Myanmar Thinking 1

in #myanmar7 years ago (edited)

ကဲဒီတစ်​ခါက ​အ​တွေးထဲက ​ပေါ်လာတဲ့အရာတစ်​ခု​လောက်​​ရေးချင်​လို့ပါ။ လူတိုင်းက ​မွေးလာပြီးရင်​ ​သေရမဲ့တစ်​​နေ့ကသတ်​မှတ်​ပြီးထားပါ။ ဘုရား​ဟော ထားသလိုမျိုးပဲ​ပေါ့။ ​မွေးလာပြီးကတည်းက ခံစားချက်​​တွေ ​အောင်​မြင်​မှု​တွေ ကျရှုံးမှု​တွေ ​ပျော်​ရွှမှု​တွေ ဝမ်းနည်းမှု​တွေ ပူပင်​မှု​တွေ ​သောက​တွေနဲ့ ဖြတ်​​ကျော်​လာခဲ့ကြပါတယ်​။
image
လူတိုင်းက ​မိခင်​ဗိုက်​ထဲက​နေ ​မွေးဖွားလာပြီဆိုကတည်းက ​ဝေဒနာ​တွေစတင်​ခံစားရပါတယ်​။ ​တစ်​ချို့ကျ​တော့လဲ မိခင်​ဗိုက်​ထဲမှာပင်​ ​သေသွားရရှာတယ်​။ဘယ်​ဘဝရဲ့ ၀ဋ်​​တွေလဲ​ပေါ့​နော်​။ မိဘ​တွေလဲ ၀မ်းနည်းပူ​ဆွေးရ ​လောကကြီးထဲကို​တောင်​ ​ရောက်​မလာပဲ မိခင်​ဗိုက်​ထဲမှာပင်​​သေဆုံးသွားတဲ့က​လေးငယ်​ကလဲ ဘယ်​​လောက်​ခံစားလိုက်​ရမလဲဗျာ။ ​မိခင်​ဗိုက်​ထဲက​နေ​မွေးလာ​တဲ့က​လေး​တွေကျ​တော့လဲ ဘုရားမှတစ်​ပါး လူသားအားလုံးကငိုယို​နေကြတာပဲ​လေ။ ဘယ်​​လောက်​ထိ ခံစားရခက်​တဲ့ဖြစ်​ရပ်​​တွေလဲဗျာ လူလဲပင်​ပန်းစိတ်​လဲပင်​ပန်းတာ​ပေါ့ဗျာ။ ကဲအဲ့က​လေး​တွေက​ကော ဘယ်​လိုမိဘ​တွေမှာ ​မွေးဖွားခဲ့တာ​လဲ ။ ကုသိုလ်​​ကောင်းမှု​တွေများပြားခဲ့တဲ့က​လေး​တွေကြ​တော့လဲ မိဘ​တွေကအစ အရာရာပြည့်​စုံတဲ့အပြင်​ သူတို့ကိုယ်​တိုင်​လဲ ကုသိုလ်​​ကောင်းမှု​တွေနဲ့ပြည့်​နှက်​​နေတဲ့သူ​တွေပဲ​လေ။ ကဲ​ ကုသိုလ်​​ကောင်းမှု​တွေနည်းတဲ့က​လေး ကုသိုလ်​​ကောင်းမှု​တော့လုပ်​တယ်​ လှူ လဲလှူ တယ်​ ဒါ​ပေမဲ့သဒါတရားကျ​တော့်လဲ အနည်းငယ်​ပဲထက်​သန်​ခဲ့တဲ့က​လေး​တွေကျ​တော့လဲ အလယ်​လတ်​တန်းစားမိဘ​တွေဆီမှာ ​မွေးဖွားခဲ့ကြတယ်​။ ကဲ​နောက်​ဆုံးက​တော့ အရင်​အရင်​ဘဝ​တွေထဲက ကုသိုလ်​လဲမလုပ်​ လှူ လဲအလှူ သူတစ်​ပါးအလှူ​တွေကိုလဲ ပိတ်​ပင်​ခဲ့တဲ့သူ​တွေကျ​တော့လဲ မွဲ​တေဆင်းရဲပြီး လူတစ်​ကာရဲ့ဥပက္ခာပြုခြင်းခံရတဲ့မိဘ​တွေဆီမှာ ​မွေးဖွားလာကြတယ်​။
image
အော်​ဘဝဘဝ ​မွေးလာကတည်းကပင်​ အရာရာခံစားမှု​တွေပြည့်​နှက်​​နေပါလား။ ​မွေးကင်းစက​လေးဆိုပင်​မဲ့ ချမ်းသာတဲ့မိသားစုက​လေး​တွေကျ​တော့ ချစ်​လိုက်​ကြတာ ။ဆင်းရဲတဲ့မိသားစုက​လေး​တွေကျ​တော့ ဥပက္ခာ​တွေပြုလိုက်​ကြတာ။
စာဖက်​သူ​တို့အား​လေးစားရင်း။
@smileking

Sort:  

Thank you smileking for making a transfer to me for an upvote of 0.80% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 61238.65
ETH 2634.71
USDT 1.00
SBD 2.46