အောင်​ကြီးနှင့်​ဗန်း​မော်​ (အပိုင်း ၃)

in #myanmar6 years ago (edited)

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရန်
လာ​ကြိုမည့်​သူကား မည့်​သို့​နေသည်​မသိ​ပေ။စောင့်​​နေရသူတို့မှာ လည်​ပင်းများပင်​ ရှည်​​၍နေ​လေသည်​။ကြိုမည့်​သူ လာမည့်​လမ်းဘက်​သို့ ကြည့်​​နေမိသည်​မှာလည်း အခါခါပင်​။
နံနက်​ခင်းထဲက ​အောင်​ကြီးတို့​တွေ​စောင့်​၍​နေရသည်​။လာကြိုသည့်​ကားက ​နေ့လည်​ ၂နာရီခန့်​မှ​ရောက်​၍လာ​ပေသည်​။ ကား​မောင်းလာသူမှာ မံစီစခန်းမှုးကိုယ်​တိုင်​ဖြစ်​၏။ရောက်​လာသည်​နှင့်​ ကား​ပေါ်မှဆင်း၍ ဂိတ်​တဲထဲမှ ပုဂ္ဂိုလ်​များနှင့်​သွား၍ ​ဖြေရှင်း​လေသည်​။သိပ်ပင်​မကြာ​ပေ ကားစီသို့ပြန်​လာ၍ ​အလုပ်​သမားအဖွဲ့အား တက်​ရန်​​ပြော​လေ၏။
အောင်​ကြီး​တွေးလိုက်​မိ​သေး၏ သူဟာနှင့်​သူကြလည်း အဆင်​ကို​ချော​နေပါလား ဟူ၍ပင်​။
လုပ်​ငန်းလုပ်​ရန်​လိုက်​ပါလာသူတို့အားလုံး၏မျက်​နှာတို့ ယခုမှသာလျှင်​ ပြုံးလာနိုင်​ကြ​ပေသည်​။
လာကြိုသည့်​ကား​ပေါ်​ရောက်​မှသာ ​လေးဂွယူလာသူ၏ အမည်​မှာ ဆံရှည်​ဟု သိရ​ပေ​တော့သည်​။ အမည်​အရင်း​တော့ ဟုတ်​မည်​မထင်​​ပေ။ သူ၏ဆံပင်​ပုံစံအားကြည့်​၍ ​ခေါ်ဆိုခြင်း ဖြစ်​ဟန်​တူ​ပေ၏။ ​ယောကျာင်္း​လေးဖြစ်​​သော်​လည်း ဆံပင်​ကား ​ကျောထိ​ရောက်​​နေ၍ ဆံရှည်​ဟု ​ခေါ်ခြင်းသာဖြစ်​​ပေမည်​။
အောင်​ကြီးတို့အား လာကြိုသည့်​ကားမှာ မံစီရဲစခန်း၌သာ ခရီးဆုံး​လေ​တော့သည်​။အလုပ်​သမား အဖွဲ့​နေရန်​​နေရာသို့ မိမိတို့အထုပ်​​လေးများယူ၍ ကုန်း​ကြောင်း​လျှောက်​ရ​ပေ​သေး၏။ မိနစ်​နှစ်​ဆယ်​ခန့်​ ​​လျှောက်​၍ပြီးမှသာ ​အောင်​ကြီးတို့​နေရမည့်​ ​နေရာသို့​ရောက်​​လေ​တော့သည်​။
အောင်​ကြီးလည်း ကို​ယ်ေ​နရမည့်ေ​နရာအား ​သေချာကြည့်​မိ​ပေသည်​။ သက်​ကယ်​မိုး ထရံကာနှင့်​ ​ခြေတံရှည်​အိမ်​​လေးပင်​။အခင်းများ၌ ဝါးများအားခြမ်းကာ ခင်းထားခြင်းဖြစ်​​လေသည်​။ လမ်း​လျှောက်​လျှင်​ပင်​ ဂျိုးဂျိုးဂျွတ်​ဂျွတ်​ မြည်​၍​နေသည်​။ ညအိပ်​လျှင်​​တော့ အိပ်​​ရေးဆတ်​သူတို့ ဒုက္ခ​ရောက်​မည့်​ ကြမ်းခင်းမျိုးဖြစ်​​လေသည်​။
.FB_IMG_1530374206779.jpg
Crd-org-source
လိုက်​လာကြသူတို့မှာ ခရီးပန်းလာကြ၍ထင်​၏ အားလုံးလိုပင်​ ထိုကြမ်းခင်း​ပေါ်၌ ​ခြေ​ညောင်းလက်​ဆန့်​ လှဲကာ​နေကြ​တော့သည်​။
အောင်​ကြီးလည်း အိပ်​ချင်​စိတ်​မရှိသည်​နှင့်​ သူငယ်​ချင်း​အောင်​​ကျော်​အား​ခေါ်၍ ကွမ်းယာဝယ်​ရန်​ ထွက်​လာခဲ့​လေသည်​။
သွားရင်းလာရင်းနှင့်​ပင်​ "ကံ​ကောင်းလို့​အောင်​​ကျော်​​ရေ အလုပ်​ကမလုပ်​ရ​သေးဘူး တပ်​ထဲတစ်​ညအိပ်​ရ​တော့မလို့ စခန်းမှူးသာလာမ​ခေါ်ရင်​​တော့ ​အိပ်​ရဖို့ ​သေချာ​သ​လောက်​ဘဲဟ"
ိ" အိပ်​ရ​တော့လည်း ​ကောင်းတာ​ပေါ့​အောင်​ကြီးရ အိပ်​ဖူးတယ်​ရှိတာ​ပေါ့ဟ ဟား ဟား"
အောင်​​ကျော်​ကား ရီရီ​မော​မောပင်​ ဟာသလုပ်​၍​ပြော​လေသည်​။ သူလည်း ယခုမှသာ ဟာသလုပ်​​နိုင်​​ပေသည်​ ဂိတ်​​စောင့်​ပုဂ္ဂိုလ်​များက ""မသွား​ရ​သေးဘူး" ဆိုစဉ်​အခါကမူ ​အောင်​​ကျော်​မျက်​နှာကား ဇီးရွက်​ခန်​သြာပင်​ဖြစ်​​နေသည်​အား မြင်​​ယောင်​မိသေး၏။
နောက်​တစ်​​နေ့နက်​နက်​ခင်း၌ ​အောင်​ကြီးတို့ ပထမဆုံးလုပ်​ငန်းဆင်းရက်​ပင်​ဖြစ်​​လေသည်​။ နံကပ်​ တစ်​ထပ်​ နှစ်​ခန်း​လေးခန်း​ လေးအား ​ဆောက်​လုပ်​ရန်​ ​အောက်​​ခြေပိုင်းစတင်​လုပ်​​ဆောင်​ကြရ​ပေ၏။
.FB_IMG_1530374673069.jpg
Crd-org-source
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးပါပဲ

နောက်ကြောငင်းပြန်လေးပေါ့နော်

ဟုတ်​ပါတယ်​ ဆရာ

ပုံထဲက ဝါးအိမ်တော့ဟုတ်မယ်မထင်ဘူး

ပုံထဲက အိမ်​​လောက်​​တော့​ကောင်းဘူးရယ်​ ဦး​ထွေး

တော်သေးတယ်
နောက်တစ်ခေါက်ဗန်းမော်သွားရင် လေးဂွယူမသွားတော့ဘူး
စတင်လုပ်ငန်းဆောင်ရွက်ပြီပေါ့နော်

ဟုတ်​တယ်​ဆရာမ
လေးဂွယူသွားနဲ့

ဟုတ်ကဲ့ဆရာအောင်ကြီးတစ်ရာ နောက်ဆိုအိမ်ဆောက်ဖြစ်ရင် ခေါ်လိုက်ပါ့မယ် နေပြည်တော်ကို။နေပြည်တော်အောင်ကြီးပေါ့။

အလဲ့ ​ခေါ်လိုက်​ပါ ခိုခိုဇာ

အိမ်စဆောက်တာကနေ ပြိုတဲ့ထိ ရေးမှာလားဟင်

ငမ်း
ပြိုတာပါဘူး​လေ😂

စိတ်ဝင်စားစရာပါပဲဗျာ။

ဟုတ်​ ကွီး​ရွှေ အခုလိုအား​ပေးတာ​ကျေးဇူးတင်​ပါတယ်​ဗျ

ဝါးအိမ်တော့ သဘောကျသွားပြီ

ဟုတ်​တယ်​ ကွာကာ အာ့ဝါးအိမ်ေးလးလှတယ်

အောင်ကြီး ပိုက်ဆံရတော့မယ်

ဟုတ်​တယ်​ အမ😊

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64364.24
ETH 3416.30
USDT 1.00
SBD 2.48