လမ်းမီး​လေးများ (အပိုင်း၂)

in #myanmar6 years ago (edited)

အပိုင်း ၁ ဖတ်​ရှုရန်
ဦး​ကျော်​တစ်​​ယောက်​ သူရည်​ရွယ်​ထားသည့်​အတိုင်း​နောက်​တစ်​​နေ့ နံနက်​၌ ဝိုင်းဝန်းကူညီတတ်​သည့်​လူငယ်​​လေးများနှင့်​​တွေ့ဆုံ၍ လမ်းမီးတိုင်​​လေးများပြုလုပ်​ရန်​ တိုင်​ပင်​ကြ​လေသည်​။
"လုပ်​တာက ဟုတ်​ပါပြီဦး​ကျော်​ ​မှောင်​တဲ့​နေရာတ​လျှောက်​လုံး အကုန်​လုပ်​မယ်​ဆိုရင်​ ၁၄တိုင်​၁၅တိုင်​​လောက်​ လုပ်​ရမယ်​ထင်​တယ်​ဗျ"
"တိုင်​အတွက်​ကုန်​ကျ​ငွေရယ်​ ကြိုးဆွဲဖို့၊​ကြွေသီးတပ်​တာ​တွေ၊ဖန်​​ချောင်း​တွေဆင်​ဖို့ရယ်​ဆို ကုန်​ကျစရိတ်​က မနည်းဘူး ဦး​ကျော်​​ရေ"
ဦး​ဇော်​ကြီး ​ပြောသည်​လည်းမှန်​​ပေသည်​။ရပ်​ကွပ်​အစမှ လမ်းထိပ်​ထိအ​ရောက်​ဆိုလျှင်​ ခန့်​မှန်း​ခြေအားဖြင့်​ ကုန်ကျေ​ငွဆယ်​သိန်းခန့်​ရှိမည်​။
"ကွန်​ကရစ်​လမ်းမကြီး​တောင်​ဖြစ်​​အောင်​လုပ်​လာကြပြီးပြီဘဲဦး​ဇော်​ရယ်​။ဒီမီးတိုင်​​လေး​လောက်​​တော့ ကျုပ်​တို့မလုပ်​နိုင်​စရာအ​​ကြောင်းမရှိပါဘူး"
ဟုတ်​​ပေသည်​။ 
. image
ပေ​ပေါင်း ၁၈၀၀၊၂၀၀၀နီးပါးရှိသည့်​လမ်း​လေးအားပင်​ ကွန်​ကရစ်​လမ်း​လေးဖြစ်​​အောင်​လုပ်​ခဲ့ကြပြီးဖြစ်​​လေသည်​။ ဤလမ်း​လေးအ​ကြောင်း​အား ကျွန်ုပ်​၏ "ဒါနလမ်း​လေး" စာစု၌ ​ရေးသားခဲ့ပြီးဖြစ်​သည်​။
ကျန်​လူငယ်​​လေးများကား ဝင်​​ရောက်​​ပြောဆိုခြင်းမရှိကြ​​ပေ။ဦး​ကျော်​နှင့်​ ဦး​ဇော်​တို့နှစ်​ဦးသာ ဒိုင်​ခံ၍​ဆွေး​နွေး​နေကြ​လေ၏။
လူငယ်​​လေးတို့ကား ဤကဲ့သို့​ ​ဆွေး​နွေး​လျှင်​သာ ဝင်​​ရောက်​​မ​ပြောဆိုကြ​သော်​လည်း ကိစ္စတစ်​ခုစတင်​လုပ်​​ဆောင်​ပြီဆိုသည်​နှင့်​ အားကြိုးမာန်​တက်​ လုပ်​ကိုင်​တတ်​ကြ​လေ၏။လွန်​စွာအားကိုးရသူများပင်​။
" ဒီလိုလုပ်​မယ်​ဗျာ မီးတိုင်​လုပ်​ဖို့ ကျွန်​​တော်​က၅သိန်းမတည်​လိုက်​မယ်​။ ကျန်​တာကို ကိုယ့်​ရပ်​ကွပ်​သူ၊ရပ်​ကွပ်​သား​တွေထဲက လှူချင်​တဲ့လူရှိရင်​ အလှူခံကြတာ​ပေါ့။ "
"လမ်းလုပ်​စဉ်​အခါ၌ကလည်း ဦး​ကျော်​ယခုလိုပင်​ စတင်​၍မတည်​​ငွေထည့်​ခဲ့​လေသည်​။
"ဟုတ်​ပြီ​လေ။ကျန်​တာကို ကျွန်​​တော်​နဲ့ က​လေး​တွေအလှူခံလိုက်​ပါ့မယ်​"
ဦး​ကျော်​မှ မတည်​​ငွေ၅သိန်း၊ဦး​ဇော်​ကြီးနှင့်​ လလူငယ်​တစ်​သိုက်​ အလှူခံ၍ရသည့်​​ငွေတို့ဖြင့်​​ပေါင်းလိုက်​ရာ ၁၁သိန်းပင်​​ကျော်​လွန်​ရရှိ​လေသည်​။ ဤ​နေရာ၌ ဦး​ဇော်​ကြီး၏ အပါးနပ်​စွာ​ပြောဆိုတတ်​မှုကို ချီးကျူးရ​ပေမည်​။သူ၏လိမ်​မာပါးနပ်​စွာ​ပြောဆိုတတ်​မှု​ကြောင့် အလှူ​ငွေ ​တော်​​တော်​များများရရှိခဲ့သည်​မဟုတ်​​ပေ​လော။
.images.jpeg
Crd-org-source
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

သာဓုပါဗျာ

ဟုတ်​ ​ကျေးဇူးပါbro

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ယူတတ်ကုသိုလ်ကောင်းပါသည်

ဟုတ်​​ကျေးဇူးပါ

အလှူခံမယ်ဆို အဲ့ ဦးဇော်လာပင့်ရမယ်ထင်တယ် အောင်ကြီးရေ☺☺☺

ဟုတ်​တယ်​​လေးစိုး အလှူခံတာလည်း ​ပြောတတ်​ဆိုတတ်​မှ😂

ဟုတ်​😊

လှူတတ်လိုက်တာ သာဓုသုံးကြိမ်ခေါ်ပါတယ်

ဟုတ်​ ​ကျေးဇူးပါပဲဗျ

လမ်းမီးလေး လင်းပြီဆိုတော့ အမှောင်ကြောင့်ဖြစ်နိုင်တဲ့ ရာဇဝတ်မှုတွေ ကင်းသွားတော့တာပေါ့ကွယ်

လင်း​သေးဝူး​လေဘုရား
လင်းမလို့ လုပ်​တုန်း​😂

စိတ်ကူးကောင်းတဲ့ အလှူလေးဗျို့

ဟုတ်​ဦး​ထွေး

အကောင်အထည် ဖော်ရပီပေါ့

ကောင်းလေစွ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 61733.68
ETH 2481.63
USDT 1.00
SBD 2.63