Msc အလှူ+​တွေ့ဆုံပွဲမှ အမှတ်​တရ​လေးများ

in #myanmar6 years ago

Msc မှ စိတ်​ကျန်းမာ​ရေး​ဆေးရုံကြီးသို့ ကြက်​သားဒံ​ပေါက်​သွား​ရောက်​လှူဒါန်းရန်​မနက်​ ၈:၃၀ အ​ရောက်​ အကိုဟင်​တည်းခိုသည့်​ ရထိုက်​​ ​ဟော်​တယ်​သို့ ကျွန်​​တော်​ ​စော​စောစီးစီး​ရောက်​ရှိလာ​ပေသည်​။ ​ဟော်​တယ်​​ရှေ့​ရောက်​လျှင်​ မည်​သူမှမ​တွေ့၍ ကွမ်းယာ ​လေးဝယ်​ယူပြီး ဆိုင်​​ရှေ့မှာပင်​ရှိ​သောခုံ​လေး​ပေါ်မှာပင်​ထိုင်​၍ မည်​သူများ​ပေါ်လာ​လေမည်​နည်း ဟု​စောင့်​​နေလိုက်​၏။
ကိုသက်​အား ဖုန်းဆက်​၍​မေးကြည့်​​သောအခါ၌ ​"ဟော်​တယ်​​ရှေ့က​နေသာ​စောင့်​​နေပါ" ဟု​ပြော​လေရာ ဆက်​လက်​​စောင့်​​နေလိုက်​​ပေ၏။ ၁၅ မိနစ်​ခန်​ကြာလျှင်​ ကိုကိုမိုးဟိန်း​ရောက်​ရှိလာ​ပေသည်​။ နှစ်​ဦးသား မည်​သူမျှမ​ရောက်​​သေး၍ လက်​ဖက်​ရည်​ ဆိုင်​သွားကာ ထိုင်​​နေရန်​ထွက်​ခွာ​လေသည်​။ လက်​ဖက်​ရည်​ ဆိုင်​​ရောက်​လျှင်​ပင်​ ဆရာတင်​လှိုင်​ဦး ပါလာမည်​ဆိုသည်​အား သတိရ၍ ဆရာ့ကိုဖုန်းဆက်​မိ​ပေသည်​။ ဆရာတို့ ဇနီး​မောင်​နှံ ကားကွင်းတွင်​ပင်​ရှိ​သေး​ကြောင်းသိရ​လေ၏။ ထိုအခါတွင်​ ကိုသက်​အားဖုန်းဆက်​​မေးမြန်း ရပြန်​​ပေသည်​။ ကိုသက်​မှ "​အေး ​​အောင်​ကြီး​ရေ ကားနဲ့ဆရာတို့ကိုဝင်​ကြိုရင်​ အဲ့ဒီနားက ကားကြပ်​တယ်​ဟ မင်းနဲ့ ကိုကိုမိုးဟန်​ ဆိုင်​ကယ်​နှစ်​စီးနဲ့ သွားကြိုလိုက်​ပါလား"ဟုဆို​လေသည်​။ကျွန်​​တော်​နှင့်​ ကိုကိုမိုးဟန်​ တို့နှစ်​​ဦးသား ဆရာတို့အား​သွားကြိုရန်​ကားကွင်းသို့ ထွက်​ခွာရ​ပေ​တော့သည်​။
သီရိမန္တလာ ကားကွင်း​ရှေ့သို့​ရောက်​​သောအခါ၌ ဆရာတို့အားမ​တွေ့ရသဖြင့်​ ဆရာ့ဖုန်းအားဆက်​၍ ​မေးမြန်းရ​လေသည်​။ ဆရာမှ မိမိတို့ ဇနီး​မောင်​နှံ ကိုဟင်​တည်းသည့်​ ရထိုက်​​ဟော်​တယ်​ သို့​ရောက်​ရှိ၍​နေပြီဖြစ်​​ကြောင်း​ပြောကြား​လေ၏။ ထိုအခါ နှစ်​ဦးသား လာလမ်းအတိုင်း ပြန်​လာခဲ့​လေ၏။
ရထိုက်​​ဟော်​တယ်​ ​ရှေ့​ရောက်​လျှင်​ပင်​ အတွင်းသို့ မဝင်​​သေး​ပေ၊နှစ်​ဦးသား ​ဟော်​တယ်​​ရှေ့၌ရှိ​သော ပလက်​​ဖောင်း ​လေး​ပေါ်ထိုင်​၍ မည်​သူများလာ​လေအုန်းမည်​နည်း ဟူသည့်​အ​တွေးဖြင့်​​စောင့်​​နေကြပြန်​ပါသည်​။
၁၀နာရီခွဲခန့်​မှ ကိုသက်​၊ကိုအာကာ၊​လေးစိုး တို့​ရောက်​လာကြ​​လေသည်​။ ထိုအခာတွင်​မှ ဆိုင်​ကယ်​များ ​ဟော်​တယ်​ဝင်းအတွင်းသို့သွင်း၍ ​ဟော်​တယ်​စား​သောက်​ခန်းတွင်း၌​ရောက်​ရှိ​နေသူဆရာတို့အား သွား​ရောက်​နှုတ်​ဆက်​ကြသည်​။ အတွင်း၌ ဆရာတင်​လှိုင်​ဦး၊ဆရာ့ဇနီး၊ကိုဟင်​၊ ပြည့်​စုံ အ​မေ တို့အား ​တွေ့ရ​လေ၏။ အကိုဟင်​၊ဆရာတို့နှင့်​ လက်​ဆွဲ နှုတ်​ဆက်​၍ မိမိကိုယ်​ကိုယ်​ မိတ်​ဆက်​ကြ​လေသည်​။
ဆရာတင်​လှိုင်​ဦး မှ ကိုကိုမိုးဟန်​ အား "သားကဘယ်​သူလည်း"​မေး​လေသည်​။ ကိုကိုမိုးဟန်​မှ "သားအမည်​ ကိုကိုမိုးဟန်​ပါ acc name= myanmar koo ပါဟု ရို​သေစွာပင်​ပြန်​​ဖြေပါသည်​။ကျွန်​​တော်​သည်​လည်း ဆရာ၏လက်​ကိုဆွဲ၍ "ကျွန်​​တော်​ ​အောင်​ကြီးပါ ဆရာ "ဟုနှုတ်​ဆက်​လိုက်​လျှင်​ "သား​တော့ မျက်​မှန်းတန်း မိပါတယ်​"ဟု ပြုံးရွှင်​စွာပင်​ဆို​လေသည်​။
. image
image
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

ကိုအောင်ကြီး တွေ့ဆုံပွဲ သွားလိုက်တာပေါ့ 😃

ဟုတ်​တယ်​ဗျ သွားလိုက်​ပါတယ်

မ​မေ့နိုင်​တဲ့ အမှတ်​တရ​လေး​တွေ​ပေါ့
နောက်​လည်းခနခန ဆုံဦးမယ်​ဗျာ

ဆုံချင်​ပါ​သေးတယ်​ ကိုကိုမိုးဟန်

တွေ့ရတာ ဝမ်းသာပါတယ် ကိုအောင်ကြီး ။

တကယ်​ပါ အဲ့လို​တွေဆုံခွင့်​ရတာကို အရမ်းဝမ်းသာမိတယ်​ ဆရာညီ

လာမဲ့မွေးနေ့ကျရင်တော့ ရောက်အောင် လှမ်းလာခဲ့မယ်ဗျာ

လာခဲ့ပါbro တကယ်​​ပျော်​စရာ​ကောင်းတယ်​ဗျ

အစ်​မတို့က​တော့ဓာတ်​ပုံ​လေး​တွေပဲကြည့်​​နေရတာ။

ဟုတ်​အမ အမတို့က​ အ​ဝေးကမို့ပါ

အတကွ ရောက်ရှိသွားသလို ခံစားရပါတယ်ဗျာ

ဟုတ်​ကိုမြင့်​ ​ကျေးဇူးတင်​ပါတယ်

ခုလို​လေး​တွေ ပြန်​တင်​​ပေးတာ ​ကျေးဇူးပါ ​ကို​အောင်​ကြီး​ရေ .. မ​ရောက်​ခဲ့​သော်​လည်း မြင်​​​​တွေ့​နေရသလို ခံစားရပါတယ်​ဗျာ ..

ဟုတ်​ ဖတ်​​ပေးတာ​ကျေးဇူးတင်​ပါတယ်​အကို​ရေ

အင့် ပီးအောင်ရေးပေရော့ ဖတ်ရတာ တန်းလန်းကြီး

ဟုတ်​အမပြီ​အောင်​​ရေးမှာပါ

ဆတ်ငင်ဆတ်ငင်နဲ့ဖတ်ရင်း မန့် ခဲ့သည်

ဖတ်​​ပေးတာကို​ကျေးဇူးပါညီမ​ရေ
ပြီး​အောင်​​ရေး​ပေးပါ့မယ်

မသွားနိုင်ပေမယ့်ပျော်ရွှင်ရပါတယ်ကိုအောင်ကြီးတစ်ရာရေ။ကိုဟင်နဲ့ဆရာလဲကျန်းမာပါစေ။mscအဖွဲ့သူအဖွဲ့သားတွေလဲ ဆထက်တပိုးတိုးတတ်ကြပါစေဗျာ။

ဟုတ်​ကိုဇာ

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 68745.77
ETH 3744.06
USDT 1.00
SBD 3.76