Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၅)

in #myanmar7 years ago (edited)

Steemit နဲ့ပတ်သတ်လို့ တင်ခဲ့တာလေးတွေ ၅ခုမြောက်ရောက်လာပါပြီ..
ဒီနေ့တော့ တခြားအကြောင်းမတင်သေးဘူးဗျ.. လူတိုင်းသိချင်ကြမယ့် အကြောင်းလေးတစ်ခု ပြောပြမယ်.. မှားတာရှိလဲ ဆရာများခွင့်လွှတ်ပြီး ပြင်ဆင်ပေးကြဖို့လဲ မေတ္တာရပ်ခံအပ်ပါတယ်.. ဘာလဲဆိုတော့ ဘာလို့ထင်သလဲ?

Steemit က ဘာလို့ ပိုက်ဆံတွေပေးနေတာလဲ?
သေချာတာတော့ ဒီမေးခွန်းကို လူတိုင်းစိတ်ဝင်စားမယ်ထင်ပါတယ်..
ဟုတ်ကဲ့ အရင်ဆုံးဖြေချင်တာကတော့ အခုန မေးခွန်းအပေါ် အပြုသဘောဆောင်မေးတာကလွဲလို့ အရမ်း Feel ဖြစ်စွာစိတ်ဝင်စားမနေကြပါနဲ့ဗျာ.. ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က တပြားတချပ်မှ ရင်းနှီးစရာမလိုဘဲ လုပ်ကိုင်လို့ရနေတာဖြစ်တဲ့အတွက် သူ့ဟာသူဘယ်ကပေးနေနေ ကိုယ်ရဖို့အဓိကလို့သာ သဘောထားပေါ့..

ဒါပေမယ့် ကျွန်တော့Post ခေါင်းစဉ်ကိုက သိသလောက် ဆိုတဲ့အတိုင်း သိသလောက်တော့ပြောပြမယ်ဗျာနော့

Steemit ဟာ အခု Post တင်ရတဲ့ Social Network တစ်ခုတင်မကဘဲ သူ့ရဲ့ Platformမှာ အခြား Project တွေရှိနေပါသေးတယ်..
ဒါက သူ့ရဲ့ လုပ်ငန်းများ ဒါတင်မကတဲ့ အကြောင်းကိုပြောပြတာပါ.. ပိုက်ဆံဘယ်ကရလို့ ဘယ်လိုပေးနေလဲတော့ ဘာမှမဆိုင်ဘူးပေါ့ဗျာ.. Steemit ရဲ့ Social Network ပုံစံကိုက အခြားFacebook တို့ Twitter တို့လို မတူညီပဲ ကွဲပြားနေတဲ့ Social Platform အဖြစ်ရပ်တည်နေတာ အခုစာဖတ်သူတိုင်းသိနေကြတာပဲလေ ဘယ်လိုရပ်တည်တာလဲဆိုတော့ စီးပွားရေးပုံစံဆန်ဆန် နဲ့ရပ်တည်နေတာပါ..

Steemit မှာ ဘာတွေလုပ်ရင် ပိုက်ဆံရကြမှာလဲဆိုတာလဲသိခဲ့ကြပြီးပြီ.. Post, Comment, Reply , Voting (all are upon your steem power) ဟုတ်ပြီနော် ဒါတွေသိခဲ့ပြီးပြီ... တကယ်လဲ ရရှီနေကြတယ်.. တကယ်လဲ အဖိုးတန်စွာ သုံးစွဲ ရောင်းချလို့ရနေတယ်..
ဒီလိုပိုက်ဆံတွေပေးဖို့ သူက ဘယ်ကနေရလဲဆိုတာ အသေးစိတ်ကတော့ ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူးပေါ့.. ဒါကသူတို့ရဲ့ Private Secrect လဲ ဖြစ်ချင်ဖြစ်မပေါ့.. ဒါပေမယ့် ကျွန်တော်ထင်တာကျွန်တော်ပြောပြမယ်.. ကျွန်တော်တို့ မြန်မာနိုင်ငံသားများအနေဖြင့် အထူးသဖြင့် ပိုက်ဆံကိုမရင်းချင်သူများအနေဖြင့် ကျွန်တော်တို့လိုလူမျိုးများအပေါ်မှာ သူတို့အတွက် အကျိုးအမြတ်မရှိပေမယ့် အနောက်နိုင်ငံသားများ၏ ရင်းနှီးမြုပ်နှံမှုများက အံ့မခန်းဖြစ်ပါတယ်.. ဘာလို့လဲဆိုတော့ Steem Power ကဲ့သို့သော Cryptocurrency တွင် ၄င်းတို့ထည့်ဝင်ရင်းနှီးမြုပ်နှံထားသော ပမာဏသည် အလွန်များပြားပါသည်။ ကျွန်တော်တို့ အနေဖြင့်လည်း Power ကိုဝယ်ယူနိုင်သည် ထိုဝယ်ယူသည့်အပေါ်တွင် အတိုးနှုန်းများဖြင့် ပြန်ပေးသယောင်လဲဖြစ်နိုင်သကဲ့သို့ နောက်ကွယ်တွင်လည်း Steem Coin များအား
Mining လုပ်ကာ Steem ကို Develop လုပ်သူများအတွက် ပြန်လည် ဝေမျှခြင်းလည်းဖြစ်နိုင်သည်။

သူတို့ရေးထားတဲ့ အတိုင်းပြောရမယ်ဆိုရင် ဒီလိုရလာတဲ့ငွေကြေးတွေနဲ့ပတ်သတ်ပြီး Steemit ဟာ Blockchain တွင် အခြေခံတည်ဆောက်ထားခြင်းနှင့်အညီ Blockchain Market တွင် Trade ၍ ရရှိလာသော ငွေကြေးများဖြစ်သည်။ Trade တယ်ဆိုတဲ့နေရာမှာ သူတို့ကိုယ်တိုင်တင်မဟုတ် Userများကပါ ၀င်ရောက် Trade ကြလိမ့်မည်။ ဒီနေရာမှာ Trade ဆိုရွာလည်မသွားပါနဲ့ Trade ဆိုတာ ကုန်သွယ်တာကိုပြောတာလေ ရှင်းရှင်းလေးပဲ လူကြီးမင်းကိုယ်တိုင်လည်းပဲ နေ့စဉ် Trading လုပ်ငန်းကိုလုပ်ကိုင်နေတာ သတိမထားမိလို့ပါ.. ဥပမာ ဈေးရောင်းနေတဲ့ဆိုင်ပိုင်ရှင်တစိဦးအနေနဲ့ ကုန်ပစ္စည်းကို ကုန်စည်ဒိုင်ဆီမှဝယ်မယ် ပြီးရင် စားသုံးသူများထံပြန်လည်ရောင်းချမယ် ဒါက Trade ပဲပေါ့.. Buy & Sell ၂ခုပေါင်းလိုက်ရင် Tradeဆိုတာဖြစ်သွားတာပါပဲဗျ.. အဲ့လိုပဲ နောက်ကွယ်မှ ရရှိလာသော Coin များကို လူတွေက အရောင်းအ၀ယ်လုပ်ကြမယ် ထိုအပေါ်မှ ရရှိလာသော အမြတ်အစွန်းများကို User များအားပြန်လည်ခွဲဝေပေးတယ်..

အဲ့တော့သူတို့က ဘာလို့ အလကားနေရင်းပေးနေလဲလို့မေးချင်သလားခင်ဗျာ.. ဟုတ်ကဲ့ သူတို့ရဲ့ Target က Steem ဆိုတဲ့ Coin ကို အဓိကထားထားပါတယ် ယခင်က 1Steem ကို 1USD သာရှိခဲ့ရာ ယခုလက်ရှိ 4USD နားကပ်လို့နေပါပြီ.. ဘယ်ပစ္စည်းမဆို လူသုံးများလေ ဈေးကောင်းလေမလားခင်ဗျ .. အဲ့တော့ သူက လူအများလက်ထဲရောက်ဖို့ရာ ယခုလိုနည်းလမ်းဖြင့်ပေးဝေနေခြင်းဖြစ်တယ်လို့ပြောပါရစေ.. လူသုံးများလာ နောင်အနာဂတ်မှာ ထိုSteem ဆိုတဲ့ Coinရဲ့ တန်ဖိုးဟာ မြင့်တက်လာလေဖြစ်လာပါလိမ့်မယ်.. အဲ့အတွက် အခြား Marketing များကို အသုံးမပြုဘဲ ယခုလို ထိုးထည့်ပေးနေတာပဲဖြစ်တယ်.. ဘာပဲဖြစ်ဖြစ်ဗျာ သူ့ဈေးမြင့်တက်လာလေကျွန်တော်တို့အတွက် အကျိုးရှိလေပဲ အဲ့တော့ အများကြီးစဉ်းစားမနေပါနဲ့ ရအောင်ယူတက်ကြပါစေ ကဲဒီလောက်ပဲဗျာ သူ့ရဲ့နောက်ကွယ်က အကြောင်းတွေကို သူကိုယ်တိုင်ဖော်ပြပေးထားခြင်းမရှိလို့ ဒီလောက်ပဲပြောပါရစေ..

အထက်ပါအကြောင်းအရာများနှင့်ပတ်သတ်ပြီးတော့လည်း အငြင်းပွားစရာ တစ်စုံတစ်ရာမရှိကြပါနှင့်.
ဘာလို့ဆို ကျွန်တော်တို့ဟာ Steemit အတွင်း ဘာမှ ရင်းနှီးမြုပ်နှံထားခြင်းမရှိသည့်အတွက် ဘာမှလဲ စိုးရိမ်ကြောင့်ကြမနေကြပါနဲ့ ပေါ့ပေါ့ပါးပါး ရအောင်ယူကြပါလို့ပဲ အကြံပေးပါရစေ.. ဆရာသမားများ အနေဖြင့် ကျွန်တော်ရေးသည့်အထဲ မှားတာပါရင်လည်း နားလည်ခွင့်လွှတ်ပေးဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်ဗျာ

Author : Arkar Phyo

27.12.2017
download (1).jpg

Sort:  

ဘယ်​လိုပဲ ရရပါ​လေ FACEBOOK ​တောင်​ ​ဘေအကုန်​ခံ သုံး​နေ​သေးတာ STEEMIT က ပညာ​တောင်​ပိုရ​သေးတယ်​ MONEY ပါရ​တော့ ​ကောင်းသထက်​​ကောင်းပါ့ဗျာ။
မျှ​ဝေ​ပေးလို့ ​ကျေးဇူးပါ

ဟုတ်​ကဲ့ အကို

merry christmas :)

Me too bro...

ဒီ အချိန် မှ steemit က ပိုက်ဆံ ပေးတယ်လို့  ပြောရင် မယုံကျသေးဘူး ဗျာ ။ 2018 ရောက်ရင်တော့ မင်းပြောနေတုန်းက ငါသုံးလိုက်ရင် ဒီ အချိန် ဆို ငါတော်တော် ရနေလောက်ပြီ ဆိုပြီး ပြောကျမှ မြင်ရောင်မိပါတယ်။

အ​သေအချာပဲ​ပေါ့ Bro

This post has received a 0.49 % upvote from @buildawhale thanks to: @arkarphyo. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

This post has received a 0.83 % upvote from @booster thanks to: @arkarphyo.

This post has received a 1.32 % upvote from @boomerang thanks to: @arkarphyo

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

This post has received gratitude of 0.39 % from @appreciator thanks to: @arkarphyo.

Calling @originalworks :)
img credz: pixabay.com
Nice, you got a 93.0% @estream.studios christmas upgoat, thanks to @ansoe
Want a christmas boost? Minnowbooster's got your back!

The @OriginalWorks bot has determined this post by @arkarphyo to be original material and upvoted it!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 60531.60
ETH 2905.83
USDT 1.00
SBD 2.33