Msc အလှူ+​တွေ့ဆုံပွဲမှ အမှတ်​တရ​လေးများ (ဇာတ်​သိမ်း)

in #myanmar6 years ago

အပိုင်း ၁ အားဤနေရာတွင်​ဖတ်​ရှုပါရန်
https://steemit.com/myanmar/@aunggyi100/msc-al-ety-saonpyemw-amwt-tya-elundefined-ec4e064d71786
အပိုင်း ၂ အားဤ​နေရာတွင်​ ဖတ်​ရှုပါရန်
https://steemit.com/myanmar/@aunggyi100/msc-al-ety-saonpyemw-amwt-tya-elundefined-apong-2-3eb3d91e5465
Msc အလှူ+​တွေ့ဆုံပွဲမှ အမှတ်​တရ​လေးများ ၃
https://steemit.com/myanmar/@aunggyi100/msc-al-ety-saonpyemw-amwt-tya-elundefined-apong-3-8db13d8d12213
ဤသို့ဖြင့် ​ပြန်​ကြသူများကား အလျှို အလျှို ထွက်​ခွာသွားကြ​ပေ၏။ကျန်​​နေခဲ့သူများကား ကိုဟင်​၊ကျွန်​​တော်​၊ကိုသက်​၊ကွီး​ရွှေ၊ကိုဘီလီယံနာဟိန်း၊ကိုဒိုမီ တို့ပင်​။ကိုကိုမိုးဟန်​ကား ကိုဂျွန်​အား တည်းခိုခန်းလိုက်​​ပို့​ပေးရ သဖြင့်​ပို့ပြီး တန်းပြန်​၍သွား​ပေ၏။
ကျန်​ခဲ့သူ၆​ယောက်​သား မည်​သည့်​​နေရာသို့ ​ခြေရှည်​ရန်​​ကောင်းမည်​နည်း တိုင်​ပင်​ကြ​ပေ​တော့သည်​။တခြားလူများက ဘယ်​သွားမည်​ ဘယ်​​နေရာ​ကောင်း၏ ​လေ​သေနတ်​ ပစ်​​နေကြ​​သော်​လည်း ကိုဟင်​ကား "အင်း ​ကောင်းပါတယ်​၊သွား​လေ သွားကြတာ​ပေါ့"ဤမျှသာဝင်​​ပြောရှာ၏။ မန္တ​လေးမြို့၌ ​လေခွန်​​ဆောင်​ရသည်​ဟုများ ကြားခဲ့​လေ​ရော့လား မသိ​ပေ။ ​နောက်​ဆုံး ကိုသက်​မှ"မန္တ​လေး ​တောင်​​ပေါ်က​နေ ညရှုခင်း​​တွေကြည့်​လို့အရမ်းလှ​ကြောင်း၊​တောင်​​ပေါ်လိုက်​ပို့​ပေးမယ်​​"​ပြော​လေမှ အားလုံး၏ ဦးတည်​ရာ အရပ်​ကား မန္တ​လေး ​တောင်​​ပေါ်သို့ပင်​။
ဦးတည်​ရာအရပ်​ ​သေချာပြီဆိုသည်​နှင့်​ပင်​ ​မန္တ​လေး​တောင်​​ပေါ် ဆိုင်​ကယ်​များဖြင့်​တက်​ရန်​ စီစဉ်​ကြ​ပေ​တော့၏။လက်​ရှိမှာကား ဆိုင်​ကယ်​နှစ်​စီးနှင့်​ လူ​ခြောက်​​ယောက်​ပင်​။
သုံး​ယောက်​တစ်​စီးသာ ​တောင်​​ပေါ်တက်​လျှင်​ အ​ပေါ်မ​ရောက်​မှီပင်​ အနိစ္စသ​ဘောနှင့်​ ကိစ္စ​ချောသွားနိုင်​​ပေ၏။ ဤသည်​အား သိ၍ထင်​ ကိုသက်​အိမ်​သို့ အရင်​သွား​ရောက်​၍ ဆိုင်​ကယ်​တစ်​စီး ဝင်​ယူရ​ပေ၏။ထိုမှသာလျှင်​ အဆင်​ပြေ​ပေ​တော့၏။ နှစ်​​ယောက်​တစ်​စီး ကိုဘီလီယံနာဟိန်းနှင့်​ ကိုဒိုမီ​က တစ်​တွဲ၊ကိုဟင်​နှင့်​ကိုသက်​က တစ်​တွဲ၊ကျွန်​​တော်​နှင့်​ ကွီး​ရွှေက တစ်​တွဲ့ ဆိုင်​ကယ်​သုံးစီးနှင့်​ မန္တ​လေး​တောင်​​တော်​​ပေါ်သို့တက်​ကြ​ပေ​တော့၏။ဤကဲ့သို့တက်​ရာတွင်​ တခြားဆိုင်​ကယ်​များမှာ ပြသနာ မရှိ၊ကျွန်​​တော်​နှင့်​ ကွီး​ရွှေစီးလာသည့်​ ဆိုင်​ကယ်​​လေးမှာ ငယ်​သံပါ​အောင်းရုန်း၍တက်​ရရှာ​ပေသည်​။ကိုယ့်​ဆိုင်​ကယ်​​လေးက အင်​ဂျင်​ကျ​နေသည်​ကိုး။ "ကွီး​ရွှေ ကျွန်​​တော်​ဆိုင်​ကယ်​​နောက်​က လိုက်​ရတာမ​ကြောက်​ဘူးလား"ဟု​မေးမိလိုက်​​သောအခါ"မ​ကြောက်​ပါဘူးကွာ ဘာလို့​ကြောက်​ရမှာလည်း"ဟူ၍​ပြန်​​ဖြေ​လေ၏။ ကွီး​ရွှေ မ​ကြောက်​​သော်​လည်းမိမိမှာ​တော့ လန့်​​နေမိ​လေ၏။ ကိုယ့်​ဆိုင်​ကယ်​အ​ကြောင်းကိုသိ​လေ၏။
ဤသို့ဖြင့်​ ​တောင်​​ပေါ်သို့ပင်​ ​ရောက်​ရှိလာခဲ့ကြ​ပေ​တော့၏။ညအချိန်​ ​တောင်​​ပေါ်မှ မန္တ​လေးမြို့၏ ရှုခင်းများကား အ​တော်​ပင်​လှပ​ပေ၏။
. image
တ​နေရာဝင်​တ​နေရာထွက်​တက်​လာလိုက်​ကြသည်​မှာ ​မြွေကြီးနှစ်​​ကောင်​သို့ပင်​ ​ရောက်​ရှိလာကြ၏။ ဤတွင်​တစ်​ခု​ပြောစရာရှိသည်​မှာ ကျွန်​​တော်​တို့ leader ကြီးကိုဟင်​ပင်​။ တိရစ္ဆာန်​ ​လေးများအား ချစ်​​တတ်​​သူဖြစ်​၏။လမ်းတစ်​​လျှောက်​ ​ခွေး​က​လေးများ၊​ကြောင်​က​လေးများနှင့်​ ​ဆော့​နေတတ်​​ပေ၏။
မ​န္တ​လေး​​တောင်​အ​ကြောင်း ကိုဟင်​အား ခ​ရေ​စေ့တွင်းကျရှင်းပြ​ပေးသူကား ကျွန်​​တော်​တို့၏ ကိုသက်​ကြီးပင်​။ image
ဤည​လေး​အတွင်းမှာပင်​ ​တွေ့ဆုံခဲ့ကြသများ ပိုမိုခင်​မင်​ခွင့်​ရခဲ့သည်​ဟုပင်​ ဆိုရ​ပေမည်​။
ကျွန်​​တော်​​ရေးသား​သော Msc အလှူ+​တွေ့ဆုံပွဲမှ အမှတ်​တရ​လေးများ စာစု​​လေးအား ဤေ​နရာ၌အဆုံးသတ်​ လိုက်​ပါသည်​။
. image image
.( ပြီးပါပြီ )
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

ကိုသက်ကြီးကတော့ ပြုံးပြုံးနဲ့ တအားဖော်ရွေပါတယ် မန်းလေးမှာ တော့ ကွာအောင်ကြီးပဲ မတွေ့လိုက်ရတာ

တပည့်​​တော်​လည်း ဦးဇင်းနဲ့​တွေ့ချင်​မိတာပါ

အယ် ပီးတောင်သွားပီကိုး

ပြီးသွာြး​ပီ ​လေ ကို ​ကျော်​😊

အာ့မငီး ငယ်သံပါအောင်အော်တဲ့ ဆိုင်ကယ်နဲ့များ မန်း
တော်ပေါ်တက်ရတယ်လို့ သတ္တိခဲ ပေ ဘဲ

အဲ့လို အဲ့လို တက်​ခဲ့လိုက်​တယ်​အမ​ရေ😂😂

နောက်အခေါက်တွေဆိုရင်..အန်တီလဲပါဝင်လာမယ်နော်။
ဘယ်ရမလဲ..ဘီယာသောက်တဲ့သူတွေမှောက်အောင်..ပြောပစ်မယ့်စကားတွေ....။

ဟုတ်​ အန်​တီ​သောက်​တဲ့လူ​တွေ​မှောက်​​အောင်​​ပြောပလိုက်​😂

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

နောက်တစ်ခါဆို ဒို့လည်း ရေးအားရှိလာမှာပါအေ အောင်ကြီး

ဟုတ်​ အမ😊

နောက်​တစ်​ခါ ​သေချာ​ပေါက်​ ဆုံမယ်​ဗျာ ..

ဟုတ်​ ဆုံချင်​ပါတယ်​ အကို​ရေ

You got a 11.10% upvote from @redlambo courtesy of @aunggyi100! Make sure to use tag #redlambo to be considered for the curation post!

မန်း​လေး​တောင်​ကို ဘယ်​ချိန်​ချိန်​​ရောက်​​ရောက်​ ရှူခင်း​တွေက​တော့
ရှူမငြီးနိုင်​ဘူးဗျာ

ဟုတ်​တယ်​ဗျ ကိုကိုမိုးဟန်

ကိုအောင်ကြီးရေ ဒီတခါတော့အခွင့်ရေးကို အဆုံးရှုံး
မခံတော့ဘူး ဆရာသမားတွေအားလုံနဲ့ ဆုံတွေ့ရမယ်

ဟုတ်​ ​တွေု့ကြမယ်​​လေ ကိုညီ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63315.26
ETH 2668.31
USDT 1.00
SBD 2.79