Android System များအတွက် လေ့လာမိသလောက် (၉)

in #myanmar7 years ago (edited)

Android.jpg

မင်္ဂလာပါ Steemit မန်ဘာများ ခင်ဗျာ...
ကျွန်တော် အရင် Posts မှ Setting အကြောင်းများကို ဆက်လက်၍ ပြောပြပေးပါမယ်... အားပေးကြပါဦးခင်ဗျ..

အောက်မှာ Setting ပုံကိုပဲ ထပ်မံထည့်သွင်းပြီး ပြောပေးပါမယ်...အောက်ပါပုံသည် Samsung Galaxy J7 Prime Android Version 6.0 UI တွင် ရိုက်ကူးထားသော Screenshoot ဖြစ်ပါသည်။ အခြားဖုန်းများနှင့် စကားလုံးများ ကွဲလွဲမှု ရှိနိုင်ပါသည်။ သို့ပေမယ့် သဘောတရားများမှာ အတူတူသာဖြစ်ပါတယ် ခင်ဗျာ။

ယခင်Post တွင် Mobile hotspot and tethering အထိ တင်ပြခဲ့ပြီးဖြစ်သောကြောင့် ယခု Mobile hotspot and tethering အောက်မှာ Data Usage မှစတင် ဖော်ပြပေးပါ့မယ်..

***Data Usage ***
Data Usage ကတော့ မိမိတို့ အသုံးပြုလိုက်သော Data အားလုံး၏ ဆိုက်အားလုံးကိုဖော်ပြပေးမှာဖြစ်ပါတယ်.. ဘယ်လိုဖော်ပြပေးမလဲဆိုအောက်မှာ ကြည့်လိုက်ပါ..

Screenshot_20180115-153448.png

ပုံမှာဆို SIM 1 ဖြင့် ဘယ်နေ့ကနေ ဘယ်နေ့ထိ ဘယ်လောက် MB သုံးထားလဲဆိုတာကြည့်လို့ရပါတယ်.. SIM 2 နှင့် အသုံးပြုထားသော MB ကိုကြည့်လိုလျှင်လည်း SIM 2 ကို နှိပ်၍ ကြည့်နိုင်ပါသည်။ အခုပုံမှာဆိုရင် SIM 1 ဖြင့် 1 Dec 2017 ကနေ 31 Dec 2017 အထိ 805 MB အသုံးပြုထားပါသည်။ ကြားထဲက Graph ပုံကတော့ မိမိတို့အသုံးပြုခဲ့သော Data ပမာဏကို အသုံးပြုခဲ့သည့် ရက်အလိုက် Graph ပုံဖြင့်ပြပေးထားတာဖြစ်ပါတယ်..နောက်ထပ် Mobile ခလုတ်ကတော့ အင်တာနက် အဖွင့်အပိတ်ပေါ့ဗျာ... Background Data အင်တာနက်ဖွင့်ထားစဉ် မိမိဖွင့်မထားသော နောက်ကွယ်မှ လုပ်ဆောင်နေသော Application များကို Data အသုံးပြုခွင့် ပေးမပေး ဆိုတာပဲဖြစ်တယ်...

Screenshot_20180115-153920.pngကအောက်မှာပုံကိုကြည့်ပါ...

Background Data အတွင်းသို့ ၀င်လိုက်လျှင်အောက်ပါ Data သုံးစွဲသော Application များကို ပြပေးပါလိမ့်မယ်.. အဲ့ဒီထဲမှာ ကိုယ်တကယ်ဖွင့်သုံးနေတဲ့အချိန်ဟုတ်ဘဲ Background တွင် Run နေသော Application များကို Data ပိတ်ချင်ပါက Switch များကို Off နိုင်ပါသည်။ ဥပမာ ကိုယ်က Facebook ကို Foreground ဖြစ်နေစဉ် (Foreground ဆိုတာ လက်ရှိဖွင့်ထားပြီး Screen တွင်ပေါ်နေသော Application ကိုပြောခြင်းဖြစ်ပါတယ်) မဟုတ်ဘဲ Background တွင် Run နေခြင်းကြောင့် Facebook ကြည့်မနေသော်လည်း Facebook Noti တက်ခြင်းဖြစ်ပါတယ်.. အကယ်၍ Background Data တွင် Facebook ကို ပိတ်ထားလိုက်လျှင် Foreground ဖြစ်နေမှသာ Facebookကို ကြည့်နေမှသာ Facebook နှင့် ပတ်သတ်သည့် Noti ၀င်မှာဖြစ်ပြီး Facebook မှထွက်လိုက်လျှင် Facebook သည် Background Running ဖြစ်သွားပြီး Background Data ပိတ်ထားသောကြောင့် Data သုံးစွဲခွင့်မရတော့ဘဲ Facebook နှင့်ပတ်သတ်သော Noti ၀င်လာမည်မဟုတ်တော့ပါ... အခြားApplication များအတွက်လည်း ထိုနည်းလည်းကောင်းသာဖြစ်ပါသည်။ ဘယ်ရက်မှ ဘယ်ရက်အထိ မည်မျှ Maga Bytes သုံးစွဲထားသည့်အနက် မည်သည့် Application သည် မည်မျှသုံးစွဲသည်ကိုလည်း ပုံပါ Application များအောက်တွင် ဖော်ပြပေးထားပါလိမ့်မည်။ မည်သည့်ရမှစမည် နှင့် ယခင် တစ်လအတွက် သုံးစွဲခဲ့သည့် Data Usage များကိုလည်း Date ကိုနှိပ်ကာကြည့်ရှုနိုင်ပါသည်။ ထို့အပြင် Cycle တစ်ခုအတွက် Reset လုပ်ရန် မည်သည့်ရက်မျှ စတင်ချင်သည်ကိုလည်း Change Cycle ကိုနှိပ်ကာ သတ်မှတ်နိုင်ပါသည်။ ဥပမာ လတစ်လရဲ့ 1ရက်နေ့မှာစမှာလား 5ရက်နေ့မှာ စမှာလား ဆိုတာမျိုးပေါ့.. အောက်ကပုံကိုကြည့်ကျိပါ..

Screenshot_20180115-154143.png

Screenshot_20180115-154149.png

Screenshot_20180115-154209.png

Set mobile data limit ကတော့ ဒီလ ကိုယ်က ဘယ်လောက် MB ပဲ သုံးမယ်ဆိုတာမျိုး ကြိုသတ်မှတ်ထားလို့ရတာပေါ့..ကိုယ့်စိတ်ကိုယ်မနိုင်သူတွေတို့ အတင်းအသုံးများလို့ မသိလိုက်ဘဲ ကုန်သွားမှာစိုးရင် Set mobile data limit မှာ ကိုယ်အသုံးပြုမယ့် MB ကို သတ်မှတ်ထားလို့ရပါတယ်.. Set mobile data limit ကို On လိုက်ရင် အောက်ပုံလို Graph မှာ Bar တန်းအနီလေးလာပေါ်ပါလိမ့်မယ်.. အဲ့ Bar တန်းကို သတ်မှတ်ချင်သလောက် အပေါ်အောက် ဆွဲပြီး ထားထားလို့ရပါတယ် တစ်ချိ့ဖုန်းတွေကတော့ ကိုယ်သတ်မှတ်ထားမယ့် ပမာဏကို ရိုက်ထည့်ရတာပါ.. ဒီဖုန်းကတော့ Bar ဆွဲပြီး သတ်မှတ်ရတာပေါ့.. ပုံမှာဆို 5GB သတ်မှတ်ထားပါတယ်... တကယ်လို့ ကိုယ်သုံးတဲ့ ပမာဏက 5GB ရောက်ပြီဆိုရင် ဖုန်းက အင်တာနက် အသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး...

ဒါကိုသိထားခြင်းဖြင့် ပြဿနာတစ်ခုဖြေရှင်းဖို့ နည်းလမ်းတစ်ခု အတွေးတစ်ခုရစေမှာပါ..
ဥပမာ အင်တာနက် လိုင်းမတက်တဲ့ ပြဿနာကိုဖြေရှင်းတဲ့အခါ ကိုယ့်ဖုန်းက Sim Card လည်းကောင်းနေတယ် လိုင်းလဲတက်နေတယ် အင်တာနက် Setting တွေမှန်နေရဲ့သားနဲ့ အင်တာနက် လိုင်းမတက်တဲ့အခါ Set mobile data limit မှာ များ On ထားမိပြီး သတ်မှတ် အမောင့် ပြည့်နေလား သွားကြည့်ပါ.. တစ်ခါတစ်ရံ အဲ့လိုပြည့်နေတော့ အင်တာနက်လိုင်းမတက်ခြင်း ပြဿနာဖြစ်နေတက်ပါတယ်.. အဲ့ကျ Set mobile data limit ကို off ပေးလိုက်ရင် အဆင်ပြေသွားမှာပါ.. ဒါမှမဟုတ်လည်း သတ်မှတ်ထားတဲ့ ပမာဏကိုထပ်တိုးပေါ့...

Screenshot_20180115-154247.png
ညာဘက်ထောင့်က More ကိုနှိပ်လိုက်ရင် ပေါ်လာတဲ့ Setting ထဲက Show Wifi Usage ကို နှိပ်လိုက်ရင် SIM 1 နှင့် SIM 2 အပြင် Wifi ဖြင့် အသုံးပြုထားသော Data များကိုကြည့်ရှုနိုင်ပါတယ်.. ဒီလောက်ဆို မသိသေးတာတွေနည်းနည်းသိသွားရင်ကိုရေးရကျိုးနပ်ပါတယ်ခင်ဗျာ..နောက် Postကျမှပဲ ကျန်တဲ့ Settings များကို ထပ်မံ တင်ပြပေးပါမယ်..

ကျေးဇူးတင်ပါတယ်ခင်ဗျာ..

Author : Arkar Phyo

@arkarphyo
15.1.2018(Monday)
MSC-214

Sort:  

This post has received gratitude of 0.83 % from @appreciator thanks to: @arkarphyo.

This post has received a 0.85 % upvote from @boomerang thanks to: @arkarphyo

Thank you @arkarphyo for making a transfer to me for an upvote of 1.42% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

You got a 0.68% upvote from @postpromoter courtesy of @arkarphyo! Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62795.57
ETH 2581.60
USDT 1.00
SBD 2.74