How to credit the source for your embedded images ! ပုံတွေကို ဘယ်လို ခရက်ဒစ်ပေးမလဲ ...

in #myanmar6 years ago (edited)

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ

" အမှိုက်ကစ ပြသာဒ်မီးလောင် " ဆိုတဲ့ စကားအသုံးအနှုန်းကို အားလုံးပဲ ကြားဖူးကြမယ် ထင်ပါတယ်။ မြန်မာစတီးမစ်မိသားစုဝင်တွေကြားထဲမှာလည်းအမှိုက်တစ်စပစ်ချသလို အလွယ်တကူလုပ်လိုက်တဲ့ကိစ္စကနေ အကြီးအကျယ်ဖြေရှင်းရဖွယ်ရှိတဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ပုံတွေကို credit ပေးတာမှာ အယူအဆမှားတာကြောင့် ပုံတွေကို ခိုးယူသုံးစွဲတဲ့အဖြစ် ရောက်သွားတာပဲ ဖြစ်ပါတယ်။

image.png


ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ Google ကို source အနေနဲ့ credit ပေးကြပါတယ်။ ဒါပေမဲ့ အဲဒါဟာ မှားနေပါတယ်။ Google က source မဟုတ်ပါဘူး။ သတင်းအချက်အလက်တွေကို ရှာဖွေနိုင်တဲ့ကြားခံပစ္စည်း search engine ပဲ ဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် ပုံတွေရဲ့နဂိုမူလအခြေခံရာ website ကို ဆက်သွားပြီး link ကို ယူရပါတယ်။ အောက်ပါပုံမှာ တွေ့မြင်တဲ့အတိုင်းပဲ ကိုယ်လိုချင်တဲ့အရာရဲ့အနောက်မှာ image ကို တွဲပြီး ရိုက်ထည့်ပါတယ်။

image.png


ပြီးတော့ Enter ကို နှိပ်လိုက်တဲ့အခါ အောက်ပါအတိုင်း ပုံတွေ ကျလာပါတယ်။

image.png


ကိုယ်လိုချင်တဲ့ပုံကို click နှိပ်ပြီး ၀င်လိုက်ပါမယ်။ ဒီအဆင့်မှာ browser က link ကို ယူလို့ မရသေးပါဘူး။ မူရင်း source ရှိတဲ့နေရာကို တစ်ဆင့် ထပ်သွားရပါဦးမယ်။

image.png


အခု screenshot မှာ ၀ိုင်းပြထားတဲ့အတိုင်း လိုချင်တဲ့ပုံရှိနေတဲ့ မူရင်း link ကို ကူးယူပြီး ကိုယ့်ရဲ့ post မှာ ထည့်ထားတဲ့ပုံရဲ့ အောက်မှာ ကပ်လျက် credit ပေးရပါမယ်။

image.png

နံပါတ်တစ်က ပုံရဲ့ link ဖြစ်ပြီး အောက်က link ကတော့ သူ့ရဲ့ source link ဖြစ်ပါတယ်။

image.png


ဒါဆိုရင် ကိုယ့်ရဲ့စာမှာ အောက်ပါအတိုင်း ပေါ်သွားပါတယ်။


ကိုယ်သုံးတဲ့ ပုံ တစ်ပုံချင်းစီအတွက် အခုလိုပဲ ရှာဖွေ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တချို့နေရာတွေမှာ ပုံတွေကို အလကားသုံးစွဲခွင့်ပြုတာလည်း ရှိပါတယ်။

အဲဒါကတော့ Pixabay ပါ။ အဲဒီကပုံတွေကို သုံးတဲ့အတွက် credit ပေးစရာ မလိုအပ်ပါဘူး။ ပုံပိုင်ရှင်ကို လေးစားတဲ့အနေနဲ့ အသိအမှတ်ပြုတဲ့အနေနဲ့ ပေးချင်လည်း ပေးလို့ရပါတယ်။ အပေါ်က အခြား link တွေကို တစ်ခုချင်း credit ပေးသလို မပေးဘဲ အောက်ဆုံးမှ Credit images- https://pixabay.com/ လို့ ပေးခဲ့လည်း အဆင်ပြေပါတယ်။


ကျွန်တော်က ပုံကို credit ပေးတဲ့ကိစ္စမှာ ဘာကြောင့် အခုလို အသည်းအသန် သတိပေးနေတာလဲ မေးစရာ ရှိပါတယ်။ အရင်တုန်းက Google ကို credit ပေးတဲ့ကိစ္စဟာ မသိလို့ လုပ်ခဲ့ကြတာပါ။ ဒါပေမယ့် ငါးကြီးတွေ အမြင်မှာတော့ ကိုယ်တွေက abuser တွေ ဖြစ်သွားပါတယ်။ ကိုယ်တွေ နားမလည်ဘူးဆိုတာကို သူတို့ လက်မခံကြပါ။ ဒါကြောင့် စတီးမစ်မှာ ကျင်လည်စဉ်မှာ သိသင့်တဲ့အချက်တွေကိုတော့ သိထားရပါမယ်။

အောက်ပါအချက်တွေကတော့ ပုံတွေနဲ့ပတ်သတ်ပြီး သိသင့်တာတွေပါ။

၁။ စတီးမစ်မှာ ပုံတစ်ပုံတည်းနဲ့ post တင်တာကို လက်မခံကြပါ။

၂။ post တစ်ခုမှာ ဆီလျော်တဲ့ပုံ ၃ပုံ ၄ပုံ ထည့်ပေးရပါမယ်။

၃။ ကိုယ်ဖန်တီးတဲ့ပုံဖြစ်ပါစေ စာတွေအနည်းငယ်တော့ ပါဝင်ရပါမယ်။ အနည်းဆုံးသတ်မှတ်ချက်က စာလုံးရေ ၁၅၀ပါ။ ဖန်တီးထားတဲ့ပုံဖြစ်ရင် စာလုံးရေ လျော့ရေးလို့ရပါတယ်။

၎။ power point slide တွေကို စာအဖြစ် မသတ်မှတ်ဘဲ ဓာတ်ပုံအနေနဲ့သာ စတီးမစ်မှာ သတ်မှတ်ပါတယ်။


ဒါကြောင့် စာရေးရာမှာ အားအင်စိုက်ထုတ်ရတာတင်မက ပုံတွေကို မှန်ကန်အောင် ရှာဖွေသုံးစွဲဖို့လည်း အရေးကြီးလာပါပြီ။

မြန်မာစတီးမစ်မိသားစုဝင်များအနေဖြင့် အထက်မှာ ရေးသားထားသည့်အတိုင်း လိုက်လံလုပ်ဆောင်ပါက သူတစ်ပါးက အမှားထောက်ပြစရာ မရှိနိုင်တော့ပါ။ မိမိတို့စာများကလည်း အဆင့်အတန်းတစ်ခုကို ရောက်ရှိတဲ့အခါ ပုံတွေကြောင့် ပျက်စီးသည့်အဖြစ်ကို ရောက်ရှိရန် မလိုအပ်တော့ပါ။

ဒါကြောင့် မူလအစမှာ မိမိအကျင့်ဟောင်းကို ဖျောက်ရန် ခက်ခဲချင် ခက်ခဲမည်ဖြစ်ပေမယ့် စတင်လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းရင်း ဒီ post လေးကို နိဂုံးချုပ်ပါရစေ ...

image.png

Author - @sawlwin

MSC - 176

Images Credit - Original Source

Sort:  

နည်းလမ်းမမှန်တဲ့အကျင့်ဟောင်းတွေကိုပယ်ပြီး
နည်းမှန်လမ်းမှန် အကျင့်ကောင်းတွေဖြစ်အောင် လုပ်ဆောင်ကြမယ်ဆိုရင်
စည်းကမ်းတကျလေးဖြစ်သွားတာမို့ သူများရဲ့အပြောလည်းလွတ်သွားရတာပေါ့ကိုစောရေ
အရင်ကမသိတော့ googleပဲ creditပေးမိနေရတယ်😁😁😁

ဟုတ်ပါတယ် ကိုမိုး ... အမှားကို သိပြီး အမှန်ပြင်လိုက်တာ ကောင်းပါတယ်

ကောင်းတယ် ကိုစောရေ နောက်များလဲ သိမှတ်စရာလေးတွေ မျှဝေပါဦးဗျ။

ဟုတ် မျှဝေပေးပါဦးမယ်

အခုလိုအသိပေးတာ ကျေးဇူးပဲ ကိုစောရေ... ကျွန်တော်လည်း ပြင်လိုက်ပါပြီ။

ဟုတ်ကဲ့ ကိုဟင်

မှန်ပါတယ် ကိုစောရေ ကျနော်လဲ ခုနောက်ပိုင်း image ကို credit ပေးတာ မှန်ကန်အောင် လေ့ကျင့်နေပါတယ်။ steemit သုံးသူတိုင်း မဖြစ်မနေလုပ်သင့်တဲ့ အချက်ပါဗျ။ ဗဟုသုတ မျှဝေပေးတာ ကောင်းပါတယ်ဗျာ။

ဟုတ်ပါတယ် မသိလို့ လုပ်တာက တစ်မျိုးပါ ... အခု သိသင့်နေတဲ့ အချိန်ရောက်ပြီဖြစ်သလို မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေလည်း ဖြစ်ပါတယ်

Credit-google လို့ပဲပေးနေတာ ခုမှသိတယ်ဝေမျှပေးတာကျေးဇူးပါအကိုရေ။

ဟုတ်ကဲ့ ခင်ဗျ

ကြည် သိချင်နေချိန်လေး ရေးပြပေးတဲ့ ကိုစော ကျေးဇူးပါ သေချာ ဖတ်ပါ့မယ်

ဟုတ် မကြည်

ကို​စော ​ရေ... အားကိုးပါတယ်
မသိနားမလည်​တာ​တွေ သိလာရလို့ ​ကျေးဇူးတင်​ပါတယ်​အကို

ဟုတ်ကဲ့ သိသင့်တာတွေကို မျှဝေပေးပါ့မယ် ... သိလည်း အကျိုးမရှိတာတွေဆိုရင်တော့ ပြန်မပြောပြပါဘူး ... စတီးမစ်မှာ အစစအရာရာသိနေတာက ကောင်းပေမယ့် မသုံးတတ်ဘဲ အသိလွန်နေတာက အသုံးမှားမှုကို ဖြစ်စေတာကြောင့်ပါ

ဟုတ်​ကဲ့ပါ ကို​စော

ဗဟုသုတရ ရပါတယ်ဗျာ

အခုလို ဆိုလိုတဲ့အချက်ကိုရရှိသွားတာ ၀မ်းသာပါတယ်ဗျာ

သိပြီဆို​တော့ပြင်​ရမှာ​ပေါ့

ပြင်ရမှာပေါ့ သူငယ်ချင်းရေ

ပညာတွေရပါတယ်ဗျာ

ဟုတ် ၀မ်းသာပါတယ်ဗျာ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59410.96
ETH 2658.99
USDT 1.00
SBD 2.43