ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ...🙏

in #love6 years ago

ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ...🙏

အချိန်ကာလတခုက ရည်းစားတစ်ယောက် ထားခဲ့ဖူးတယ်😔

ရည်းစားဖြစ်ခါစတုန်းကတော့ လမ်းမခွဲဘူး​နော်လို့
သူကချည်းပဲ အရင်စပြီး ကတိတွေ တောင်းတယ်😞
ထားမသွားပါဘူးလို့လည်း
သူကချည်းပဲ ကတိအရင်ပေးတယ်😟

ကိုယ်ကလည်း ယုံကြည်မှုတွေကို
အလုံးအရင်းနဲ့ ထိုးပေးခဲ့တယ်😌
ကြာလာတော့အချိုးတွေပြောင်းလာတရ်😒

သင်ခန်းစာ ရသွားတယ်🤗
( ချစ်သူနှစ်ဦးမှာ ကတိအရင်ပေးတဲ့သူ ကတိအရင်တောင်းတဲ့သူကမှ ဖောက်ပြန်တဲ့သူ ဆိုတာကို )

စုံစမ်းကြည့်လိုက်တော့
နောက်တစ်ယောက်ရနေတယ် ဆိုတာကို
သိလိုက်ရတယ်😏

သိသိချင်း သေမလောက်ခံစားရသလို
အရမ်းလည်း ဒေါသထွက်နာကျင်ခဲ့မိတယ်😥

ဒါပေမယ့် သင်ခန်းစာရသွားတယ်😎
( ယုံကြည်မူဆိုတာ ဖောက်ပြန်ဖို့အတွက်
မွေးဖွားလာတဲ့ စကားလုံးဆိုတာကို )

ဖောက်ပြန်နေတာ သိလိုက်တော့
ဒေါသထွက်ပြီးတော့ ပြတ်မယ် လမ်းခွဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့မိတယ်🙂

တကယ်တမ်းကျတော့ မပြတ်နိုင်တာက
ကိုယ်ကိုယ်​တိုင် ဖြစ်နေမှန်းသိလိုက်တော့
နောက်တစ်ယောက် မထားပါနဲ့😂

အရင်တုန်းက သံယောဇဉ် မျက်နှာလေးတွေ ထောက်ပြီး
ဖောက်ပြန်နေတာကို ရပ်ဆိုင်းပေးပါလို့ ဆိုပြီး
သိသိကြီးနဲ့ အနူးအညွှတ်တောင်းပန်မိတရ်😬

ထပ်ပြီးတော့ သင်ခန်းစာရလိုက်တယ်😊
( မပြတ်သားတဲ့အခါ အမှတ်မထားတဲ့အခါ
အကြိမ်ကြိမ်အခါခါ နာကျင်ရတယ်လို့ )

သူ့ဘက်က တဖြည်းဖြည်းနဲ့​​သွေးအေးပြီး
အဆက်အသွယ်တွေ ဖြတ်လာပေမယ့်
ကိုယ်ကတော့ နည်းမျိုးစုံနဲ့ ဆက်သွယ်မိတယ်📞

Sms ပို့​တော့လည်း Reply မပြန်
ဖုန်းခေါ်တော့လဲမကိုင်နဲ့ ရှောင်လွဲနေခဲ့တယ်😣

ထပ်ပြီး​တော့ သိလိုက်ရတယ်👍
( ​ဖောက်ပြန်တတ်တဲ့သူတွေက အမှန်တရားနဲ့ထိပ်တိုက်တွေ့မှာကို သေမလောက်ကြောက်နေတတ်တယ် ဆိုတာကို )

နောက်ဆုံး လုံးဝသည်းမခံနိုင်တဲ့ အဆုံးကျတော့
မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတဲ့ ကိုယ်ကို
ပြန်ပြီးသနားမိတာနဲ့ပဲ😟

ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်​တိုင်​ပဲ တိုက်ပိတ်ပြီး
ထောင်သွင်း အကျဉ်းချပစ်လိုက်တယ်
ကိုယ့်ဘက်က အဆက်သွယ်ဖြတ်တယ်​👍

ကိုယ်ဘက်ကနေ မခံစားနိုင်တဲ့အဆုံး
အဆက်သွယ် ဖြတ်ပြီးခါစတုန်းကတော့
လုပ်ဇာတ်ခင်းခဲ့တဲ့ သူ့လုပ်ရပ်ကို
တွေးမိတိုင်း ဒေါသကထွက်နေတုန်း

သူ့ကို ပြန်ပြီးကလဲ့စားချေမယ်လို့ ဆုံးဖြတ်မိတရ်😠

နောက်​မှ သိလိုက်ရတာက
( ကလဲ့စားချေတာထက်
ဥပေက္ခာပြုတဲ့နည်းက ပိုထိရောက်တယ် ဆိုတာကို )

ဒီစာကို Shareတာ နင်မြင်တဲ့အခါ
နင့်ကို သတိရနေတယ် ထင်ပြီး
Feel တွေ သိပ်တတ်မနေပါနဲ့😏

ဒီစာ Share တာ
နင့်ကို ကျေးဇူးတင်ကြောင်း ပြောချင်ရုံသက်သက်ပါပဲ။
ကျန်တာကတော့ နင်နဲ့ပတ်သတ်ပြီး No Feeling ပါပဲ👍

ဘဝမှာ ကိုယ့်​ကို
ရင့်ကျက်သွားအောင် သင်ခန်းစာဆိုးတွေနဲ့
အများဆုံး ပြုပြင်​ပြောင်းလဲပေးသွားနိုင်တဲ့သူက
နှစ်မျိုးပဲ ရှိတယ်🙂

” ကိုယ်ကချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တယ် ဆိုတဲ့သူ ”

အခုချိန်မှာ အချစ်နဲ့ပတ်သတ်လာရင်
ဆင်တူယိုးမှား အတုအပ အမှားအမှန် တွေကို
ခွဲခြားပြီး သတိပြုမိအောင်

ပါးစပ်ပါတိုင်း ချစ်တယ်လို့ လာပြောနေတဲ့ လူတိုင်းကို
မယုံကြည်မိတော့အောင်
သင်ခန်းစာ​တွေ​ပေးသွားတဲ့ ရည်းစားဟောင်းဖြစ်တဲ့
ရည်းစားဟောင်း ​ကို တွေးမိတိုင်း ကျေးဇူး​တွေ တင်​နေမိတယ်...🤗

Sort:  

Feelမနေတော့ဘူး

Exအတွက် feelမနေတာ အကောင်းဆုံးပဲ

Congratulations @kohtoo! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Do not miss the last post from @steemitboard:

Carnival Challenge - Collect badge and win 5 STEEM
Vote for @Steemitboard as a witness and get one more award and increased upvotes!

Congratulations @kohtoo! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Use your witness votes and get the Community Badge
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 59908.77
ETH 3191.82
USDT 1.00
SBD 2.43