Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၄)

in #myanmar7 years ago (edited)

ဒီPost မှာ အရင် နံပါတ်၃ Post ရဲ့ အဆက်လေးတွေ ဆက်ရေးချင်ပါတယ်..Steemit ရဲ့ အကြောင်းလေးတွေပေါ့။
ဒီအကြောင်းအရာတွေက လုံးဝကို မလုပ်ကိုင်ရသေးသူများ ရော လုပ်ကိုင်နေပြီး ယောင်လည်လည်ဖြစ်နေသူများအတွက် အဆင်ပြေအောင် ရေးတာပါဗျ.. ဆရာများအတွက်တော့ မှားတာရှိရင် ပြန်လည်ပြင်ဆင်ပေးကြဖို့လဲ မေတ္တာရပ်ခံအပ်ပါတယ်..ကဲ Password လေးစောင့်ရင်းနောက်ထပ် ဆက်ဖတ်ကြပါဦးခင်ဗျာ..

သိပြီးတဲ့ ကိစ္စတွေကိုပဲ ထပ်တလဲလဲ ထပ်ပြောရဦးမှာပါပဲခင်ဗျာ.. ဘာလို့ဆို သိပြီးသားကိုပဲမသိတာမဟုတ်ဘဲနဲ့ ခဏတိုင်းလာမေးနေကြလို့လေ... အကောင့်လုပ်ပြီးပေမယ့် အကောင့်လုပ်တာကနေ ပြန်စပြောချင်ပါတယ်...ဖတ်တာ ဒီPost အထိသာရောက်ရင်ရောက်လာလိမ့်မယ် အကောင့်လုပ်တာ ပိုက်ဆံကုန်လား ဘာလားညာလား မေးသူတွေအတွက်ပါ..

Steemit မှာ အကောင့်တစ်ခုလုပ်ဖို့ အရမ်းလွယ်ကူရိုးရှင်းပါတယ်ဗျာ.. steemit.com ကိုသွားပြီး Join ကိုနှိပ်ယုံနဲ့ အကောင့်လုပ်ဖို့ ကျွန်တော့ Post နံပါတ် ၂မှာပါပြီးသားပါ.. နောက်ပြီး အကောင့်လုပ်တာ ဘာတစ်ပြားတစ်ချပ်ကိုမှ ဘယ်သူ့ကိုမှ ပေးစရာမလိုပါဘူး...
ဗဟုသုတမှတ်ထားပေးပါ.. အမှန်ကတော့ Steemit အကောင့်တစ်ခုလုပ်ရင် Gmail နဲ့ Phone Number တွေကိုတောင်းပြီး တစ်ခါတည်း Verify လုပ်ခိုင်းပါတယ်.. Verify လုပ်ထားပြီးသားအကောင့်အတွက်လည်းပဲ Password ကိုပြန်ပေးပါတယ်.. ပေးထားတဲ့ Password မေ့လျော့ပျောက်ဆုံးခဲ့ရင်တော့ အဲ့ Steemit အကောင့်ကိုမေ့လိုက်ရုံသာရှိပါတယ်...ဒါတွေကိုပြောခဲ့ပြီးပါပြီ...

Steemit အနေနဲ့ မိတ်ဆွေတို့ အကောင့်ဖွင့်ရာမှာ သူ့ဘက်ကနေ အခကြေးငွေ တစ်စုံတစ်ရာ မယူသော်ငြားလည်း Steemit သည် Blockchain တွင် အခြေခံတည်ဆောက်ထားသော Platform တစ်ခုဖြစ်သည်နှင့်အညီ မိတ်ဆွေတို့ အကောင့်အသစ် ဖန်တီးရာတွင် ထို Blockchain တွင် မှတ်ပုံတင်ခြင်းကိစ္စအားပြုလုပ်ရပေသည်။ ထို့အတွက် မိတ်ဆွေတို့ဆီမှ တစ်စုံတစ်ရာ မယူသော်ငြားလည်း သူ့အနေဖြင့် Blockchain ကို မှတ်ပုံတင်ခ စိုက်၍ ပေးဆောင်ရသည်။ ထို့အတွက် သူတို့မှာ မိတ်ဆွေတို့ အကောင့်တစ်ခုဖွင့်တိုင်း ငွေကုန်ရသည်။ အဲ့အကောင့်အပေါ်မှာ အမှန်တကယ် Develop လုပ်သူမဟုတ်ဘဲ ဖွင့်ပြီး ပစ်ထားခဲ့လျှင် Steemit ဘက်မှ အများကြီး နစ်နာသည်။ သူတောင်းထားသည်မှာ ဖုန်းနံပါတ် နှင့် Gmail သာ တောင်းထားတာဖြစ်တယ် .. အခြား အခကြေးငွေယူထားခြင်းမရှီပါဘူး.. ထို့ကြောင့် မိမိကလည်း အမှန်တကယ် သုံးနီုင်သည် လုပ်ကိုင်နိုင်သည်ဆိုမှ အကောင့်ဖွင့်တာ အကောင်းဆုံးပါ..
တစ်ချို့ကရှိကြတယ်ဗျ ...ဖုန်းနံပါတ်တွေ Gmail တွေ မပေးချင်ဘူး အကောင့်လုပ်လို့မရဘူးလား... Steemit မှာတော့ မရဘူးခင်ဗျ.. သို့ပေမယ့်အဲ့လို ဘာအချက်အလက်မှ အသုံးမပြုချင်ဘဲ အမည်မသိအနေဖြင့် အသုံးပြုချင်သပ ဆိုလည်း Blockchain မှာ သွားရောက်ပြီး ကိုယ်တိုင် အကောင့်လုပ်ခ ပေးဆောင်ကာ အသုံးပြုနိုင်ပါသည်။

နောက်တစ်ခု အကောင့်လုပ်ပြီဆိုရင် ကိုယ်တိုင်အမှန်အကန်သုံးနေသော ဖုန်းနံပါတ် Gmail သာထည့်ကာ Verify လုပ်ကြပါ..
ဖုန်းနံပတ်နဲ့ Gmail ကို တော်ကြာ ဟိုပြောင်းလိုက် ဒီပြောင်းလိုက် သူများအဖို့ facebook မှာလို နောက်ကျမှ Change ချင်လို့မရပါဘူးဗျ.အဲ့ဒါကြောင့် သေချာတဲ့ အချက်အလက်များဖြင့်သာ အသုံးပြုကြပါ.. Steemit မှာ ပွင့်လင့်မြင်သာမှုများဖြင့်သာ တည်ဆောက်ထားတာပါ.. လုံးဝလဲ ပြောင်းလဲလို့မရပါဘူး..နောက်ပြီး မိမိတို့ အကောင့်ကို facebook မှာလိုပဲ Delete Account , Deactivated Account လုပ်လို့မရပါဘူး အကောင့် တစ်ခုဖြစ်သွားပြီဆိုတာနဲ့ Steemit တည်မြဲနေသရွေ့ မိတ်ဆွေတို့ အကောင့်က ရှိနေမှာဆိုတာ သတိပြုပါ..

အဲ့တော့ Steemit မှာ Verify လုပ်ခိုင်းထားတာ ဖုန်းနံပါတ် နဲ့ Gmail ၂မျိုးတည်းပါ.. တခြားမှာတွေလို မှတ်ပုံတင်တွေ ပတ်စပို့စ်တွေ အခြား Profiles တွေလည်းလိုအပ်တာမဟုတ်ဘူး.. ဒီ၂မျိုးမှ မပေးချင်ရင်တော့ Steemit မှာ မလာပါနဲ့လို့ပြောပါရစေ..

နောက်အကောင့်လုပ်ပြီးတာကိုမေးခွန်းတွေကျန်နေပြန်ရောဗျ.. Post တင်ရင် Comment တွေ မန့်ရင် Share ရင် ပိုက်ဆံပေးရလား.. အကုန်ကုန်အောင်ပြောမယ်ဗျာ... Steemit မှာ ဘယ်သူ့ကိုမှ ဘယ်သူကမှာ ဘာပိုက်ဆံမှပေးစရာမလိုဘူး.. စည်းကမ်းတစ်ခုပဲလိုက်နာပေး ကိုယ်ပိုင်ဖန်တီးရေးသားခြင်းတစ်ခုပဲ အဲ့တစ်ခုသာဖြစ်ရမယ် အားလုံးလွတ်လပ်စွာ ကြိုက်တာတင် အားလုံးFree ပဲ ဟုတ်ပြီလား.. ပြန်ရမှာပဲရှိတာ ပေးရမှာ မရှိဘူးသာမှတ်ထား ဒါဆိုရှင်းတာပဲ..

ကျွန်တော် Facebook မှာတင်တယ် Steemit အကြောင်းကို လုပ်စေချင်လို့ ဝေမျှတယ်... ကိုယ်ကပဲ Referral ရှာသလိုဘာလိုလိုဖြစ်ရော Steemit မှာ ဘာ Referral ဘောနပ်မှလည်းပေးမထားဘူး MLM ပုံစံလည်းမပါဝင်ဘူး ဘယ်သူကမှ ဘယ်သူ့အောက်မှာ ရှိနေမှာလဲ မဟုတ်ဘူး Downline တွေ Upline တွေ ဘာမှမရှိဘူးဗျာ ကိုယ်လုပ်မှကိုယ်ရမယ် .. ကိုယ့်အရေးအသား ကိုယ့်ဖန်တီးမှုပေါ်မှာပဲ ကိုယ်ပြန်ရမှာ အကျိုးအမြတ်ဆိုတာတွေက... ကျွန်တော် ဝေမျှတယ်ဆိုတာက ဒီလေးလို့ရေးသားနေလို့ ဘာပင်ပန်းမှုမှမရှိဘဲ တစ်ရက် တစ်ရက် ကိုယ်သုံးနေတဲ့ ဘေလ်ဖိုးကာမိအောင် တကယ်လို့များကိုယ်တော်လို့ Vote တွေအများကြီးရရင်ဖြင့် 2018 နှစ်ကုန်မှာ ချမ်းတောင်ချမ်းသာနိုင်သေးတယ်ဗျာ.. အဲ့တော့မှ ကျွန်တော်မိတ်ဆက်ပေးထားသူတွေ ကျွန်တော့ကို ပုဆိုးတစ်ကွင်းလောက်ဝယ်ပေးကြပါ.. စတာဘာ ကဲ ဒီထက်တော့ရှင်းအောင်မပြောတက်တော့ဘူးဗျာ.. နော့

ဒါတွေရှင်းနေရတာနဲ့တင် ရှေ့မရောက်တော့ဘူး တဖြည်းဖြည်းတော့ရောက်လာမှာပါ... အခုတော့ အကောင့်ဖွင့်ထားသူများ Password လဲ မရသေးတော့ အေးဆေးပေါ့ တအားများရင် ရောကုန်မယ်...နောက် Post ကျမှ ဆက်လက်အားပေးပါဦး ကျေးဇူးတင်ပါတယ်..

Author : Arkar Phyo

26.12.2017
***download (1).jpg


Sort:  

This post has received a 1.68 % upvote from @boomerang thanks to: @arkarphyo

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

This post has received a 0.45 % upvote from @buildawhale thanks to: @arkarphyo. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

Congratulations @arkarphyo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

This post has received gratitude of 0.43 % from @appreciator thanks to: @arkarphyo.

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60754.23
ETH 2913.09
USDT 1.00
SBD 2.31