"ပေးဆပ်သူ"
စိတ်၏စေရာအတိုင်းသာ
ပြုလုပ်ရမည်ဆိုလျှင်
ယခုအချိန်၌ အလုပ်ချင်ဆုံးအရာက
မိမိဝိဥာဏ်အား ကမ္ဘာလောက
အပြင်ဘက်အား မောင်းထုတ်
ပစ်လိုက်ချင်ခြင်းပင်တည်း။
ချစ်သူ၏နှလုံးဘဝင်
ပြုံးရွှင်စေမည်ဆိုလျှင်
နှောင်ဖွဲ့တွယ်ပါတ်နေမိသော
သံယောစဉ် အမျှင်ကြိုးကိုလည်း
သဲအူအပြတ်ခံ၍
ဖြတ်ဝံ့ပါသည်။
ချစ်သူပန်ဆင်စရာ
ပန်းဥယဉ်၌ ကျွန်ုပ်သည်
အရိုင်းဆန်သော တောပန်းမို့
မပန်ဆင်လိုပါမူ
ထိုဥယဉ်မှ ထွက်ခွါပေးပါမည်။
ချစ်သူ၏ ဘဝရေပြင်၌
ကျွန်ုပ်ကြောင့် လှိုင်းဂယက်
ထခဲ့ရသည် ဆိုပါမူ
ကျွန်ုပ်အသက်ရှင်ရေးထက်
ချစ်သူ့ရဲ့ ရေပြင်
လှိုင်းဂယက်မထစေရန်
ကျွန်ုပ်ဆက်လက်ကူးခတ်မိတော့မည်
မဟုတ်ပါ။
တူရှင်တွဲ၍ လျှောက်လှမ်းရန်
ချစ်သူစိတ်အနှောင့်ယှက်ဖြစ်သည်ဆိုပါက
ကျွန်ုပ် ဘေးလမ်းကသာ
ဆင်း၍လျှောက်ပေးပါမည်။
သွားလမ်းသာစေရန်
ဆူးငြှောင့် ခလုတ်တို့အား
ဖယ်ရှားခွင့်သာ
ခွင့်ပြုပေးပါ ချစ်သူ။
source
Author>>>@aungzawhtwe
ကမ္ဘာ အပြင်ဘက် မသွားခင် နာ့ကို steem လေးတေ ပေးခဲ့ပါလား?
သွားခါနီးရင် ကြိုပြောမယ်လေ။
ကောင်းလိုက်တဲ့ချစ်သူ
ဒါမျိုးက ရှားတယ်လေ။
Your level lowered and you are now a Red Fish!
Do not miss the last post from @steemitboard:
Congratulations @aungzawhtwe! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Award for the total payout received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
ချစ်သူ တဲ့လားကွယ် 😁😁
omm ချစ်သူပါပဲ။