ကို့ယ့်ကံကြမ္မာကိုဖန်တီးသူ(အပိုင်း၃)
အပိုင်း ၁ အား၍နေရာတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည် https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-9dc1c9f09365a
အပိုင်း ၂ အား၍နေရာတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်https://steemit.com/myanmar/@aunggyi100/greater-than-koy-kan-km-akopan-tith-less-thanu-apong-2-78cd932e58053
.
ငတင်တစ်ယောက်နေ့တစ်ဝက်မျှပင်မကျိုးသေး ဖဲဝိုင်းသွားရန် အကြံထုတ်၍နေလေသည်။သူ၏အတွေးများထဲ၌ အိမ်ကမိန်းမလည်းမရှိ၊သားသမီးများ အတွက်လည်းမပါ ဖဲရိုက်၍သေရည်သောက်ရန်သာ ရှိနေလေပါတော့သည်။ငတင်မှ အဝီစိတွင်း တူးနေသည့် သူ့တပည့်လေးတစ်ယောက်အားလှမ်းကြည့်ရင်း ပြုံးလိုက်ပါသည်။
.
ထိုသူကား သူ၏တပည့်ကျော် ကျော်နိုင်ပင်ဖြစ်လေတော့သည်။ကျော်နိုင်ကား ငတင်တွင်းတူးရာ လုပ်ငန်းခွင်သို့ မလာလျှင်တောင် လုပ်ငန်းအား ဦးစီးလုပ်ကိုင်ပေးနိုင်သည့် တပည့်တစ်ဦးဖြစ်လေသည်။အိမ်ရှင်ထံမှ ကြိုသုံးငွေ ထုတ်ယူ၍ဖဲဝိုင်းသို့သွားရန် ငတင်ဆုံးဖြတ်လိုက်ပါသည်။ "ကျော်နိုင်ရေ ခဏလာအုန်း"ကျော်နိုင်လည်းသူ့၏ဆရာခေါ်သံကြားသည်နှင့် လုပ်လက်စအလုပ်များကို ရပ်တန့်၍၊သူ့ဆရာငတင်ထံသွားလေ၏။
ကျော်နိုင်သူ၏အနားသို့ရောက်လျှင်ပင် ငတင်မှ "ငါသွားစရာရှိလို့ တွင်းကိုသေချာကြည့်တူးထားလိုက်"ဟုပြောလေသည်။ကျော်နိုင် သိတာပေါ့ ဤဆရာနှင့်တပည့် အတူတွဲလုပ်ကိုင်လာသည့် သက်တမ်းကလည်းမနည်းတော့ပေ။သူ့ဆရာငတင်သွားစရာဆိုသည်မှာကား ဖဲဝိုင်းသွား အရက်သောက်ရန်မှလွဲ၍တခြားရှိအံ့မထင်ပေ။သို့သော်လည်း"ဟုတ်ဆရာ "ဟုသာပြန်ပြန်လိုက်ပါသည်။
ငတင်ကား အိမ်ရှင်ထံမှ အဝီစိတွင်း တူးခကြိုတင်ငွေ ရယူပြီးသည်နှင့် သူ၏ထုံးစံ အတိုင်းဖဲဝိုင်းသို့သာ ထွက်ခွာသွားပါလေတော့သည်။
့.
ငတင်၏မိန်းမမျိုးမှာလည်း "ကိုတင် အလုပ်ကလေးလည်း ဂရုစိုက်အုန်း သားသမီးတွေကျောင်းစရိတ်နဲ့ အိမ်စားစရိတ်ကရှိသေးတယ်"ဟုချော့မော့၍ပြောဆိုလေသောအခါမျိုးလည်းရှိပေသည်။ထိုသို့သောအခါမျိုးများတွင်ငတင်ကား"ငါသိပါတယ်ကွာ"ဟူ၍သာပြောဆိုတတ်လေ၏။ ငတင်တစ်ယောက်ကား ခွေးမြီးကောက်ခြေတောကစွပ်ပမာ ဆွေမျိုး၊မိဘများမှဆုံးမလျှင် တစ်ရက် နှစ်ရက်လောက်တော့ခြေငြိမ်နေတတ်သည်။ရက်အနည်းငယ်ကြာလျှင်ကား ဖဲဝိုင်းသို့သွားမြဲ၊လာမြဲပင်၊သူ၏အဝီစိတွင်းတူသည့်လုပ်ငန်းအာ ကြာလာလေ ဂရုစိုက်မှုပိုမဲ့လာလေတော့ပါသည်။ သူ၏လုပ်ငန်းအတွင်း၌ ကျော်နိုင်ရှိနေခြင်းကြောင့်သာ သူ၏လုပ်ငန်းမှာလည်ပတ်နေခြင်းဖြစ်ပေသည်။
.
(အပိုင်း ၄ အားဆက်လက်ဖတ်ရှုပေးပါရန်)
photo credit;Google Image.
Msc no 179
Author : Aunggyi
အရမ်းကောင်းပါတယ် bro အသိတခုတိုးပွါးစေပါတယ်
စီးပွားပျက်ကြောင်းတရားတွေထဲမှာ ဖဲလည်းပါတယ်
တင်ပဘုရား
Nice
Thank bro
Wait နောက်တစ်ပိုင်း 😁😁
လာမယ်bro😂
အားပေးနေတယ် မောင်လေးရေ ဆက်ကြိုးစားပါ
ကျေးဇူးတင်ပါတယ် အမ
Good
Thank
ဆိုးလိုက်တဲ့ငတင်
ဟုတယ်
လောင်းကစားဖက်လာရင် အခွင့်ရေးတေ လက်လွတ်ကုန်တာ ကိုယ်တွေ့ပါ။
ကျေးဇူးပါပဲ bro
ဇာတ်ရှိန်တော့တက်လာပြီဗျို့
ဟုတ်တယ်bro
ဂရုပြုစရာတွေပါ bro ရေ
Good post ဗျာ
ကျေးဇူးပါပဲ bro