ငနောင် (အပိုင်း ၄)
အပိုင်း ၁ ဖတ်ရှုရန်
အပိုင်း ၂ ဖတ်ရှုပရန်
အပိုင်း ၃ ဖတ်ရှုရန်
တစ်နေ့
ငနောင်တစ်ယောက် မိခင်မှ မသွားရန်တားနေသည့်ကြားမှ သူ့၏သူငယ်ချင်းအိမ်ဟုဆိုကာ ထွက်သွားလေသည်။
သူ့၏သူငယ်ချင်းအိမ်၌အပေါင်းသင်းများစုကာ အရက်ဝိုင်းတည်ခင်းကြပါတော့သည်။
အရက်ကလေး ထွေလာကြရာ သင်္ချိုင်းကုန်းသို့ ချိုးငှက်ပစ်သွားရန် တိုင်ပင်ကြလေသည်။ကြောက်တတ်သူအချို့က မလိုက်လိုသော်လည်း "မင်းယောကျာင်္းမဟုတ်ဘူးလား၊ ငါတို့တောင်သွားရဲသေးတာ မင်းကမလိုက်ရဲဘူးလား"စသည့် စကားလုံးများဖြင့် စိတ်ဆွ၍ မပါပာအောင်ခေါ်ဆောင်ကြလေသည်။ဤသို့ဖြင့် အရက်သမားတစ်စု သင်္ချိုင်းကုန်းသို့ ချိုးငှက်ပစ်သွားကြတော့သည်။အချိန်ကား ညပိုင်း၇နာရီဝန်းကျင်ခန့်ပင်ဖြစ်လေ၏။ မူးမူးရူးရူး နှင့်သချိင်္ုင်းအတွင်း ရုတ်ရင်းကြမ်းတမ်းသောစကားများကိုလည်းကောင်း၊ စည်းမဲ့ကမ်းမဲ့ အပြုမူတို့ကိုလည်းကောင်း ပြောဆို၊ပြုမူခဲ့ပုံပေါ်ပေ၏။
.
Crd-org-source
အိမ်သို့ပြန်ရောက်သော် ငနောင်တစ်ယောက် ထိန်လန့်  ကြောက်ရွံနေလေတော့သည်။ပါးစပ်မှလည်း" မလာနဲ့ မလာနဲ့ သွားသွား"စသည့်စကားတို့ပြောဆိုနေတော့သည်။လက်မှလည်း တစ်စုံတစ်ခု သူ့၏နားကပ်လာ၍ တွန်းထုတ်ခါနေလေသည်။ မိခင်ဖြစ်သူမှ "ဘာမှမရှိပါဘူး "ငနောင်ရယ် အိပ်တော့အိပ်တော့ "
ဆို၍ အိပ်ရာခင်းပေး၊ခြင်ထောင် ထောင်ပေးပြီး အိပ်ခိုင်းရလေ၏။သို့သော် မိခင်ရှိနေစဉ်၌သာ ခေတ္တခဏ အိပ်၍ ပြန်လည်၍ထိတ်လန့်နေပြန်လေ၏။ အိပ်နေရမှ ပြန်လည်ထ၍ မိခင်အိပနေသည့် အနားသို့သွာ၍ "အမေ သားကိုလာထိုင်ကြည့်နေတယ် သားမအိပ်ရဲဘူး" ဟူ၍ မိခင်အိပ်နေရာအနီး၌ ထိုင်နေလေသည်။
မိခင်ဖြစ်သူလည်း အိပ်နေရာမှထ၍ ဘုရားစင်ပေါ်၌ရှိသော ပုရိတ်ရေအားတိုက်ခါ အိပ်ခိုင်းရပြန်ပေသည်။ အတန်ငယ်ငြိမ်သက်သွားမှ မိခင်ဖြစ်သူလည်း ပြန်လည်ကာအိပ်စက်ခြင်းပြုလေသည်။
ကိုကြီးသက်နိုင်လည်း ငနောင်ယခုလိုဖြစ်နေသောအခါ အိပ်၍ကားမရချေ။ မနက်၂နာရီပင်ကျော်၍နေပြီးဖြစ်ရာ ယခုထိတရေးမှ အိပ်လို့ မရသေး၍ ငနောင်မြန်မြန်အိပ်ပျော်ပါစေဟုသာ ဆုတောင်းနေရလေသည်။
ဤလိုနှင့် နာရီဝက် တစ်နာရီခန့် ငြိမ်သက်သွားလေ၏။ မိသားစုအားလုံးလည်း အိပ်မောကြကုန်ပေတော့သည်။
" မလာနဲ့ မလာနဲ့ ငါ့နားမလာနဲ့နော် မလိုက်ဘူး ငါမလိုက်ဘူးနော်" စူးစူးဝါးဝါးနှင့် ငနောင်၏အော်သံပင်။ အားလုံးလန့်၍ပင်နိုးလာကြတော့သည်။ ပါးစပ်ကလည်းအော်ဟစ်၍ လက်မှလည်း တကာကာ ပြုခါ သူ့အိပ်ရာခေါင်းရင်း၌ရှိသော ပြတင်းပေါက်နား တိုး၍တိုး၍ ကပ်သွားလေသည်။ ထို့နောက် ပြတင်းပေါက်မှပင်ခုန်၍ပင် ချပါလေတော့သည်။ မည်သူမှ ဆွဲချိန်ပင် မရလိုက်ကြပေ။
ခေါင်းရင်းပြတင်းပေါက် အောက်တည့်တည့်ရှိ ခြံစည်းရိုးမှဝါးချွန်များ ငနောင်၏ပေါင်သို့ စိုက်ဝင်ကုန်တော့၏။ အား ခနဲကျယ်လောင်စွာအော်သံကြောင့် အနီးနားအိမ်များမှပင် လာရောက်ကြည့်ရှုကုန်တော့သည်။
ကားအမြန်ငှါး၍ ဆေးရုံသို့ ပို့ဆောင်ကြရလေသည်။
ဆေးရုံရောက်၍ ၂ရက်၃ရက်ခန့်ထိပင် ငနောင်တစ်ယောက် အကြောက်မပြေသေးပေ။
ပေါင်မှ ဝါးချွန်းထိုးမိသည့် ဒဏ်ရာသက်သာရန်ပင် တစ်ပတ်ခန့် ဆေးရုံ၌ နေခဲ့ရပေသည်။
ဒဏ်ရာသက်သာ၍ ဆေးရုံမှ ဆင်းလာသော်လည်း ခြေထောက်သည် ထော့နဲ့ထော့နဲ့နှင့်သာ ငနောင်တစ်ယောက်လျှောက်နိုင်သေးပေသည်။
.
Crd-org-source
မိခင်စကားနားမထောင်သောငနောင် ဤခံစားရမှုများကြောင့် လိမ္မာသွားမည်လော၊သို့မဟုတ် ဆက်၍ဆိုးမိုက်နေမည်လော
အပိုင်း ၅ ဆက်၍ဖတ်ပေးပါရန်
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ကျော်ဗေဒင်ဆီသွားမေးတာတော့ ငနောင်လိမ်မာသွားမယ်လို့ပြောတယ်။ဗေဒင်ခ5000တော့ညေးအောင်ကြီးကပြန်ပေးရလိမ့်မယ်။စေတနာနဲ့သွားမေးပေးထားတာမိုလို့။ဟီ
ငမ်း ဈေးကြီးတယ် ဒီဘက်မှာ ၂၅၀၀ ရှိတာကို
😂😂
နည်းနည်းလန့်သွားပီဆိုတော့ လိမ္မာတော့မယ်ထင်တယ် ခ်ခ်
လိမ္မာပါစေ ဆုတောင်းရတာဘဲအမ
သရဲဝင်ပူးတော့ကြာက်သွားမှာပေါ့။
ကြောက်သွားတာတော့ တကယ်အမ
ကြောက်စရာ
သရဲ သရဲ
ဒီအပတ် ဇာတ်သိမ်းတွေဖတ်ရတာများတယ်
ကောင်းကြတယ်ဗျို့ 
ဟုတ် ဦးထွေး
အပိုင်းဆက်တွေ ရေးရတာလည်း ရှေ့က လင့်တွေ ပြန်ပြန် ချရတာ မစားသာဘူး
Note ထဲသိမ်းထားလေ အမ ရှေ့ကလင့်တွေ
မလာနဲ့ ကွောင်ကြီး မလာနဲ့ သွားသွား 😁😁
ငိ ကျနော်လာပရစေ😂
မည်သို့ဖြစ်မည် လော ဆိုတာ
မည့်သို့ဖြစ်မည်လောပေါ့နော် အမ😂
တကယ်တော့ မဖဲဝါ ဦးအင်းနဲ့စိတ်ဆိုးပြီး ငနောင့်ဆီ လိုက်လာတာပါ .. သူတို့ ပြေလည်ရင် ပြန်သွားမှာပါ ..😂😂 နောက်တစ်ပိုင်း မျှော်နေပါတယ် ကိုအောင်ကြီးရေ ..
အော် အာ့မဖဲဝါပါလာတာကိုး😀
ကိုအောင်ကတော့ ငါးဖမ်းလိုက်ရေချိုးလိုက်ပဲနော...
ဟုတ် အကို😂