အောင်မြင်မှုလမ်းမဆီသို့……

in #myanmar6 years ago (edited)

image
အောင်မြင်မှုကိုအိပ်မက်မက်ပြီး
လက်တွေ့အကောင်အထည်ဖော်ပါ

စိတ်ကူးယဉ်တာနှင့်အိပ်မက်မက်တာ
မတူပါဘူး။စိတ်ကူးယဉ်တယ်ဆိုတာ
ဖြစ်နိုင်တာရှိသလိုမဖြစ်နိုင်တာလည်း
ရှိပါပေလိမ့်မည်။အိပ်မက်မက်ဖို့ဆို
တာကတော့စိတ်စွဲလွန်းနေမှ
မက်တာမျိုးဖြစ်နိုင်ပါသည်။
ဒီတော့စာရေးသူတို့ဘဝမှာ
နေ့စဉ်နေ့တိုင်းလိုအောင်မြင်ချင်တဲ့
အကြောင်းအရာကိုစိတ်မှာစွဲထင်
နေဖို့လိုအပ်ပါသည်။
သို့ပေမဲ့အိပ်မက် မက်နေရုံနဲ့တော့
မဖြစ်နိုင်ပေ။ထိုအိပ်မက်များမှ
နိုးထလာပြီးလက်တွေ့ဘဝ၌
အကောင်အထည်ဖော်ရမည်ပင်
ဖြစ်ပါသည်။
image
ယုံကြည်မှုကိုတည်ဆောက်ကြစို့

အောင်မြင်ခြင်း၏ပထမဆုံးလျို့ဝှက်
ချက်ကတော့ယုံကြည်မှုပင်ဖြစ်သည်။
ယုံကြည်မှုဆိုတာတည်ဆောက်ယူ
ရခြင်းဖြစ်ပါသည်။
"တည်ဆောက်ခြင်း"လို့သုံးနှုန်းရမှာအဆောက်အဦးများနှင့်ပုံစံတူ၍
ပင်ဖြစ်သည်။အဆောက်အဦးများ
သည်စတင်တည်ဆောက်သည့်အချိန်
တွင်အခြေခံအုတ်မြစ်
ကောင်းမွန်စွာအရင်တည်ဆောက်
ရပါသည်။အကယ်၍အခြေခံ
အုတ်မြစ်သာမကောင်းခဲ့လျှင်
အချိန်ခဏအတွင်း၌ပင်ပြိုကျ
ပျက်စီးနိုင်ပါသည်။ထိုနည်းတူစွာ
ယုံကြည်မှုကိုတည်ဆောက်ရာတွင်
ရိုးသားဖြောင့်မတ်မှုကိုအခြေခံ
အုတ်မြစ်သဖွယ်ထားရှိ၍
တည်ဆောက်မှသာ၎င်းယုံကြည်မှု
သည်ကြာရှည်စွာအဓွန့်ရှည်တည်မြဲ
မည်သာဖြစ်ပါသည်။
image
အောင်မြင်မှုကိုဖြစ်ပေါ်စေသော
ယုံကြည်မှု

ယနေ့လက်ရှိအောင်မြင်နေတဲ့သူ
တွေကိုကြည့်လိုက်ရင်၎င်းတို့မှာ
ယုံကြည်မှုရှိနေသည်ကို
တွေ့နိုင်ပါသည်။ခန္ဓာကိုယ်အစိတ်အပိုင်းများရွေ့လျား
လှုပ်ရှားမှုများမှအစ စကားပြောဆို
ရာတွင်အဆုံး ခြေဆုံးခေါင်းဆုံးပင်
ယုံကြည်မှုပြည့်ဝနေကြသည်ကို
တွေ့မြင်ကြရမည်ဖြစ်ပါသည်။
image
မိမိကိုယ်ကို မလိမ်ပါနဲ့

လောကတွင်လူသားအားလုံးတို့သည်
မိမိတို့၏အသိဉာဏ်ထက်မြက်မှု
အပေါ်လိုက်၍လိမ်ညာခြင်းအမျိုး
မျိုးကိုပြုမူလုပ်ဆောင်နိုင်ကြပါလိမ့်
မည်။သို့သော်လည်းမိမိကိုယ်ကို
တော့လိမ်ညာ၍မရနိုင်ပါ။
မိမိသည်မိမိအပေါ်လိမ်ညာမည့်
ပုဂ္ဂိုလ်မျိုးကိုမိမိအနေဖြင့်
ယုံကြည်မှုမရှိနိုင်ပေ။
မိမိကိုယ်တိုင်လိမ်ညာတတ်သူဖြစ်ပါကမိမိကိုယ်ကိုပင် မယုံကြည်နိုင်ခြင်း
အဖြစ်သို့ရောက်ရှိပေလိမ့်မည်။
လူတစ်ဦးတစ်ယောက်မှမိမိအပေါ်
ယုံကြည်မှုထားရှိရန်ဆိုသည်မှာ
မိမိကိုယ်၌ပင်လျှင်ယုံကြည်မှု
အပြည့်အဝရှိရန်အင်မတန်အရေး
ကြီးလှပါသည်။
ထို့ကြောင့်ယုံကြည်မှုကိုတည်ဆောက်
ရာတွင်လိမ်ညာခြင်းကင်းမဲ့သော
ရိုးသားဖြောင့်မတ်မှုသည်အထူးပင်
လိုအပ်လှပေသည်။
image
ယုံကြည်မှုတို့နောက်တွင်……

မိမိကိုယ်ကို"အောင်မြင်ရမည်"ဟု
ယုံကြည်ချက်၏နောက်၌
"ဖြစ်နိုင်ပါမလား?"ဟူသော
သံသယစိတ်သည်အနည်းနှင့်အများ
ကပ်တွယ်ပါလာတတ်ပါသည်။
ဤသို့သံသယစိတ်ဖြစ်ပေါ်ရခြင်းမှာ
မိမိလိုချင်သည့်အောင်မြင်မှု
အတွက်ပေးဆပ်ရမည့်အရင်းအနှီး
နှင့်ကြာမြင့်နိုင်သောအချိန်အတိုင်း
အတာကိုမတွက်ဆမိသောကြောင့်
ဖြစ်ပါသည်။
သို့ဖြစ်၍မိမိသည်မိမိ၏စွမ်းရည်နှင့်
လုပ်နိုင်စွမ်းအပေါ်မူတည်ကာ
အောင်မြင်မှုရရှိမည့်အချိန်အတိုင်း
အတာကိုကြိုတင်ခန့်မှုန်းထားနိုင်
ရမည်ဖြစ်ပါသည်။ထိုသို့ခန့်မှန်းနိုင်
ခြင်းဖြင့်မိမိ၏သံသယစိတ်ကိုပါ
လျော့ချနိုင်မည်ဖြစ်ပြီးယုံကြည်မှု
များတဖြည်းဖြည်းတိုးမြင့်လာသည့်
အခါ၎င်းသံသယစိတ်များလည်း
အလိုလိုပင်ပျောက်ကွယ်သွားမည်
သာဖြစ်ပါသည်။
image
အောင်မြင်ခြင်း၏လမ်းမပေါ်သို့…

အောင်မြင်မှုဆီသို့သွားရသောလမ်းမ
ပေါ်၌အခက်အခဲများစွာရှိပေလိမ့်
မည်။ထိုလမ်းမပေါ်တွင်
၎င်းအခက်အခဲများကိုဖြေရှင်းရာ၌
အမှားတို့သည်ဖြစ်ပေါ်ပေလိမ့်မည်။
မှားမှာကိုကြောက်နေလျှင်တော့
ဘာအလုပ်မှမလုပ်ဘဲထိုင်နေရုံ
သာရှိပေသည်။ထိုအမှားများထဲမှ
ပြန်လည်သင်ခန်းစာယူကာ
အမှားနည်းသထက်နည်းအောင်
ပြုလုပ်ဆောင်ရွက်ကြရမည်သာ
ဖြစ်ပါသည်။

ပန်းတိုင်အတုတွေကိုမမက်မောပါနှင့်

"အစကောင်းမှအနှောင်းသေချာ"
ဟူသောစကားပုံအတိုင်းပင်
စတင်ချိန်၌ကောင်းမွန်ခဲ့မှအဆုံး
သတ်အချိန်တွင်သေချာရေရာမည်
သာဖြစ်ပေသည်။
ခဏတာစိတ်သာယာမှုဖြစ်စေခြင်း
တို့သည်မိမိ၏ကြိုးစားမှုကြောင့်
ဖြစ်ပေါ်လာသောရလဒ်ပင်ဖြစ်သည်။
ထိုအရာတို့သည် မိမိရည်မှန်းထား
သောအောင်မြင်မှုအစစ်အမှန်
ဆီသို့မရောက်ရှိစေရန် တားဆီးနေ
သည့်ပန်းတိုင်အတု(သို့မဟုတ်)
ထင်ယောင်ထင်မှားအောင်မြင်မှု
သာဖြစ်ပေသည်။၎င်းအပေါ်တွင်
သာယာမက်မောသည့်စိတ်ဖြစ်ပေါ်
နေပါကလည်း အောင်မြင်မှုဆီသို့
ရောက်ရှိရန်ဝေးကွာသွားပေလိမ့်
မည်။

သို့ဖြစ်ပါ၍စာဖတ်သူတို့၏
ဘဝတွင်လည်းယုံကြည်ချက်အပြည့်
အဝရှိသောအောင်မြင်မှုအစစ်အမှန်
ရရှိစေရန် မှန်ကန်သောနည်းလမ်း
များကိုစနစ်တကျလိုက်နာကျင့်သုံး
တတ်ပါစေကြောင်းဤဆောင်းပါး
လေးဖြင့်အသိပေးတိုက်တွန်း
လိုက်ရပါတော့သည်။ ။

image
Credict Photos:Google
Written by Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

Thank you @aungtharkyaw for making a transfer to me for an upvote of 0.73% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

အောင်မြင်မှုရအောင် ယုံကြည်ချက်ထားပြီး ကြိုးစားရမှာပေါ့ဗျာ

အသေချာဆုံးပေါ့အစ်ကိုရာ

တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်

အမှန်ဆုံးပေါ့ဗျာ

အ​ကောင်​ထည်​​ဖော်​နိုင်​ပါ​စေbro

ပေးတဲ့ဆုနဲ့ပြည့်ပါရစေbro

အစကောင်းမှ အနှောင်းသေချာမှာ သေချာပါတယ်broရေ။

Bloody Trueပေါ့ဗျာ

အိပ်မက်တွေမက်ပီး အလုပ်လုပ်ပါ အောင်မြင်ပါမည် :)

ဟုတ်ကဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်လျက်ပါ

ဖတ်လို့ကောင်းပါတယ် အစ်ကို

ကျေးဇူးပါbro

အရမ်းကောင်းပါတယ် good postပါbro

ကျေးဇူးပါပဲအစ်ကိုရေ

အသီးကိုလိုချင်ရင်တော့အပင်ကိုပျိုးရမှာပေါ့ဗျာ
အပင်ပျိုးတဲ့နေရာမှာလဲ မြေသြဇာသုံးသင့်ရင်သုံးပေးရပါဦးမယ်ဗျာ

အောင်မြင်မှုအသီးအပွင့်ကိုရဖို့
ယုံကြည်မှုမြေသြဇာသုံးထားပါတယ်bro

ယုံကြည်မှု တည်ဆောက်ပါ
ယုံကြည်လျှင် တဝက် အောင်နိုင်ပြီးသား
လုပ်ဆောင်ချက်ထည့်လိုက်တော့ အပြည့်အဝ အောင်မြင်မည်ပေါ့

ထပ်မံမှတ်သားထားပါတယ်အစ်ကိုရေ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63630.78
ETH 3406.29
USDT 1.00
SBD 2.55