ခဲလေသမျှ သဲရေကျ

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ဒီရက်ပိုင်း အဖြစ်အပျက်လေးမှ စလို့
တွေ့ကြုံခံစားရတာလေးများ ပြောပြချင်မိပါတယ်။

အိမ်ထောင်ကျပြီး တစ်နှစ်လောက်မှစ၍
အမျိုးသမီး ဖြစ်သူမှာ ကလေး လိုချင်လာပါတော့တယ်။
ဒီတော့ အမျိုးသမီးတွေရဲ့ လိုချင်ရင် ပြုမူတတ်သည့်
အလေ့အထများ ဖြစ်တဲ့ သားဆုပန်ခြင်း ဆောင်ရွက်ဖြစ်ကြပါတယ်။

လွန်ခဲ့သော တစ်ပတ်ကျော်လောက်မှ စ၍
ဇနီးဖြစ်သူမှာ ပဋိသန္ဓေ ခလို့ ကိုယ်ဝန်ရရှိလာခဲ့တာ
သိခဲ့ရပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ဦးဟာ
ပျော်တပြုံးပြုံး ပီတိဖုံးလို့ သာယာခဲ့ကြပါတယ်။

အမျိုးသမီး ဖြစ်သူမှာ ဘုရားဝတ်ပြု ပဋ္ဌာန်း ရွတ်ဖတ်ခြင်းကို
ပုံမှန် ဆောင်ရွက်ဖြစ်သည် ကဲ့သို့ ကျွန်တော်သည်လည်း
အမျိုးသမီးဆီ ရောက်လို့ အတူရှိချိန်မှာ
မိန်းမ ဗိုက်ကို လက်ဖြင့် ကိုင်၍ မေတ္တာသုတ် ရွတ်ဖတ်
ပေးခဲ့ပါတယ်။

လွန်ခဲ့သော တပေါင်းလပြည့်မှာတော့
ကောင်းမှုတော်စေတီတော်မြတ်ကြီး အဖြူရောင်သင်္ကန်း ကပ်လှူပြီးချိန်၊ ကမ္ဘာ့အကြီးဆုံး မဟာစည်တော်ကြီး
တင်ဆောင်ရန်နှင့် သီတဂူဆရာတော်ကြီး နှင့် ပါမောက္ခချုပ်ဆရာတော်ကြီး နှစ်ပါးတို့၏ မွေးနေ့ပူဇာ
အလှူတော်တွင် ဝန်ကြီးချုပ် အဖွဲ့ကို ဧည့်ခံရန် တာဝန်
ကျသည်နှင့် ဆွမ်းအလှူခံ ဝေရာဝစ္စကုသိုလ် ဆောင်ရွက်
ရန် ရှိခဲ့သဖြင့် နှစ်ရက်တိုင်တိုင် ပြုလုပ်ခဲ့ကြရပါတယ်။
image
ထိုအခါ ကုသိုလ်များစွာ ရရှိခဲ့သော်လည်း
အမျိုးသမီး ဖြစ်သူမှ အိပ်ရေးလည်း ပျက်သဖြင့်
တော်တော်ပင်ပန်းသွားရှာပုံ ပေါက်ပါတယ်။

ကိုယ်လေးလက်ဝန်ကလည်း တည်စ နုနယ်ချိန်
ဖြစ်လေသည် တစ်ကြောင်း၊ လှုပ်ရှားပင်ပန်းလိုက်သည် တစ်ကြောင်း၊ တည်လာသော ကလေးမှာလည်း
ဥပပတ္တိဘဝဖြင့်သာ သက်တန်း ရှိသွားခဲ့သည် တစ်ကြောင်း
တစ်ကြောင်းကြောင်းကြောင့် ကိုယ်ဝန်ပျက်ကျသွားခဲ့ပါတယ်။

ဒီတော့လည်း ဖြစ်သမျှ အကြောင်း အကောင်းဟု မှတ်ခါ
သားဦးကလေးဟာ မိန်းကလေး ဖြစ်နေလို့များလား...
သားယောင်္ကျားလေး အရင် မွေးချင်လို့များလားဟု
တွေးမိပါတော့သည်။

ဖြစ်သမျှ အကြောင်း အကောင်းဟု ဆိုသော်လည်း
ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရသည်ကိုတော့ အမျိုးသမီး
ဖြစ်သူမှာ ဝမ်းနည်းမဆုံး တဂျုံးဂျုံး ငိုကြွေးရပါတယ်။
ကျွန်တော်သည်လည်း ဝမ်းနဲပက်လက်ဖြင့်သာ
အမျိုးသမီးကို အားပေးဖို့ရာ ရှိသေးသည်မို့ မျက်ရည်
မထွက်အောင် ထိန်းလို့သာ နေခဲ့ရပါတယ်။

သြို့ဖစ်ပါ၍ ကလေးရှိစ ကိုယ်ဝန်ရသူများ အဖို့
သတိကြီးစွာ ထား၍ အနေအထိုင် ဆင်ခြင်သင့်ပါကြောင်း၊
ခေတ်ကာလ ပေါက်တကရ အစားအသောက်များကိုလည်း
ရှောင်ကြဉ်သင့်ပါကြောင်း ပြောကြားရင်း
ဝမ်းနည်းသည်များ သက်သာရာကြောင်း
ရင်ဖွင့်ပြလိုက်ရပါတယ်။

MSC 193

@billionairehein

Sort:  

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ကျေးဇူးပါဗျာ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank so much!

Posted using Partiko Android

အို စိတ်မကောင်းလိုက်တာ ကိုဟိန်းရာ နောက်များ ဂရုစိုက်ပါဗျာ

ဟုတ် ဂရုစိုက်ပါမယ်ဗျ

Posted using Partiko Android

ဒီလိုပါပဲ ကျွန်တော်ဆို လိုချင်လွန်းလို့ ယူတာ သုံးယောက်ပျက်ကျသွားတယ် မွေးတာကလေးယောက် အလက် တစ်ယောက်ပဲ ရလိုက်တယ် သူ့အမေဆို ဒီတစ်ယောက်ကိုချစ်လိုက်တာလွန်းရော အလိုလိုက်လွန်းလို့ဘယ်လိုထိန်းရမှန်းမသိသေးဘူး။ ခုမှသုံးနှစ်ပြည့်မလို့ရှိသေး တယ် သူ့နောက်မှာလည်း တစ်ယောက်ပျက်ကျသွားတယ်။ ပိုခံစားဖူးပါတယ်။ စိတ်ထဲမှာတော့ ကိုယ်နဲ့မထိုက်လို့ပဲလို ပြေသိပ်ရတာပေါ့။

ဟုတ် ဘယ်လိုခံစားရမှန်း မသိပါဘူးဗျာ
လိုချင်နေတာဆိုတော့...
အားပေးလို့ ကျေးဇူးပါဗျာ

Posted using Partiko Android

ကိုဟိန်းရေ…ကိုယ်ဝန်က နုစဆိုအရမ်းဂရုစိုက်ရမှာ ဟုတ်တယ်တဲ့အကိုရေ…ခုတော့လည်း…ဘယ်တက်နိုင်မလည်းအကိုရာ…ကျန်းမားရေးပိုပီးဂရုစိုက်ပေးပါခမျာ…
ကျနော့အမျိုးသမီးလည်း…ခုဆို ကိုယ်ဝန် ၄ လထဲမှာ…ဂရုစိုက်နေရတယ်…

ဂရုစိုက်ပါဗျာ ဘာလေးတဲ့လဲ

Posted using Partiko Android

စိတ်​မ​ကောင်းပါဘူး ကိုဟိန်းရာ
ဒီအချိန်​က ဂရုတစိုက်​နဲ့​နေရတာဗျ ကျ​နော့်​တုန်းကဆို ၃ ၄ လ​လောတုန်းကကို ပျက်​ချင်​သလိုဖြစ်​လိုလ ​ဆေးရုံ တစ်​ပတ်​​လောက်​သွား​နေရ​သေးတာ

Posted using Partiko Android

ဟုတ် ကျေးဇူးပါ
နောက်တစ်ခါ ပိုဂရုစိုက်ရတော့မယ်

Posted using Partiko Android

စိတ်မကောင်းလိုက်တာဗျာ။ မိခင်ကော ကျန်းမာရဲ့လား။ မိခင် ကိုပဲ ကလေး အစား ပိုဂရုစိုက်ပေးလိုက်ပါနော်။ သူလည်း တော်တော် စိတ်ထိခိုက်နေမှာ။ :'-(


Congratulation ! @lwanwai have featured @billionairehein 's awesome post in my bounty post . If you interest in, you can visit me.


ဂုဏ်ယူပါတယ် ခင်ဗျ။ @billionairehein ၏ ထူးခြား ပြောင်မြောက်သော ဒီပိုစ့်ကို @lwanwai မှ [ ကျွန်တော့ ပိုစ့် ](https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-16-aggamun) အောက်တွင် လာရောက် ညွှန်းဆို ပေးသွားပါသည်။ စိတ်ဝင်စားရင် ကျွန်တော့ ပိုစ့်ကို လာလည်ဖို့ ဖိတ်ခေါ်ပါသည်။

My bounty post link : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-16-aggamun

Thanks... Keep up your good job.

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thank for choice

Posted using Partiko Android

ကိုဟိန်းရေ ကျွန်တော့ အမျိုးသမီးဆိုလည်း သွေးတိုးရှိတော့ အဲဒီလို ကိုယ်ဝန်ရှိခါစ နုတဲ့အချိန်မှာ နှစ်ခါသုံးခါလောက်အထိ ပျက်ကျတာပါအစ်ကို။သွေးတိုးရှိတော့ပိုဆိုးတယ်။သားသမီးလိုချင်တော့ တစ်ယောက်ရအောင်မနည်းယူထားရတာပါ။ဖြစ်တတ်ပါတယ်အစ်ကို။နုတဲ့အချိန်တော့ အရမ်းဂရုစိုက်ရပါတယ်။နောက်တစ်ကြိမ် ရမှာပေါ့အစ်ကို ကျန်းမာရေးတော့ ဂရုစိုက်ပါအစ်ကို။Good luck to you and must be next time to get a lovely boy baby.

Posted using Partiko Android

ကျေးဇူးပါဗျ
ကိုယ်လည်း နည်းနည်း ပေါ့ဆမိတယ် ထင်ပါတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.21
TRX 0.12
JST 0.028
BTC 66304.75
ETH 3568.69
USDT 1.00
SBD 2.59