ဘယ်​လိုအလှမျိုးလဲကွယ်

in #myanmar6 years ago

image

က​လေးဆန်​ဆန်​​လေ​ပြေ​လေညှင်း​လေး​တွေ
တသုန်​သုန်​​ဆော့ကစား​နေတဲ့
ကိုယ်​တစ်​ကိုယ်​စာအခန်းကျဉ်း​လေးထဲက
သနပ်​ခါး​ကျောက်​ပျဉ်​​ပေါ်ထိုးကျလာတဲ့လ​ရောင်​ကို
တရှိုက်​မက်​မက်​ပါးပြင်​အပ်​နမ်းရှိုက်​ကြည့်​မိ​တော့
သူမရဲ့ကဗျာဆန်​ဆန်​ကိုယ်​သင်းရနံ့​လေး​တွေသာ
သူမရဲ့ကဗျာဆန်​ဆန်​ရယ်​သံလွလွ​လေး​တွေသာ
သူမရဲ့ကဗျာဆန်​ဆန်​အမူအရာဖွဖွ​လေး​တွေသာ
ဆေးစက်​ကျသလို ထွက်​ကျလာခဲ့​ပေါ့......

မင်းဟာဘယ်​လိုအလှမျိုးလဲကွယ်
မင်းဟာဘယ်​လိုရနံ့မျိုးလဲကွယ်
ကိုယ့်​တစ်​ကိုယ်​စာအခန်းကျဉ်း​လေးထဲက
ကိုယ့်​တစ်​ကိုယ်​စာစိတ်​အ​ပေါ်ကိုမှ
လ​ရောင်​နဲ့အတူပြိုကျခဲ့သူ
ကိုယ့်​ဘဝရဲ့​ဆေး​ရောင်​ခြယ်​ပန်း​က​လေး
မင်းဟာဘယ်​လိုကဗျာမျိုးလဲကွယ်
မင်းဟာဘယ်​လိုအလှမျိုးလဲကွယ်​.......

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

Sort:  

မင်းဟာ ဘယ်လို အလှမျိုးလဲ အိုကဗျာလေးရယ်။

ကျေးဇူးကွီး​ရွှေ

Thank you @ahtaroo for making a transfer to me for an upvote of 2.32% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

မင်းဟာကို့ဘဝရဲ့အလှပဆုံး သက်ရှိပန်းရိုင်းလေး တစ်ပွင့်ပါ 😁

👍👍👍👍

ခံစားရတယ်

ကျေးဇူးပါ

No words to say.
By the way, how beautiful!

☺☺☺☺

FAတွေခံစားလို့ရတာလေးတွေပဲတင်ပေးပါကိုတာ

sucide လုပ်သွားမှာစိုးလို့မရေးတာ
fa ကောင့်ရဲ့ 😝

အေးပါကွာတင်​​ပေးပါမယ်

မခံစားတတ်ဘူး
Uတို့အချစ်ကဗျာတွေ

FA​တွေ​ပြော​​နေကျစကား​လေးပါ😂😂😂😂

မနှိမ်သင့်ပါ
မိဘကိုလုပ်ကျွေးမဲ့faလေးပါ

မမ ကလေးကို နှိမ်ကြနေ😂😂

ဟုတ်တယ်အမရေ

သတိ ရလာသလိုဘဲကွယ် အရင်က ဇာတ်လမ်းလေး ခ်ခ်

သတိရမ​နေနဲ့အသစ်​ရှာ

ထင်ချင်သလိုထင် မြင်ချင်သလိုမြင်

ဒါလဲဟုတ်​တာပဲ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61626.58
ETH 2940.28
USDT 1.00
SBD 3.66