Rules & Regulations_ ပရိုမိုးရှင်းရယူရန်အတွက် ရှိသင့်သည့် အရည်အချင်းများ
Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ မြန်မာနိုင်ငံမှ steemit အသုံးပြုသူ user များကို ကျွန်တော်တတ်နိုင်သလောက် ပမာဏလေးဖြင့် post promotion ပေးလာခဲ့သည်မှာ သုံးကြိမ်ပြီးမြောက်ခဲ့ပြီးပြီဖြစ်ပါသည်။ မနေ့ကနှင့် ဒီကနေ့မှာတော့ ကျွန်တော်ကိုယ်တိုင် MSC မှပေးသော pro ကို ယူရမည်ဖြစ်သဖြင့် ပေးနိုင်မည် မဟုတ်ချေ။ အကြောင်းမှာ ကျွန်တော်ပါဝင်သော group 1 မှ သူငယ်ချင်းများကို 100% ဖြင့်ပေးရမည်ဖြစ်သောကြောင့် ဖြစ်ပေသည်။
မနက်ဖြန်ဆိုလျှင်တော့ ကျွန်တော့်မှာရှိသော steem power 25%ဖြင့် အခြားသူများကို proပြန်ပေးနိုင်ပြီဖြစ်ပါသည်။ ကျွန်တော်တို့ steemit တွင် စာစရေးစဉ်ကာလကတည်းက ဆိုးအတူကောင်းအတူရေးသားဖော် ရေးသားဖက်တစ်ယောက်ဖြစ်သော @kyawhlaing မှလည်း သူတတ်နိုင်သော % ဖြင့် pro ပေးနေသူဖြစ်ပါတယ်။ မနေ့က
@kyawhlaing ပေးသော pro တွင် copy - paste သမားများ လာရောက်မန့်ထားသည်ကို တွေ့ခဲ့ရပေသည်။
Credit image source
ကျွန်တော်တို့ pro ပေးချင်းဆိုသည်မှာ များများစားစားပေးနိုင်၍ ကြီးကြီးကျယ်ကျယ် လုပ်နေချင်း မဟုတ်ပါပေ။ ကျွန်တော်တို့ steemit တွင် စတင်ခဲ့စဉ်ကာလက ဘဲဥပင်မကွဲခဲ့သော အချိန်များရှိခဲ့ပေသည်။ ကိုယ်တိုင်ထိုသို့ ကြုံခဲ့ဖူး၍ ပင်ကိုယ်ရေးသားသူများကို ထိုသို့မဖြစ်စေရန် ရည်ရွယ်၍ 25% ဖြင့် ပေးခြင်းဖြစ်ပါသည်။ ကျွန်တော်၏ 25% ဖြင့်ပေးသော pro သည် 0.02sbd သာ ရမည်ဖြစ်သော်လည်း ထိုသို့ရနိုင်ရန် ပေးနိုင်ရန် ကျွန်တော် steemit တွင် ပေးခဲ့ရသော အချိန်ကာလသည် ကိုးလကျော် ခဲ့ပြီဖြစ်ပါသည်။
Credit image source
ကျွန်တော်ပေးသော 25% ( 0.02sbd ) ကို ရယူလိုကြသူများအနေဖြင့် အောက်ပါစည်းကမ်း ချက်များနဲ့ ပြည့်စုံသူမှသာ ရမည်ဖြစ်ပါသည်။ အများစုကတော့ ယခုစဉ်းကမ်းများကို လိုက်နာနေကြသူများဖြစ်သောကြောင့် သိပ်အပန်းကြီးနိုင်သော စည်းကမ်းများလည်း မဟုတ်ပါပေ။ စည်းကမ်းချက်များမှာ -
Credit image source
( ၁ ) မြန်မာလို ကိုယ်ပိုင်ရေးသားထားသော သုတ ရသ စာပေဆောင်းပါးသာ ဖြစ်ရပါမည်။ copy - paste ပြုလုပ်၍ တင်ထားသော ဆောင်းပါးများကို လက်မခံပါ။
( ၂ ) စာလုံးရေ အနည်းဆုံး ၂၀၀ ခန့် ပါဝင်ရမှာ ဖြစ်ပါတယ်။
( ၃ ) မိမိရေးသားထားသော စာပေနှင့် လိုက်ဖက်မည့် tag စကားလုံးကို ရွေးချယ် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
( ၄ ) မိမိရေးသားထားသော စာပေနှင့် လိုက်ဖက်သည့် ပုံများကို ထည့်သွင်းအသုံးပြုပေးရမှာ ဖြစ်ပါတယ်။ ပုံများကိုထည့်သွင်းအသုံးပြုရာတွင် facebook google တို့မှ ကူးယူထားသော ပုံများကို မူရင်းsource အား credit မှန်ကန်စွာပေး၍ အသုံးပြုရပါမည်။
( ၅ ) မိမိရေးသားထားသော စာပေထဲတွင် video များကို ထည့်သွင်းအသုံးပြုလိုလျှင် youtube အစရှိသည့် မူရင်းလင့်များကို credit ပေး၍ တင်နိုင်ပါတယ်။
ချမှတ်ထားသော စည်းကမ်းများသည် ခက်ခက်ခဲခဲ လိုက်နာရမည့် စည်းကမ်းများမဟုတ်ပေ။ steemit နယ်ပါယ်သည် စာများကို copy လုပ်ဖို့ မပြောနဲ့ ပုံများကို credit အတိအကျမပေးလျှင်ပင် spam အဖြစ်သတ်မှတ်ကြတာဖြစ်ပါတယ်။
Credit image source
အထက်ပါစည်းကမ်းများအနက်မှ copy- paste ပြုလုပ်၍ တင်သောသူများကို steemit အသုံးပြုသူ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မည်သို့ သဘောထားသနည်းဟု သိလိုသော် ကျွန်တော့်သူငယ်ချင်း @sawlwin ရေးသားထားသောဆောင်းပါးကို ဒီမှာနှိပ်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်။ )
tag စကားလုံး မည်သို့မည်ပုံ ရွေးချယ်အသုံးပြုရမည်နည်းဟု မသိသေးသော် ကျွန်တော့်သူငယ်ချင်း @saipanpha ရေးသားလမ်းညွှန်ထားသော ဆောင်းပါးကို ဒီမှာနှိပ် ပြီးလေ့လာနိုင်သလို ကျွန်တော်ရေးသားလမ်းညွှန်ထားမှုကိုလည်း ဒီမှာ လေ့လာနိုင်ပါတယ်။ )
facebook google အစရှိသည်တို့မှ ပုံများကို ယူသုံးနိုင်ပါတယ်။ သို့သော်လည်း လည်းကောင်းပုံများကို credit source မှန်ကန်စွာပေး၍ အသုံးပြုရမှာ ဖြစ်ပါတယ်။ credit မှန်ကန်စွာမပေးလျှင်လည်း steemit မှ copy ဟုသာသတ်မှတ်ထားပါတယ်။ ပုံများကို credit မှန်ကန်စွာပေးနည်းကို မသိသေးပါက @sawlwin ရေးသားထားသောဆောင်းပါးကို ဒီမှာ လေ့လာနိုင်ပါတယ် )
မိမိရေးသားသော စာများအတွင်း video များထည့်သွင်းလိုပါက ကိုယ်ပိုင် video ဆိုလျှင်လည်း youtube မှာအရင် upload လုပ်ပြီးမှသာ တင်လိုရပါတယ်။ youtube မှာ တင်ထားပြီးသား video ဖြစ်ပါကလည်း ထိုလင့်ကို credit ပေး၍ တင်နိုင်ပါတယ်။
ယခုချမှတ်ထားသော စည်းကမ်းများသည် ကိုယ်ပိုင်စာပေ ဖန်တီးသူများအဖို့ copy right ကို လေးစားသူများအဖို့ အပန်းမကြီးသောစည်းကမ်းများသာဖြစ်ပါတယ်။ ယခုစည်းကမ်းနဲ့ ကိုက်ညီသူမည်သူမဆို မနက်ဖြန် ပြန်ပေးမည်ဖြစ်သော post promotion အစီစဉ်မှာ ပါဝင်နိုင်ပါတယ်။ နည်းပါးသော ပမာဏဖြစ်သော်လည်း ကျွန်တော်တတ်နိုင်သလောက်ကူညီတာပဲ ဖြစ်ပါတယ်။
Credit image source
Steemit မှာ ရေးသားသော မြန်မာများ အောင်မြင်ကြသူများဖြစ်ကြပါစေခင်ဗျာ။
Author>>>@aungzawhtwe
MSC : 014
ဒီပရိုမိုးရှင်းကနေ စတီးမစ်ရဲ့အခြေခံကျင့်ဝတ်လေးတွေ ရရှိသွားကြမယ်လို့ မျှော်လင့်ပါတယ် ကိုထွေးရေ
ကိုပေနိုင်တဲ့ပမာဏက နည်းပေမဲ့ အဲဒါလေးတွေပါ ရသွားကြရင်တော့ အကျိုးရှိမှာပါ။
ကော်ဖီသောက်တဲ့သူတွေ ကုန်နိုင်သေးဘူးပေါ့
ကော်ဖီသောက်တဲ့သူတွေ အရမ်းပေါတယ်။
စည်းကမ်းသတ်မှတ်လိုက်တာကောင်းတယ်ကိုထွေးရေ။နို့မို့ဆိုရင်Copyတွေလာလာမန့်တာဆိုးတယ်။
ဟုတ်တယ် copy သမားတော့ မပေးနိုင်ဘူးလေ။
စမိ ကော်ဖီ ဟုပုနော့😋
စမိကို ယုံပြီးသားဘာ။
ကျွန်တော် copy လုပ်ဘူးနော်😁😁😁
copy မဟုတ်တဲ့သူတွေကို ever welcome ပါဗျာ။
အားပေးလျက်ပါ။
ကျေးဇူးတင်ပါတယ် ကွီးရွှေ။
ကိုယ့်မြန်မာတွေ ကိုယ်တွေလို ဘဲဥမကွဲပဲခရီးရှည်လျှောက်နေကြရမှာစိုးလို့ စေတနာသန့်သန့်နဲ့တွဲခေါ်နေတာပါ စေတနာကိုအရောင်မဆိုးစေချင်ဘူး
မနေ့က မစစ်ဆေးပဲ vote ပေးမိတယ် အထွေးပြောမှ ပြန်စစ်တာ ကော်ပီတွေ ၄ယောက်တောင်တွေ့တယ် တော်တော်စိတ်ပျက်ဖို့ကောင်းတယ်
ဟုတ်တယ်ဆို အရမ်းကာရော ပေးလို့မရဘူး။
Wow that amazing
Photography | Food | Travel | Life | Recipes | Nature
အခုက copy သာမက power Down နိုင်သူတွေကိုပါချိန်ပေးရမလိုဖြစ်နေပီ ကိုထွေးရေ။
ဟုတ်ပ အဲလိုဖြစ်နေပြီဆရာ။
First Rule don't copy ကိုအစဉ်အလေးထားရမယ်ဗျာ
အဲဒါက အဓိကပဲလေ။