Stop copying both contents and ideas on Steemit ! စတီးမစ်တွင် သူတစ်ပါးစာနှင့် အကြံဥာဏ်အား ခိုးကူးခြင်းများ ရပ်တန့်ပေး ...

in #myanmar6 years ago (edited)

image.png

စတီးမစ်သမုဒ်ပြင်ဟာ ကျယ်ပြန့်ပါတယ်။ အဲဒီလို ကျယ်ပြန့်တဲ့ရေပြင်လွှာထဲမှာ ကွီးစောဆိုတဲ့ အကောင်ငယ်လေးက ငါးသေးငါးမွှားလေးသာ ဖြစ်နေတော့ အရာရာက သူ့အတွက် အဆန်းတကြယ်ဖြစ်နေတော့တာပေါ့။ ဒါနဲ့ပဲ ငါးဦးဦးတွေ ငါးဘဘတွေ ငါးကိုကိုတွေ ငါးမမတွေ သူ့ထက် ငါးဖြစ်စောတဲ့သူတွေကို လိုက်လံမေးမြန်းနေရတော့တယ်။ သိချင်တာကို သိရတာလေး ရှိတယ်။ သိပေမယ့်မပြည့်စုံတာလည်း ရှိတယ်။ ဒီတော့ ကွီးစောလည်း ဥာဏ်သုံးရတော့တယ်။

image.png

အို ... အသင်လောက ... ကျွန်ပ်ဟာ ငါးသေးငါးမွှားလေးပါ။ အခုမှ မျက်စိပေါက် ဖွင့်ကြည့်ရတဲ့ဘ၀သမားလေးပါ။ ဤမှန်သော သစ္စာတရားကြောင့် အသင်လောကကြီးကို အပြည့်အစုံနီးပါး မြင်နိုင်တဲ့ နတ်မျက်စိကို ရရပါလို၏။

ရုတ်တရက်ပဲ ငါးသေးငါးမွှားလေး ကွီးစောရဲ့မျက်လုံးဟာ ပြူးကျယ်လာတယ်။ ဝေလငါးတွေ ဘာတွေရဲ့ ဘာသာစကားကို တတ်သွားတယ်။ ဒါနဲ့ ပြူးစော ... အဲ ... ကွီးစောလည်း အခုမှ စကားပြောတတ်စ ငါးကလေးပီပီ စကားတွေလျှောက်ပြောတော့တာပေါ့။ သူသိချင်တာတွေကိုလည်း လျှောက်မေးမြန်းတယ်။ ဝေလငါးတွေရေးတဲ့ ငါးပေလွှာတွေကိုလည်း လိုက်လံဖတ်ရှုတယ်။ ပြီးတော့ သူ့လို ငါးသေးငါးမွှားလေးတွေကို ပြန်ပြောပြတယ်တ။ ။ဘာသာတွေ ပြန်ပြတယ်။ ကွီးစောရဲ့ဂုဏ်လည်း တက်လာတယ်။ ဖော်လိုဝါကလည်း များလာတယ်။ နေရာတစ်ခုလည်း ရလာတယ်။

image.png

အရာရာက အဆင်ပြေနေတဲ့အချိန်မှာ ကွီးစောတို့ သမုဒ်ပြင်မှာ ၀ဲကတော့ တစ်ခုဖြစ်လာတယ်။ ကွီးစောရဲ့ဘာသာပြန်ပေလွှာကလည်း ၀ဲကတော့ကြောင့် မူလရေးသားသူ ငါးကြီးတစ်ကောင်စီ ရောက်သွားတယ်။ ဒါနဲ့ ငါးကြီးကလည်း စိတ်ဆိုးတာပေါ့။ သူ့စာကို ခိုးကူးတယ်ဆိုပြီး ကွီးစောကို အပြစ်တင်တယ်။ အဲဒီအခါ ကွီးစောလည်း ပေါက်ကွဲသွားပါတယ်။

ရာရာစစ ငါ့ကိုများ သူခိုးလို့ လာစွပ်စွဲတယ်။ ငါးကြီးနဲ့ ငါးလေး နုန်းပြင်မှာ တွေ့ကြသေးတာပေါ့ကွာ

ဆိုပြီး စာတွေစီတာပေါ့။ ဒေါသသံတွေကလည်း အဲဒီစာတွေကို ဖတ်ကြည့်တာနဲ့ ပေါ်လွင်အောင် ရေးထားတယ်။ ဒါပေမယ့် ငါးဘိုးအေကြီး ဆြာတင်ကို တိုင်ပင်ကြည့်တော့ တုံ့ပြန်ပုံမှားနေတာကို သွားမြင်တယ်။ ဒါနဲ့ ဆြာတင်ရဲ့အကြံပေးချက်အတိုင်း စာပြန်စီတယ်။ အဓိကအားဖြင့်တော့ သူစွပ်တဲ့အချက်ကိုချေပတယ်။ ကိုယ့်ဘက်က အမှားကို ၀န်ခံတယ်။ ပြုပြင်မယ့်အကြောင်း ပြောဆိုတယ်။ သူ့ဘက်က လိုအပ်ချက်ကို ပါးပါးလေးထောက်ပြတောင်းဆိုတယ်။

image.png

ကွီးစောလည်း ရှုံးနေတဲ့ အချိန်မှာ တစ်ဂိုးရသွားတဲ့ ငေါလုံးအသင်းလို ( ငါးဆော့တဲ့ ဘောလုံးအသင်း) အောင်ပွဲတွေ ခံနေတာပေါ့။ အဲဒီအချိန်မှာ ငါးကြီးကလည်း အရေးတယူနဲ့ စာပြန်ပေးပါတယ်။ ကွီးစောနားမလည်တဲ့အချက်တွေကိုလည်း ရှင်းပြတယ်။ အဲဒီတော့မှ ကွီးစောလည်း သူမျက်စိပြူးတယ်ဆိုတာ တောင်ပေါ်က ပဲ့ကျလာတဲ့ ကျောက်ခဲလောက်သာ ရှိတယ်လို့ သိလာရတယ်။ copy/ paste နဲ့ တစ်ပုဒ်လုံးကို ကူးချတာတင် ခိုးတာ မဟုတ်ဘဲ သူတစ်ပါးရဲ့အကြံဥာဏ်ကို ခွင့်ပြုချက်မရဘဲ ရယူဖြန့်ဝေတာလည်း ခိုးကူးရာ ရောက်တယ်ဆိုတာ သိလာရတယ်။ ကိုယ့်ဘာသာ စာတွေကို ၇၀ရာခိုင်နှုန်း ပြန်ပြင်ထားပေမယ့် မူရင်းရေးသားသူရဲ့ အာဘော်အပြည့်အ၀ပါနေတဲ့ စာတွေက မိမိကို သူခိုးအဖြစ် ညွှန်းဆိုနေပါတယ်။

image.png

နို့ ... သိမှ မသိဘဲ။ သားက ဒီမှာ ကလေးပဲ ရှိသေးတာ။ ပြီးတော့ သားက နေရာပြောင်းလာတာ။ အရင် ဖွဘုတ်သမုဒ္ဒရာမှာ ဒီလိုမျိုး မရှိခဲ့ဘူး။ ပြီးတော့ သားတို့ဆီမှာ အဲဒီလို ဥပဒေတွေ မသက်ရောက်ဘူး။ ခရက်ဒစ်ပေးရုံနဲ့ လုံလောက်နေတယ်

တို့ ဘာတို့ပေါ့။

image.png

ငါးကြီးကလည်း ဘာသာပြန်တာဖြစ်စေကာမူ မူရင်းရေးသားသူထံကနေ ခွင့်ပန်သင့်ကြောင်း၊ အချို့ငါးကြီးတွေက သူတို့စာကို လွတ်လွတ်လပ်လပ်အသုံးချခွင့်ပြုပေမယ့် သူကတော့ ထိုကဲ့သို့ မဟုတ်ကြောင်း၊ သူ့စာကို သုံးရင် သူ့ထံကနေ ခွင့်ပြုချက် ယူစေလိုကြောင်း၊ ဒီလောကမှာ စာတွေကို ၇ရက်ကျော်ရင် ပြင်လို့ မရပေမယ့် မူလရေးသားသူက မကျေနပ်ဘဲ တိုင်ကြားရင် မိမိရေးသားတဲ့အကောင့်တစ်ခုလုံးကို ဖျက်ပစ်တာ ကြုံတွေ့ရနိုင်ကြောင်း ရှင်းပြပါတယ်။

image.png

အဲဒီတော့မှ ကွီးစောလည်း အပြည့်အ၀နားလည်တော့တယ်။ သူကလည်း ကွီးစောရဲ့အခြေအနေကို နားလည်သွားတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှုရသွားတဲ့အခါမှာတော့ ရင်းနှီးမှုက ဖြစ်တည်လာတယ်။ ကွီးစောအကူအညီလိုရင် တောင်းစရာ မိတ်ဆွေတစ်ဦးလည်း တိုးလာတယ်။ လတ်တလော ကွီးစော ခေါင်းရှုပ်နေတဲ့ ကိစ္စတစ်ခုကိုလည်း သူ့ကို ပြောပြလိုက်တော့ ချက်ချင်းပဲဗျာ ... အဖြေရှာပေးပါတယ်။ ကွီးစောအတွက် အတော်ကြာစဉ်းစားနေရတဲ့ ကိစ္စဖြစ်ပေမယ့် သူ့အနေနဲ့တော့ ခဏအတွင်းပဲ ဖြေရှင်းပေးနိုင်တဲ့ကိစ္စဖြစ်နေတော့ ကွီးစော အဆင်ပြေသွားတာပေါ့။

image.png

အဓိကပြောချင်တဲ့ အချက်ကတော့ စတီးမစ်ဟာ နားမလည်မှုတွေနဲ့ ပြည့်နေတဲ့အရာပါ။ တကယ်နေရာရသူတွေဟာ စိတ်ထားကောင်းသူတွေသာ ဖြစ်ပါတယ်။ အဆင်မပြေတာ ဖြစ်ခဲ့ရင် ပွင့်ပွင့်လင်းလင်းပြောဆို အဖြေရှာပါ။ ကိုယ့်အမြင်နဲ့ ကိုယ်မှန်နေပြီလို့ မထင်ပါနဲ့။ လူတိုင်းက မပြည့်စုံပါဘူး။ အမြဲစူးစမ်းလေ့လာနေရတဲ့နေရာမှာ အဖြေမှန်ဟာ အမျိုးမျိုးဖြစ်ပွားနိုင်ပါတယ်။ အခြေအနေကိုပဲ ပြောချင်တာကြောင့် ယခုစာအထဲမှာ အသေးစိတ်အချက်တွေကို ထည့်မထားပါဘူး။ နောက်ပိုင်းမှာ စတီးမစ်က သတ်မှတ်ထားတဲ့ ခိုးကူးစာတွေအမျိုးမျိုးအကြောင်းကို ပြောပြပေးပါ့မယ်။

ယခုတော့ ဒီလောက်ပါပဲ။ အဆုံးအထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

my photo.jpg

Images Credit - Google

Sort:  

ဒါကြောင့်လည်း ကိုယ့်တို့ group မှာ ငါးဖလှမ်းထလေး ငွီးစောကို အားကိုးနေရတာ။
ကော်ပီဆို နိုး၊မှီငြမ်းနှင့် ဘာသာပြန်ကို ခွင့်ပြုချက်တောင်းပါမှ ကောင်းပေမယ်

ဟုတ် ငွီးဟိန်း အဲဒီလိုလေး သိသွားရင် ငွီးစော အရှက်ပြေ post လေး ရေးရတာ တန်သွားပါပြီဗျာ ...

ဘာသာပြန်တွေလည်း သူများအိုင်ဒီယာနဲ့ဆိုတာ ဒီလိုယူလည်း မရဘူးဆိုတာ သိလိုက်ရတယ် ဘရို

ဟုတ်ကဲ့ အဲဒီလို သဘောရှိပါတယ်ဗျာ

ငါး တစ်ပိဿသာ ဘယ်ဈေးလဲဗျ..
ငါးကြော်စားချင်လို့😁😁😁😁😁

ငါး ဘယ်နှစ်ကောင်ကို တစ်ပိဿာပြည့်မလဲက အရင်မေးရမှာပါ ဒါမှ ကြော်စားမလား အိုးကပ်စားမလား ခွဲခြားလို့ ရတော့မှာ

ကျွန်​​တော်​တို့သည်​ငါး​သေး​သေး​လေးများဖြစ်​ကြပါသည်​။အဲ့​ကြောင့်​မှားတဲ့အခါလည်းမှားတတ်​​ပေမည်​😂😂

မှားတတ်သော်လည်း မမှားလျှင် ပိုအဆင်ပြေပါသည်။ ထို့ကြောင့် လေ့လာမှု မပြတ်အောင် ကြိုးစားရပါမည်။

ငါးခူ
ငါးဂျင်း
ငါး​မွှေထိုး
ငါးမြင်း၊ငါးရံ့
ငါးဒန်​၊ငါးဗျင်​မ
ငါးသ​လောက်​ စသည့်
ငါးေ​လးများသည်​ ​ဝေလငါး
မဟုတ်​ကြသည့်​ ကျ​နော်​တို့လို
နယူးဘီများဖြစ်​ကြသည်​😜😜😜

ကျွန်တော်တို့က ငါးခူ ငါးကြင်းတောင် မဟုတ်သေးပါ ... ငါးသေးငါးမွှားလေးများသာလျှင် ဖြစ်ပါတယ် ... ထို့ကြောင့် အချိန်ကို စောင့်ရပါမယ်

ငါး​လေး​တွေ မြန်​မြန်​ကြီး​အောင်
Spဆိုတဲ့ ငါးစာများများ​ကျွေးရမယ်​​နော့။

ဟုတ်တာပေါ့ဗျာ ဒါမှ အကြီးထွားမြန်မှာ တဖြည်းဖြည်းနဲ့ တစ်နေ့မှာ ဝေလငါးမဖြစ်ဘူးလို့ ဘယ်သူပြောမလဲ

ကောင်းတယ်ကိုစော ငါးသေးသေးလေး နဲ့နှိုင်းယှဉ်ပီး စတီးမစ်မှာ ကော်ပီ လုပ်နေကြတာကို ရှု့ဒေါင့်တစ်မျိုးနဲ့ တင်ပြသွားတယ်။ ကော်ပီတွေရပ်ကြပါလို့ ထပ်ဆင့် အားဖြည့်ပေးလိုက်ပါတယ်။

ဟုတ်ကဲ့ တကယ့်ဆရာတွေ cheetah မိတာလည်း တွေ့ပါတယ် ဒါဟာ ခွင့်ပြုချက်မရှိဘဲ အိုင်ဒီယာကို ယူရင်လည်း copy ပဲဆိုတာကို မသိတာကြောင့်ပါ

ငါး​လေးအိုးကပ်​ပဲစားချင်​တယ်​ကွာ 😄

ကိုယ့်ကိုယ်ကို ဆီပူထဲ ထည့်ကြော်လေ

လူ​တော်​​တော်​များများမသိပဲမှားကြတာများပါတယ်​ကို​စော​ရေ။Good writing.

ဟုတ်ပါတယ် မအိ ဒါကြောင့် သိရှိအောင် အခြေအနေကို ပြန်ပြောပြတာပါ မသိရှိသူများကလည်း သိရှိပြီး ဆင်ခြင်နိုင်ပါစေဆိုပြီးပေါ့

သတိပေးတွေရေးပေးတဲ့အတွက် ကျေးဇူးပါဗျာ

ဟုတ်ကဲ့ အသိတစ်ခုခုရသွားတယ်ဆိုရင် ၀မ်းသာပါတယ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59410.96
ETH 2658.99
USDT 1.00
SBD 2.43