Msc အလှူ+​တွေ့ဆုံပွဲမှ အမှတ်​တရ​လေးများ အပိုင်း ၂

in #myanmar7 years ago (edited)

ဤကဲ့သို့အသီးသီးမိတ်​ဆက်​ပြီးကြလျှင်​ ကားများ​ပေါ်တက်​ရန်​ထွက်​ခွာကြ​ပေ၏။
ကျွန်​​တော်​၊ကိုဂျွန်​၊ဆရာ၊ဆရာ့ဇနီး၊ကိုစိုး၊ကိုဒိုမီ၊ပြည့်​စုံ၊ပြည့်​စုံအ​မေ၊ကိုဟင်​၊ကိုသက်​၊ဆရာညီ တို့နှင့်​အတူ ကားတစ်​စီးထဲ စီးကြ​ပေသည်​။ ဆရာ့ ဇနီးသည်​ ​စကား​ပြော​ကောင်း​မွန်​သူ ဖြစ်​​​ကြောင်း ထိုအခါ၌ သိခွင့်​ရခဲ့​ပေ၏။ ကား​ပေါ်ပါလာသူအားလုံး ​ပြောဆိုကြသည့်​ စကားဝိုင်းတွင်​ ဦး​ဆောင်​သူကား ဆရာ့ဇနီးပင်​။ ဆရာ့ဇနီး ​​ပြောသည့်​စကားများထဲ၌ ကျွန်ုပ်​အဖို့ မှတ်​မှတ်​ရရ ဖြစ်​​စေသည့်​စကားတခွန်း ရှိ​ပေ၏။ ထိုစကားသည်​ကား "လူဆိုတာ ဒုက္ခ​ရောက်​မှ အရည်​အချင်း ​တွေထွက်​​ပေါ်လာတာ၊ ဒုက္ခများများ​ရောက်​ခဲ့ဖူးရင်​ အခက်​ခဲ​​တွေကို ကိုယ့်​အစွမ်းစဖြင့်​ ​ဖြေရှင်းရကြလိမ့်​မယ်​" ဘယ်​​သောအခာမှ ​မေ့​တော့မည်​မဟုတ်​သည့်​ စကားလုံးများပင်​။ မည်​သူတစ်​ဦးတစ်​​ယောက်​မှ ရိုက်​၍မသင်​ရပါဘဲ ဦး​နှောက်​တွင်း၌ ခိုင်​မာစွာ ​နေရာယူ၍သွား​ပေသည်​။ စကားများစွာ​ပြောဆိုကြရင်းနှင့်​ပင်​ msc မှအလှူတန်းပြုလုပ်​မည့်​ စိတ္တဇ ​ဆေးရုံကြီးထဲသို့
ကျွန်​​တော်​ တို့စီးလာသည့်​ကား​လေး ဝင်​​ရောက်​ခဲ့​ပေတာ့၏။ ​ဆေးရုံဝန်းအတွင်း ​ရောက်​လျှင်​​ရောက်​ချင်းပင်​ ကြက်​သားဒံ​ပေါက်​ဗူးများ၊အ​အေးဗူးများအား အသီးသီး သယ်​​ဆောင်​၍၊​နေရချကြ​ပေသည်​။
ဆေးရုံဝန်းအတွင်း တာဝန်​ကြသူများမှ လူနာများလန့်​မည်​ စိုးရိမ်​ရ​သော​ကြောင့်​ လူဦး​ရေများစွာ ဝင်​ခွင့်​မပြု​ပေ။
ကိုဟင်​၊ဆရာတို့မှ ကိုယ်​တိုင်​ကိုယ်​ကျ သွား​ရောက်​၍ လှူဒါန်းကြ​ပေသည်​။ ကျန်​လူများကား လူနာများထားရာ အ​ဆောင်​​ရှေ့၌ပင်​ အလာဘ သလာဘ ​ပြောဆိုကြရင်း ​စောင့်​၍​နေကြ​ပေ၏။ ဤသို့ဖြင့်​ လှူဒါန်းမှုအတွက်​ လုပ်​စရာအသီးသီး လုပ်​၍ပြီးစီးကြလျှင်​ ပြန်​လည်​ထွက်​ခါ လာကြ​ပေသည်​။
. image image
Msc no.179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

Boost Your Post. Send 0.100 STEEM or SBD and your post url on memo and we will resteem your post on 5000+ followers. check our account to see the follower count.

မှတ်​သားထိုက်​​သော ဆုံးမစကားပါပဲ ကို​အောင်​ကြီး​ရေ ..

ဟုတ်​တယ်​အကို​ရေ ​မေ့မရနိုင်​တဲ့ စကားပါ

ဆရာတင်​ မ​ဟေသီပဲဗျ

ဟုတ်​တယ်​ ဦး​ထွေး

ကိုအောင်ကြီးအတွက် အမှတ်တရတွေနေ့စွဲတွေပေါ့

ဟုတ်​တယ်​ကိုမြင့်​​ရေ မ​မေ့နိုင်​စရာ​နေ့​တွေ

နောက်ဆိုဒီထက်ပိုပြီး ကောင်းမှုကုသိုလ်တွေလုပ်နိုင်
အောင် ကြိုးစားရတော့မယ် ကိုအောင်ကြီးရေ

ဟုတ်​တယ်​ ကို​​ညီညီထွန်​​ရေ

msc မွေးနေ့တော့ အားခဲထားတယ် အောင်ကြီးရေ

ဟုတ်​ အမ

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးတင်​ပါတယ်

တော်တော်စားတာနော်ညေး။ဟေဟေး

ဟုတ်​တယ်​ ခိုခိုဇာ😂😂

အဲ့ဒီ​နေ့​လေး​ကိုအမြဲသတိရ​နေတယ်​ဗျာ

အမှတ်​ရစရာ ​နေ့စွဲ​လေး​တွေပါ

တကယ်ပဲ ဂုဏ်ယူမိပါ့ဗျာ

ဟုတ်​အကို ​ကျေးဇူးပါ ဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63313.88
ETH 2629.50
USDT 1.00
SBD 2.76