုက်ဆိုင်တယ် ဆိုရမလားမသိပါဘူး။ သူပေးတဲ့နေ့ ပေးမဲ့နေ ကြိုသိတယ် ပေးရင် ထုံးစံအတိုင်း
နှစ်ခါ သုံးခါရတယ်။ လေးခါတော့မရဖူးဘူး။အဲ့ဒီနည်းခုပေးတော့မတောင်းတော့နဲ့။အရင်ကတော့ ကလင်တာကျပေါ့ အခုကတော့
အကောင့်ပွားတွေများလာလို့ ဆိုဒ်ပျက်သွားတာကြာပေါ့။နောက်ထပ်မက်သက်တစ်ခု ရရင်တော့လက်တို့ပါ့မယ် ။ခုတော့ သူက
သူ့စိတ်ကြိုက်ရွေးပေးနေတာပါ။တစ်ရက်ခြားတစ်ခါ နှစ်ရက်ခြားတစ်ခါ။သူ့အကြိုက်လုပ်နိုင်ရင် သေချာပေါက်ရတယ်။

ဒီလိုနဲ့ နောက်ပရိုပြန်စတယ်ပေါ့။ အဲ့ဒီကနေနောက်ပိုင်း ပရိုကိုမှန်မှန်မယူဖြစ်တော့ဘူး။စိတ်ကူးပျော်တဲ့နေ့မှ တင်ပါတယ်။
မယူမနေရ စည်းကမ်းမလာခင်အထိပေါ့။အဲ့အချိန် စတင်းပါဝါ နှစ်ရာကျော်စပြုနေပြီ ဘုတ်တွေကို စုံအောင်သုံးနေပြီ အမှန်အကန်ဘုတ်ရယ် ဂျင်းဘုတ်ရယ်
ရှုံးဘုတ်ရယ် မြတ်ဘုတ်ရယ် ထိုက်သင့်သလောက်သိနေပြီ ဂွတ်ကြီးဆီကိုလဲ ပယ်ပယ်နယ်နယ်တင်နေပြီပေါ့။

ဒီနေ့တော့ အပျိုးနဲ့တင်ကိုဘဲ စာကများသွားပြီဗျာ။ နောက်တစ်ရက်မှ ကျန်တာလေးဆက်ပါမည်။
သည်းခံပြီးသာ စောင့်ဖတ်ပေးရန်တောင်းဆိုပါရစေခင်ဗျာ။

စတီးမစ်လမ်းမထက်က မြန်မာညီအစ်ကိုမောင်နှမအားလုံး ကြွယ်ဝချမ်းသာကြပါစေ။

image
Author : @bobokyaw
Photos credit; Google Image

Sort:  

ဂွတ်ကြီးဆိုတာဘသူလဲအကို အလင်းပြပေးပါလားဗျာ

esteem app နဲ့ပို့စ်တင်တာကိုပြောတာပါ အစ်ကိုရေ

ဟုတ်​ကဲ့ ​လေ့လာမှတ်​သားထားပါမယ်​ အကို​ရေ.....။

ကျေးဇူးတင်ပါတယ်

Thank you bobokyaw for making a transfer to me for an upvote of 2.35% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

Thanks.

This post has received gratitude of 2.15 % from @appreciator thanks to: @bobokyaw.

Thanks

အ​တွေ့အကြုံ​လေး​တွေ​ရေးထားတာ ​နောက်လူ​​တွေဗဟုသုတ​စေတာပ ​ကောင်းတယ်​ဗျာ

ကျေးဇူးတင်ပါတယ် အစ်ကိုကြီး

Thank you ,whatever you have such a much power

Thanks you.

You got a 1.21% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thaks you.

I can't understand your wrote.
Pelase translate ,if you dont mind thankyou@bobokyaw

မသုံးရဲလို့ပါဗျာ

This post has received a 4.37 % upvote from @boomerang thanks to: @bobokyaw

Thanks

(2)ကိုစောင့်နေပါတယ်ဗျာfacebookကဗဟုသုတတော့ရပါတယ်
ငွေလည်းကုန်တယ်Steemitမှာတော့ဗဟုသုတလည်းရငွေလည်း
ရဆိုတော့ပိုကောင်းတယ်ဆိုပြီးလိုင်းပြောင်းနေတာအခုမှအစဘာမှ
မသိသေးပါဘူး

ကျေးဇူးတင်ပါတယ်ခင်ဗျ

Coin Marketplace

STEEM 0.21
TRX 0.21
JST 0.035
BTC 91999.86
ETH 3131.58
USDT 1.00
SBD 3.08