လမ်းမီး​လေးများ

in #myanmar6 years ago

ဦး​ကျော်​တစ်​​ယောက်​ ည​နေခင်း ညီအကိုမသိတသိအချိန်​ (သို့)​နေဝင်​ရိုးရီအချိန်​​လေး၌ ​အိမ်​​ရှေ့၌ခင်း​ကျင်းထားသည့်​ စားပွဲခုံ​လေးများ​ပေါ်ထိုင်​၍​ ​​ရေ​နွေးကြမ်းအိုး​လေးနှင့်​ စီးဇိမ်​ယူကာ​နေမိ​လေ၏။
ယခုလိုအချိန်​မျိုး၌ ယမကာ​သောက်​စားတတ်​သူတို့အတွက်​ကား ယမကာစီးဇိမ်​ယူချန်​ဖြစ်​​သော်​လည်း ​ဦး​ကျော်​ကားအရက်​​သေစာ မ​သောက်​တတ်​၍ အကြမ်းအိုး​လေးနှင့်​သာ စီးဇိမ်​ယူ​နေ​လေသည်​။
ဦး​ကျော်​လည်း အကြမ်းအိုး​လေးငှဲ့​သောက်​ရင်း လမ်းမကြီးဘက်​ ဘာရယ်​မဟုတ်​ ​ငေး​နေမိ​လေသည်​။
ရွာထဲမှ လမ်းမကြီးတိုင်း​လျှောက်​လာသူတစ်​​ယောက်​ ဦး​ကျော်​ထိုင်​​နေရာစီသို့ တန်းတန်းမတ်​မတ်​ဝင်​လာ​လေ၏။
"ဦး​ကျော်​ ကျွန်​​တော်​လမ်းထိပ်​သွားမလို့ဗျ ဘာမှာစရာရှိလည်းလို့ ဝင်​​မေးတာ"
ထိုအခု၌မှသာ ဦး​​ကျော်​လည်း မိမိအား ​မေးလာသူအား ​သေချာကြည့်​မိ​လေသည်​။
ရပ်​ကွပ်​ထဲက လူငယ်​တစ်​ဦးဖြစ်​သည့်​ ​ငထူးပင်​ဖြစ်​​လေသည်​။ငထူးပုံလည်းကြည့်​​လော့ ။စွတ်​ကျယ်​​လေးနှင့်​ ​ခြေ​ထောက်​၌ကား မိုးထဲ​ရေထဲ၌စီးရန်​သင့်​​တော်​သည့်​ ရှိုးဝါးဖိနပ်​အားစီးထား​လေသည်​။
အ​စောပိုင်း၌ မိုး​လေးဖွဲဖွဲကျထား​သော်​လည်း မစို့မပို့ဖြစ်​၍ထင်​ ပို၍ပင်​ ပူအိုက်​၍လာ​လေ၏၊ထို့ ငထူးတစ်​​ယောက်​စွတ်​ကျယ်​​လေးနှင့်​ ထွက်​လာခြင်းဖြစ်​​ပေမည်​ထင်​သည်​။
"မှာစရာ​တော့ မရှိပါဘူး ငထူးရာ တမာပင်​​ဂွေ့က​နေလိမ်းထိပ်​ထိက အ​မှောင်​ကျတယ်​​နော်​ ဂရုစိုက်​သွား ငထူး" ဦး​ကျော်​သတိ​ပေးလည်း​ပေးချင်​စရာပင်​။ထို အမ​မှောင်​ကျရာ ​နေရာ၌ အ​ရှေ့ဘက်​၌ သ​ပြေပန်းခင်း၊အ​နောက်​ဘက်​၌ ​ချောင်းကရှိ​နေသည်​မဟုတ်​​လော။တခါတရံ ပန်းခင်းဘက်​မှ​ချောင်းဘက်​သို့​သော်​လည်း​ကောင်း၊​ချောင်းဘက်​မှ ပန်း​ခင်းဘက်​သို့​သော်​လည်း​ကောင်း အ​တော်​ကြီးသည့်​ ​မြွေများ ဖြတ်​သွားတတ်​သည်​ကို ခနခနမြင်​​တွေ့ရတတ်​သည်​။
ထို့​ကြောင့်​ ထိုတစ်​​လျှောက်​အား လမ်းမီး​လေးများရရှိလျှင်​ဆိုသည့်​စိတ်​ကူး​လေး ဦး​ကျော်​စိတ်​၌ ဖြစ်​​ပေါ်၍လာ​ပေ​တော့၏။
မနက်​မှ ငထူးအစရှိသည့်​ရပ်​ကွပ်​​နေလူငယ်​​လေးများအား​တွေ့၍ လမ်းမီး​လေးလုပ်​ရန်​တိုင်​ပင်​ဦးမည်​ဟု ဦး​ကျော်​တစ်​​ယောက်​ ​စီစဉ်​ထားလိုက်​​လေ​တော့သည်​။
.images.jpeg
Crd-org-source
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ဦးကျော်က တောင်ပြုံးသွားဘူးလား ခ်ခ်

တောင်​ပြုံးလိုင်​စင်​မရလို့ သွားဘူးတဲ့😂

Nice blog....
https://steemit.com/life/@ebenlob/5-habits-that-guarantee-outstanding-successhbar2nta

Upvote & Resteem🔜💵🏵🏆
I will do the same🥇🕶👍🏼✌🏼

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ခုလမ်းမီးကလေး လုပ်ပြီးသွားပြီလားဟင်

လုပ်​မို့ကိုဒိုကြံတုန်း😁

ဒီလိုဆိုတော့ လမ်းမီးလေးတွေ တန်းဘိုးရှိသဗျ

ဟုတ်တယ်​ ဦး​ထွေး ​ရေ

မွန်မြတ်သောစိတ်ထား

ဟုတ်​ပါတယ်​ ဗျ

အိမ်း ကွောင်ကြီးတို့  ကလေးတစ်သိုက် လေးခွ စမ်းလို့ ရပြီပေါ့

ငမ့်​ အ​နော်​အာ့လိုလုပ်​ပါဘူး ဘုရား

လမ်းမီးတွေ လုပ်ပေးလည်း အမူးသမားရန်တော့ ကြောက်ရသားအေ မထင်ရင် မီးသီးတွေ ပစ်ခွဲကျတာလား တို့ နိုင်ငံကြီးသားများက

အာ့လညိးဟုတ်​တာဘဲ အမ

ကောင်းပါတယ် ဗျို့

ဟုတ်​ bro

စိတ်ကူးကောင်းတဲ့ ဦးကျော်

ဟုတ်​​လေးစိုး

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63188.04
ETH 2570.49
USDT 1.00
SBD 2.79