နောက်ကျန်နေခဲ့ပြီလား MSC နှင့် မြေပြင်ကမ္ဘာမှာ ပိုသာတဲ့ စွမ်းဆောင်ရှင်များလား

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
pgux97eeol.jpg
ကျွန်တော်သည် MSC ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်နှင့်အညီ
MSC တိုးတတ်ခိုင်မာဖွံ့ဖြိုးတည်တံ့ရေးအတွက်
လှုံ့ဆော်စာများ ရေးသားတင်ခဲ့ပါသည်။
သို့သော် တုန့်ပြန်မှုမှာ ထူးမခြားလာသည့်အပြင်
Steem ဈေးမှာလည်း ကျဆင်းလို့ လာခဲ့ပြန်ပါတယ်။

MSC အဖွဲ့သား အများစုသည် စာရေးပို့စ်တင်ခြင်း၊
Comment ပေးခြင်း၊ Vote ပေးခြင်းတို့၌
Active မဖြစ်ရုံသာမက Steemit နှင့် ပတ်သက်၍
ပေါ်လာခဲ့သော Game များတွင်လည်း တတ်ကြွစွာ
ကစားခြင်း မရှိကြပါ။
သို့ဖြစ်၍ MSC အဖွဲ့သားအများစု၏ တိုးတတ်ဖွံ့ဖြိုးမှုမှာ
MSC မှ ထုတ်လိုက်သော...ထွက်သွားသော
Myanmar Steemit User များနှင့် အခြားသူများ
အောက် နောက်ကျကျန်ခဲ့သည်ဟု မြင်မိပါသည်။

ထို့ကြောင့် ကျွန်တော်သည်ကား ရေးတတ်သမျှ
ရေးသားကာ ကိုယ့်လူတို့ တတ်ကြွစေရန်၊
ပိုမိုစည်းလုံးညီညွတ်ကြစေရန် တိုက်တွန်းမိခဲ့သလို
အားမလိုအားမရလည်း ဖြစ်ခဲ့မိပါသည်။

သို့သော် MSC များမှာ Online မိတ်ဆွေများ အနေဖြင့်ကား
အတော် စည်းလုံးသော၊ ညီညွတ်သော၊ အချင်းချင်း
ယုံကြည်ပေးကြသော၊ နွေးထွေးခင်မင်တတ်ကြသော သူများ
ဖြစ်သည်ကိုတော့ ငြင်းဖွယ်ရှိဟန် မထင်ပေ။

တစ်မျိုးတစ်မည် တွေးကြည့်ပြန်ရင်လည်း MSC အဖွဲ့ဝင်
များသည် Online ပေါ်တွင် ခေတ်ရေစီးကြောင်းအရ
လုပ်ဆောင်နေသော်လည်း မြေပြင်အနေအထားတွင်
အလုပ်အကိုင်များဖြင့် စီးပွားရှာစွမ်းဆောင်နေသူများ
ဖြစ်ကြသည်မို့ ပိုမိုအကျိုးရှိတာကိုသာ ပိုမိုအားစိုက်
လုပ်ဆောင်နေရသောကြောင့် Steemit ကို အချိန်ပေး
နည်းရခြင်းလည်း ဖြစ်နိုင်ပါသည်။

ထို့ကြောင့် ကျွန်တော်သည်လည်း MSC အဖွဲ့ဝင်အများစုမှာ
Steemit ၌သာ နောက်ကျကျန်နေခဲ့သလို ထင်ရပေမယ့်
ပြင်ပကမ္ဘာမှာ မိမိကိုယ်ကို တိုးတတ်ဖွံ့ဖြိုးအောင်မြင်စေရန်
စွမ်းဆောင်နေကြသူများ ဖြစ်နိုင်ပေမည်လားဟု
စိတ်ဝယ် မျှော်ရည်ကာဖြင့်...
တစ်နေရာရာမှာတော့ အခြားသူများထက် ပိုမိုစွမ်းဆောင်နိုင်သူတွေ
ဖြစ်ကြပါစေဟု ဆုမွန်တောင်းပေးလိုက်ရပါတယ်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဖြစ်ပါရစေ လောလောဆယ်တော့ ဘယ်မှာမှ မစွမ်းနေသေး ။

ကိုယ့်လိုသူလိုလူတွေပါပဲလား

Posted using Partiko Android

စွမ်းအောင် ကြိုးစားရုန်းကန်နေအုန်းမှာပါအစ်ကို။

Posted using Partiko Android

စွမ်းဆောင်နိုင်သူ ဖြစ်ပါစေ

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thank so much for choice

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63527.41
ETH 3109.34
USDT 1.00
SBD 3.86