နောင်တတွေရတဲ့အခါ

in #life6 years ago (edited)

IMG_20151122_104037.jpg
တစ်နေ့တစ်နေ့နဲ့ အချိန်တွေက ကုန်လွယ်လွန်းလှပါလေသည်။ ဆောင်းပြီးတော့ နွေ နွေပြီးတော့ မိုး မိုးပြီးတော့ဆောင်း
ရာသီတွေ တလည်လည်လှည့်နေလိုက်တာ ကိုယ့်ခေါင်းက ဆံပင်ဖြူတွေ ထိုးထိုးထောင်ထောင် မြင်ကာမှ အချိန်ဆိုတာ
ခဏလေးပါလားလို့ တွေးကြည့်မိတယ် သဘောပေါက်မိတယ်။ အဲ့ဒီခဏလေးကိုဘဲ ပျော်လိုက် ရယ်လိုက် ငိုလိုက် အား
မာန်တင်းလိုက် မျှော်လင့်လိုက်နဲ့ ခဏလေးများစွာကို တဖြည်းဖြည်း စားသုံးလာခဲ့မိတယ်။ ဘယ်တော့မှ ရပ်တန့်လို့မနေ
ခဲ့ဘူး။ ဘယ်တော့မှ ကိုယ့်ကိုစောင့်လို့မနေခဲ့ပါဘူး။ ကိုယ်ကသာ မကြာခဏ သူ့ကိုစောင့်နေခဲ့ရတယ်လေ။
အခုတော့ အချိန်ဆိုတာကြီးက ဘ၀တစ်ဆစ်ချိုးတွေကို ၀ါးမြိုလို့လာခဲ့လေပြီပေါ့

လုပ်ခဲ့တာတွေအတွက်နောင်တရဖူးတယ်။ အမှားတွေလို့ အများကသတ်မှတ်တာတွေ လုပ်ဖူးခဲ့တယ်။ ပြန်တွေးရင် နောင်
တတော့ရချင်ချင်ရယ်ပါ။ တကယ်တမ်း သေချာတွေးကြည့်တော့ အကြီးအကျယ်နောင်တ ရမိတာတွေရှိနေပြန်တာကို
အံ့သြစွာတွေ့ခဲ့မိလိုက်တယ်။ ဟုတ် တယ် အမှားတွေများစွာ တန်းစီလုပ်ခဲ့တာတွေမနည်းဘူး။ မသိလို့မှားတာတွေကော သိလျှက်နဲ့သိသိကြီးမှားခဲ့တာတွေကော မနည်းမနောပါ။ ဒါပေမယ့် အဲ့ဒါတွေက နောင်တရလဲ
ခဏပါဘဲ ဒါတွေကဖြစ်တက်ပါတယ်လို့ အတွေးလေးဝင်လိုက်တာနဲ့ ရင်ထဲအေးသွားတာပါဘဲ။ ပြန်တွေးမိလေတိုင်း
ရင်ထဲမအေးတဲ့နောင်တကတော့လေ အခုတွေးရင်တောင် အခု အသက်ရှူကြပ်ပါတယ်။ အဲ့ဒါဘယ်လိုနောင်တလဲဆို
တော့ ကိုယ်မလုပ်ခဲ့မိတဲ့ အရာတွေအတွက် နောင်တရပါတယ်။ အဲ့ဒီနောင်တက တကယ်ကို နာကျင်ခံစားရပါတယ်
မလုပ်ခဲ့မိလေခြင်းဆိုတဲ့ နောင်တက တကယ်ကိုဆိုးရွားလွန်းလှပါတယ်။

အခုကကောလုပ်လိုပမရဘူးလားလို့မေးရင်တော့ မရဘူးလို့ဘဲ ဖြေရတော့မယ်လေ။ ဟုတ်တယ် ဟိုတုန်းကလုပ်ခဲ့ရင်
သိပ်ကောင်းမှာဘဲပေါ့။ သေချာကြိုးစားခဲ့ရင် လိမ်မာခဲ့ရင် ရိုးသားခဲ့ရင် ငွေစုခဲ့ရင် စွန့်စားခဲ့ရင် အဲ့ဒါတွေလဲပါတယ် အဲ့ဒါ
တွေထက်ပိုတာတွေလဲရှိတယ်။ ဘာတွေဖြစ်ဖြစ် တွေးကြောက်ပြီး မကောင်းပါဘူးလေဆိုပြီး ရပ်တန့်ခဲ့ရတဲ့အရာတွေ
ပေါ့ အဲ့ဒါတွေက တကယ်သာလုပ်ဖြစ်ခဲ့ရင် တွေးထင်မိထားသလောက် ဆိုးရွားမယ်တော့မထင်ပါဘူး အခုမှအဲ့လို
တွေးမိတာပါ။ တကယ်ကို လုပ်ခဲ့မိရင် ကောင်းမှာပါ။ အခုမှ ပြန်အစားထိုးလုပ်လို့ မရတော့တာတွေကမနည်းဘူးလေ
အချိန်ရယ် အသက်ရွယ်ရယ် နေရာဒေသရယ် အားလုံးက ပြန်လည် စီစဉ်လို့မရတော့ဘူး မဟုတ်လား။
အဲ့ဒီအတွက် နောင်တရတယ် အမြဲတမ်းဘဲ။

နောက်ဘ၀တစ်တဆစ်ချိုးမှာ လည်း အခုလိုနောင်တတွေကို ပြန်လည်တူးဖေါ်ပြီး စိတ်ဆင်းရဲနေရမယ်ဆိုရင်တော့
လူဖြစ်၇ှုံးပြီပေါ့။ ဒီလိုတော့အဖြစ်မခံတော့ပါဘူး။ နောင်အခါနောင်တတွေကို ပြန်မတွေးရအောင် အခုတည်းက လုပ်ချင်
တာ လုပ်သင့်တာ လုပ်လို့ဖြစ်တာတွေကို တန်းစီလုပ်လိုက်တော့မယ်လေ။ ဘာမှမလုပ်ခဲ့မိတာကို ပြန်တွေးပြီးနောင်တ
မရချင်တော့ပါဘူး။
@bobokyaw

Sort:  

စတီးမစ်ဆိုတာကြီးကို နောင်မှနောင်တမရမိအောင်နေ့စဉ်ပုံမှန်လုပ်သွားနေပါတယ်ဗျို့

ပုံမှန်လုပ်တော့ ပုံမှန်လေးရနေတာပေါ့ဗျာ
ကောင်းတယ် ဆက်လုပ်များများလုပ်

ဘယ်နေရာလဲ ဘရားသားရေ
ရှုခင်းကြိုက်တယ်

ရွှေတိဂုံ ပုံတူတည်မယ့် မြေနေရာလေ
ကိုယ်လဲ အခုမှရောက်သွားတာ

You got a 3.32% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

Hi @bobokyaw! You have received 3.6 SBD @tipU upvote !

@tipU pays 100% profit + 50% curation rewards to all investors and allows to automatically reinvest selected part of the payout.




(This is an occasional tipuvote! advertisment comment so your upvote profit was set to x 3 :)

ohhh very thanks you @tipu

မှတ်​သားစရာ​တွေပါအကို​ရေ...။

ကျေးဇူးတင်ပါတယ်ဗျာ ခုလိုလာရောက်အားပေးလို့

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59488.68
ETH 2538.17
USDT 1.00
SBD 2.52