THE AUTHORS SHOWCASE OF C-SQUARED (Myanmar Language Showcase July 7th, 2019)

in #curation5 years ago

မြန်မာဘာသားစကားကို အသုံးပြုတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ @c-squared နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာဘာသာစကားနဲ့ရေးထားတဲ့ ပိုစ့်တွေကို အသိအမှတ်ပြုပေးဖို့ ဆုကြေး ချီးမြှင့်ပေးဖို့ @c-squared က လုပ်ဆောင်ပေးခဲ့ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

လက်ရွေးစင် စာမူများ



Author: @mamamyanmar


Hog plum and Fish Paste Curry ( Part - 1)


Image Source

ကျွန်တော့လို ငါးပိချက် ကြိုက်နှစ်သက်သူများ အဖို့ ဒီပိုစ့် ကို ဖတ်ပြီးတာနဲ့ ဗိုက်ဆာ လာမှာ သေချာနေပါတယ်။ စာရေးသူက စာရွက်ပေါ်မှာသာ ချက်ပြနေပေမယ့် အရသာ သိနေပြီးသား ကျွန်တော့လို လူများကတော့ စာတစ်ကြောင်းက ထမင်းတစ်လုပ်ပါပဲ။ ဟင်းတစ်မယ်လို့ ဆိုလိုက်ပေမယ့် တကယ်ကို ထမင်းမြိန် စေမယ့် ဟင်း တစ်ခွက်ဖြစ်ပါတယ်။ ကျွန်တော်က တော့ ခုဆိုရင် ငါးပိဟင်း မပါရင် ထမင်း မစား တတ်တော့အောင် ဖြစ်နေပါပြီ။

ဂွေးသီးငပိတစ်ချက် ဟင်းလျာအား အညာဟင်းဟု ပြောရမည်ပင်။ ကျမတို့ အညာဒေသ တွင်တော့ အခုလို ဂွေးသီးနုနုလေးများ ရရှိချိန်တွင် ငါးအုံတုံ ငါးကြင်း ငါးပတ် စသည့် ငါးကြီးသားများအား တာရှည်ခံ စေရန် ဆားနှင့်သိပ်ထားသော ငါးအား ဂွေးသီးနုနုလေးများဖြင့် ချက်စားလေ့ ရှိကြပါသည်။ ဂွေးသီး ၏ ချဉ်ပြုံးပြုံး ရှိသော အရသာလေးကို ငပိ ငပိတစ် ပုဇွန်ခြောက် စသည့်အချို အငံ အရသာလေး နှင့် ရောစပ် လိုက်သောအခါ ပြီးပြည့်စုံ ပြီး အရသာရှိသည့် ဟင်းတစ်ခွက် ကို ရရှိစေပါတော့သည်


Author: @thettinaung


The Choice Man (၁၃)


Image Source

လူတစ်ယောက် ဟာ တစ်ကြိမ်မှာ ရွေးချယ်မှု တစ်ခုသာ လုပ်နိုင်ပါတယ်။ အဲဒီ ရွေးချယ်မှုကြောင့်ပဲ ဘဝ တွေ ကွဲပြားခြားနား ကုန်ပြီး ပြောင်းလဲမှုတွေ အမျိုးမျိုး ဖြစ်ပေါ်လာရ ပါတော့တယ်။ တစ်ချို့က အခုထက်ပိုပြီး မြင့်မားတဲ့ ဘဝ ကို တက်လှမ်း သွားကြသလို တစ်ချို့ကတော့ အခုထက်ပိုမို စုတ်ပြတ်သတ် တဲ့ အနေအထား ရောက်ကုန်ကြပါတယ်။ လူတိုင်းမှာ တူညီတဲ့ အချက်ကတော့ ရွေးချယ်မှု ရဲ့ နောက်ဆက်တွဲ အကျိုးဆက် ကို ဘယ်သူမှ ကြိုတင်မှန်းဆ နိုင်မှု မရှိတာပါပဲ။ ကျွန်တော်တို့ တစ်ကြိမ်မှာ ရွေးချယ်မှု တစ်ခုပဲ ပြုရမှာပါ။

လီယိုနာ့ဒ်ကတော့ ပိုမို ညှင်သာစွာနဲ့ ဆက်ပြောပါတယ် . . . “တစ်ချို့ ရွေးချယ်မှုတွေကြောင့် ကျုပ်တို့ ဘဝတွေမှာ မတူညီတာတွေ ဖြစ်လာကြတယ် . . .တစ်ချို့ ရွေးချယ်လိုက်တဲ့အရာတွေ ကြောင့် ကျုပ်တို့ ဘဝထဲမှာ နက်နက်ရှိုင်းရှိုင်း
ပြောင်းလဲကုန်တယ် . . အများအားဖြင့်
ဘယ်ရွေးချယ်မှုက ဘာတွေကို ဖြစ်ပျက်သွားစေ
လဲဆိုတာ ကျုပ်တို့ မသိကြဘူး . . .တစ်ချိန်ချိန်မှာ ရဲတပ်ဖွဲ့ ရဲ့ သတင်းပေး တစ်ယောက်ကို မူးယစ်ဆေး ရောင်းမိရင် ထောင်နန်းစံရမယ်ဆိုတာတော့
နားလည်ထားတယ် . . . ဒါပေမယ့်လည်း
တစ်ချိန်မှာ ဘယ်လို ရွေးချယ်မှုကြောင့် ကိုယ့်ဘဝ ဟာ ရက်နဲ့  လနဲ့ နှစ်နဲ့ ချီပြီး ပြောင်းလဲ သွားနိုင်တဲ့ အကျိုးရလဒ်တွေ ဖြစ်မယ်ဆိုတာ ကျုပ်တို့ မသိနိုင်ဘူး . . . ကျုပ်ပြောတာကို နားလည်ရဲ့လား”


Author: @ansoe


ရေတော့လောင်းတာပဲ


Image Source

လောကမှာ နည်းမှန် မှ လမ်းမှန်မယ်။ နည်းမှားရင် လမ်းမှားမယ် ဆိုတာကို ဥပမာလေး နှစ်ခုနဲ့ ထောက်ပြ ရှင်းလင်းသွား တာ တိုတိုနဲ့ လိုရင်း ထိမိပါတယ်။ စာရေးသူရဲ့ တာဝန်ကျေပါတယ်။ ခေါင်းစဉ် လေးက ရိုးစင်း လွန်းလှပေမယ့် ပိုစ့် အတွင်းက ဗဟုသုတ ရစရာများကတော့ အတွေးနယ်ချဲ့နိုင်ရင် ချဲ့သလောက် အသိပညာတွေ တိုးပွားလာမှာ ဖြစ်ပါတယ်။ အားလုံးပဲ ဗဟုသုတ တိုးပွားကြပါစေဗျာ။

ဥယျာဉ်က ဘုရင့်ရဲ့ ဥယျာဉ်တော်ကြီးဖြစ်တဲ့အတွက် အသီးအနှံတွေက အဆင့်မမီ ပိန်လိန် နေတာကိုတွေ့တော့ ဘယ်လိုများဖြစ်သလဲလို့ ဥယျာဉ်မှူးကိုမေးတဲ့အခါ ရေမလုံလောက်တဲ့အကြောင်းပြန်ပြော ပါတယ်။ ဒါဆို ရေရရှိရေးအတွက် ဘုရင်က ကူညီဆောင်ရွက်ပေးမယ်ဆိုပြီး နန်းတော်ကိုလာခဲ့ဖို့ခေါ်ယူလိုက် ပါတယ်။ ဥယျာဉ်မှူးဟာ နန်းတော်ထဲကိုသွားနေတဲ့အချိန်မှာ အလုပ်သမားသစ်တွေကို သစ်ပင်တွေကို ရေချွေတာလောင်းဖို့ အပေါ်ယံလောက်မှာကြားပြီး ထွက်ခွာသွားပါတယ်။ အလုပ်သမားသစ်တွေဟာ သစ်ပင် စိုက်ပျိုးပြုစုနည်းကိုသေချာသိကြတာမဟုတ်သေးတဲ့အတွက် နောက်တစ်နေ့ရေလောင်းကြရမယ့်အချိန်မှာ ရေကိုချွေတာလောင်းလို့မှာကြားချက်နဲ့အညီ ဘယ်လိုရေလောင်းမယ်ဆိုတာကို စုပေါင်းတိုင်ပင်ကြတယ်


@c-squared ကလဲ witness အနေနဲ့ ဆောင်ရွက်တာကို ရေးသားထားတဲ့ ပိုစ့်ဖြစ်ပါတယ်။ .
မိမိတို့ ပေးပိုင်ခွင့်ရှိတဲ့ နေရာ ၃၀ ထဲမှာ လစ်လပ်နေသေးရင် @c-squared ကို witness အနေနဲ့ vote ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီလင့်ခ်ကိုနှိပ်ပြီး vote ပေးလို့ရပါတယ်။

ဒီပိုစ့်ကနေ ရရှိမည့် ဆုကြေးတွေ အကုန်လုံးကို C2 Myanmar Curation အဖွဲ့က လက်ခံသွားမှာ ဖြစ်ပါတယ်။

All rewards from this post will directly go to C2 Myanmar Curation team.

Sort:  

This post was shared in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

ကျေးဇူးအထူးတင်ရှိပါတယ်

ဒါတောင် you က နာချက်တဲ့ဂွေးသိငပိတစ်ချက် မစားဖူး လို့နော် စားဖူးလို့ကတော့ ကောင်းလွန်းလို့ ဆွေမျိုးနင်မကဘူး steemit ပါမေ့သွားမယ်းးးးး

Thanks you so much.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62963.68
ETH 3115.67
USDT 1.00
SBD 3.89