ကို့ယ့်​ကံကြမ္မာကိုဖန်​တီးသူ(အပိုင်း၃)

in #myanmar6 years ago (edited)

အပိုင်း ၁ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​ https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-9dc1c9f09365a
အပိုင်း ၂ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​https://steemit.com/myanmar/@aunggyi100/greater-than-koy-kan-km-akopan-tith-less-thanu-apong-2-78cd932e58053
.
ငတင်​တ​စ်​ယောက်​​နေ့တစ်​​ဝက်​မျှပင်​မကျိုး​သေး ဖဲဝိုင်းသွားရန်​ အကြံထုတ်​၍​နေ​လေသည်​။သူ၏အ​တွေးများထဲ၌ အိမ်​ကမိန်းမလည်းမရှိ၊သားသမီးများ အတွက်​လည်းမပါ ဖဲရိုက်​၍​သေရည်​​သောက်​ရန်​သာ ရှိ​နေ​လေပါ​တော့သည်​။ငတင်​မှ အဝီစိတွင်း တူး​နေသည့်​ သူ့တပည့်​​လေးတစ်​​ယောက်​အားလှမ်းကြည့်​ရင်း ပြုံးလိုက်​ပါသည်​။
. image
ထိုသူကား သူ၏တပည့်​​ကျော်​ ​ကျော်​နိုင်​ပင်​ဖြစ်​​လေ​တော့သည်​။ကျော်​နိုင်​ကား ငတင်​တွင်းတူးရာ လုပ်​ငန်းခွင်​သို့ မလာလျှင်​​တောင်​ လုပ်​ငန်းအား ဦးစီးလုပ်​ကိုင်​​ပေးနိုင်​သည့်​ တပည့်​တစ်​ဦးဖြစ်​​လေသည်​။အိမ်​ရှင်​ထံမှ ကြိုသုံး​ငွေ ထုတ်​ယူ၍ဖဲဝိုင်းသို့သွားရန်​ ငတင်​ဆုံးဖြတ်​လိုက်​ပါသည်​။ ​"​ကျော်​နိုင်​​ရေ ခဏလာအုန်း"​ကျော်​နိုင်​လည်းသူ့၏ဆရာ​ခေါ်သံကြားသည်​နှင့်​ လုပ်​လက်​စအလုပ်​များကို ရပ်​တန့်​၍၊သူ့ဆရာငတင်​ထံသွား​လေ၏။
ကျော်​နိုင်​သူ၏အနားသို့​ရောက်​လျှင်​ပင်​ ငတင်​မှ "ငါသွားစရာရှိလို့ တွင်းကို​သေချာကြည့်​တူးထားလိုက်​"ဟု​ပြော​လေသည်​။ကျော်​နိုင်​ သိတာ​ပေါ့ ဤဆရာနှင့်​တပည့်​ အတူတွဲလုပ်​ကိုင်​လာသည့်​ သက်​တမ်းကလည်းမနည်း​တော့​ပေ။သူ့ဆရာငတင်​သွားစရာဆိုသည်​မှာကား ဖဲဝိုင်းသွား အရက်​​သောက်​ရန်​မှလွဲ၍တခြားရှိအံ့မထင်​​ပေ။သို့​သော်​လည်း​"ဟုတ်​ဆရာ "ဟုသာပြန်​ပြန်​လိုက်​ပါသည်​။
ငတင်​ကား အိမ်​ရှင်​ထံမှ အဝီစိတွင်း တူးခကြိုတင်​​ငွေ ရယူပြီးသည်​နှင့်​ သူ၏ထုံးစံ အတိုင်းဖဲဝိုင်းသို့သာ ထွက်​ခွာသွားပါ​လေ​တော့သည်​။
့. image
ငတင်​၏မိန်းမမျိုးမှာလည်း "ကိုတင်​ အလုပ်​က​လေးလည်း ဂရုစိုက်​အုန်း သားသမီး​တွေ​ကျောင်းစရိတ်​နဲ့ အိမ်​စားစရိတ်​ကရှိ​သေးတယ်​"ဟု​ချော့​မော့၍​ပြောဆို​လေ​သောအခါမျိုးလည်းရှိ​ပေသည်​။ထိုသို့​သောအခါမျိုးများတွင်​ငတင်​ကား"ငါသိပါတယ်​ကွာ"ဟူ၍သာ​ပြောဆိုတတ်​​လေ၏။ ငတင်​တစ်​​ယောက်​ကား ​ခွေးမြီး​ကောက်​​ခြေ​တောကစွပ်​ပမာ ​ဆွေမျိုး၊မိဘများမှဆုံးမလျှင်​ တစ်​ရက်​ နှစ်​ရက်​​လောက်​​တော့​ခြေငြိမ်​​နေတတ်​သည်​။ရက်​အနည်းငယ်​ကြာလျှင်​ကား ဖဲဝိုင်းသို့သွားမြဲ၊လာမြဲပင်​၊သူ၏အဝီစိတွင်းတူသည့်​လုပ်​ငန်းအာ ကြာလာ​လေ ဂရုစိုက်​မှုပိုမဲ့လာ​လေ​တော့ပါသည်​။ သူ၏လုပ်​ငန်းအတွင်း၌ ​ကျော်​နိုင်​ရှိ​နေခြင်း​ကြောင့်​သာ သူ၏လုပ်​ငန်းမှာလည်​ပတ်​​နေခြင်းဖြစ်​​ပေသည်​။
. image
(အပိုင်း ၄ အားဆက်​လက်​ဖတ်​ရှု​ပေးပါရန်​)
photo credit;Google Image.
Msc no 179
Author : Aunggyi

Sort:  

အရမ်းကောင်းပါတယ် bro အသိတခုတိုးပွါးစေပါတယ်

စီးပွားပျက်ကြောင်းတရားတွေထဲမှာ ဖဲလည်းပါတယ်

တင်​ပဘုရား

Wait နောက်တစ်ပိုင်း 😁😁

လာမယ်​bro😂

အားပေးနေတယ် မောင်လေးရေ ဆက်ကြိုးစားပါ

ကျေးဇူးတင်​ပါတယ်​ အမ

ဆိုးလိုက်​တဲ့ငတင်

ဟုတယ်

လောင်းကစားဖက်လာရင် အခွင့်ရေးတေ လက်လွတ်ကုန်တာ ကိုယ်တွေ့ပါ။

ကျေးဇူးပါပဲ bro

ဇာတ်​ရှိန်​​တော့တက်​လာပြီဗျို့

ဟုတ်​တယ်​bro

ဂရုပြုစရာ​တွေပါ bro ​ရေ
Good post ဗျာ

ကျေးဇူးပါပဲ bro

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87