Hanlin Phu Ancient City (Myanmar)
Rule of Hanlin ( Ancients City)
Please follow the rule.
ံ"ဟန်လင်းဒေသတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များရှောင်ရန်၊ဆောင်ရန်အချက်များ"
၁။ဟန်လင်းပျူမြို့ဟောင်းအဝင်ဂိတ်တွင် ၃တန်အထက်ကြီးသောမော်တော်ယာဉ်ကြီးများကိုကားပါကင်တွင်ရပ်နားထားရမည်။
၂။ ထို့နောက်မိမိတို့နှစ်သက်ရာ မော်တော်ယာဉ်အသေးများ၊မော်တော်ဆိုင်ကယ်များ၊အလှစီးနွားလှည်းများငှားရမ်း၍လည်ပတ်လေ့လာနိုင်ပါသည်။
၃။ မော်တော်ယာဉ်အသေးများ၊မော်တော်ဆိုင်ကယ်များနှင့်လာရောက်ကြသည့်ခရီးသွားဧည့်သည်များသည်သတ်မှတ်ထားသည့်ဝင်ကြေးကိုပေးဆောင်ရပါမည်။
၎။ခရီးသွားလမ်းညွှန်စာအုပ်ဖြင့်လည်းကောင်း၊ဧည့်လမ်းညွှန်သူများဖြင့်လည်းကောင်းဝန်ဆောင်မှုပေးနိုင်ရန်စီမံထားပါသည်။
၅။ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကိုလိုက်နာရမည်။
၆။ဘုန်းတော်ကြီးကျောင်းဝန်း၊ဘာသာရေးအဆောက်အဦ၊စေတီပုထိုးများ၏ပုရဝုဏ်များအတွင်းဝင်ရောက်လေ့လာလိုပါကဘုန်းတော်ကြီးများနှင့်ဂေါပကများထံလေ့လာခွင့်တောင်းခံလျှောက်ထားရမည်။
၇။ဘာသာရေးဆိုင်ရာကျင့်ဝတ်များအတိုင်းစေတီပုထိုး။ဘုန်းတော်ကြီးကျောင်း၊ဘာသာရေးအဆောက်အဦများ၏ပုရဝဏ်အတွင်းဖိနပ်ချွတ်ဝင်ရောက်ရမည်။
၈။မြန်မာ့ယဉ်ကျေးမှု၊ကျေးရွာ၏ဓလေ့ထုံးစံနှင့်မကိုက်ညီသည့်ဝတ်စားဆင်ယင်မှု၊ပြောဆိုနေထိုင်မှုများမပြုလုပ်ရန်ရှောင်ရှားရမည်။
၉။ဒေသခံတို့၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ဓလေ့ထုံးစံများကိုလေးစားလိုက်နာပါ။ခွင့်ပြုချက်ရမှသာလျှင်ဓာတ်ပုံရိုက်ယူရမည်။
၁၀။ရေပူစမ်းများတွင်ရေချိုးသန့်စင်လိုပါကကျား၊မခွဲခြားထားသည့်နေရာများတွင်သာရေချိုးသန့်စင်ရမည်။
၁၁။ရှေးဟောင်းသုတေသနဦးစီးဌာနမှဖွင့်လှစ်ပြသထားသည့်ပြတိုက်များတွင်ပြတိုက်တာဝန်ခံမှညွှန်ကြားသည့်အတိုင်းလိုက်နာလေ့လာရမည်။
၁၂။ပျူမြို့ဟောင်းနေရာရှိပြကွက်များ၊တူးဖော်ထားသည့်ကုန်းများ၊မြို့ရိုး၊မြို့ဝင်ပေါက်များတွင်ကြည့်ရှုလေ့လာနိုင်သည်။သို့သော်တာဝန်ခံဝန်ထမ်းများ၏ညွှန်ကြားချက်များကိုလိုက်နာရမည်။
၁၃။ရှေးဟောင်းလက်ရာများ၊ရှေးဟောင်းကျောက်စာများလေ့လာရာတွင်တားမြစ်ချက်စာတန်းများအတိုင်းလိုက်နာရမည်။
၁၄။မိမိတို့အသုံးပြုထားသည့်စွန့်ပစ်အမှိုက်များ၊စားကြွင်းစားကျန်များကိုအသင့်ချထားသည့်အမှိုက်ပုံးများထဲသို့စနစ်တကျစွန့်ပစ်ရမည်။
၁၅။လမ်းသွားရင်းဆေးလိပ်မသောက်ရ။ဘာသာရေးအဆောက်အဦနှင့်ပြတိုက်များအတွင်းကွမ်းသွေးမထွေးရ။
၁၆။ဘာသာရေးအဆောက်အဦများအတွင်းအရက်မသောက်ရ။မူးယစ်ဆေးဝါးမသုံးစွဲရ။လောင်းကစားများမပြုလုပ်ရ။
၁၇။နံရံနှင့်မျက်နှာပြင်များတွင်စာများ၊ရုပ်ပုံများမရေးခြစ်ရ။
၁၈။ထူးခြားဖြစ်စဉ်များတွေ့ကြုံပါကဧည့်လမ်းညွှန်မှတဆင့်သက်ဆိုင်ရာဌာနသို့အမြန်ဆုံးသတင်းပို့ရန်။
၁၉။ညအိပ်တည်းခိုလိုပါကဟန်လင်းပျူမြို့ဟောင်းထိန်းသိမ်းရေးနှင့်စောင့်ရှောက်ရေးအဖွဲ့ထံသို့ကြိုတင်မေးမြန်းစုံစမ်းပြီးမှညအိပ်ခွင့်ကိုစီစဉ်ရမည်။
Credit # Han Lin
Photo # Google Image
Congratulations @aungpaing! You received a personal award!
Click here to view your Board
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness and get one more award and increased upvotes!
Congratulations @aungpaing! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!