နေ့သစ်တိုင်းဟာ နေ့ကောင်းတွေပါ
မင်္ဂလာပါ မိတ်ဆွေတို့ရေ...

ယခုဆောင်းပါးတွင် ဖတ်မှတ်ခဲ့ဖူးသော
စကားစုများစွာမှ စကားစုနှစ်ခုနှင့် ဘဝမှာ
အောင်မြင်စေရန် မည်သို့ စိတ်နေစိတ်ထား
ထားရှိ ဆောင်ရွက်ရမည်ကို ဆွေးနွေး ပြောပြပါရစေ...
တစ်စုံတစ်ယောက်ရဲ့ဘဝမှာ အရေးမပါတဲ့နေ့ရက်တွေရယ်လို့ မရှိပါဘူး။ တွေ့ကြုံဖြတ်သန်းရတဲ့ နေ့ရက်တိုင်းက တန်ဖိုးရှိပါတယ်။ မိမိ အသုံးပြုတတ်ဖို့ပဲ လိုတာပေါ့။
ဟုတ်ပါတယ်... နေ့ရက်တိုင်းက တန်ဖိုးရှိပါတယ်။
အသုံးပြုသူတို့အပေါ် မူတည်၍ အချိန်ရဲ့တန်ဖိုးတွေဟာ
ကွာခြားသွားတတ်ကြပါတယ်။ အချိန်ရဲ့တန်ဖိုးကို
ကြီးမားအောင် လုပ်တတ်သူတွေဟာ ဘဝမှာ
ကြီးပွားအောင်မြင်ကြပြီး အချိန်ရဲ့တန်ဖိုးကို သေးငယ်
သို့မဟုတ် မရှိအောင် နေတတ်ကြသူတွေကတော့
ဘဝဟာ မပြည့်စုံမသာယာကြပါဘူး။ ဒီလိုနဲ့
သူတို့တွေရဲ့ ဘဝမှာ အရေးမပါတဲ့နေ့ရက်တွေသာ
များလို့ နေတတ်ပါတယ်။
မိမိဘဝကို မိမိ တည်ဆောက်ရတာပါ။ ဒီနေ့ မင်းတွေ့ကြုံနေတာတွေဟာ အတိတ်က မင်းရွေးချယ်လုပ်ဆောင်ခဲ့တာတွေရဲ့ ရလဒ်ပါ။ အနာဂတ်မှာ ပိုကောင်းတာတွေ ကြုံဆုံရဖို့ ဒီနေ့ ဘာတွေ ရွေးချယ်လုပ်ဆောင်မလဲ။
အချိန် သို့မဟုတ် နေ့ရက်တွေကို အကျိုးရှိစွာ
အသုံးမချ ၊ ကောင်းမြတ်တာတွေ မလုပ်ဆောင်ခဲ့သူ၏
အနာဂတ်ဟာ ဘယ်လို သာယာနိုင်ပါမလဲ။
ဘဝက မသာယာမပြည့်စုံတာကို ဘယ်သူကြောင့်၊
ဘယ်ဝါကြောင့် အပစ်တင်နေရုံ ၊ ဘာကြောင့် ညာကြောင့်
ဆင်ခြေပေးနေရုံနဲ့ ကောင်းမြတ်တဲ့ဘဝ ရလာမှာ
မဟုတ်ပါဘူး။
မိမိဘဝရဲ့ ပဲ့ကိုင်ရှင်ဟာ မိမိသာပဲမို့
အနာဂတ်ဘဝ ကောင်းစားချင်ရင် ကောင်းမွန်တဲ့
အကျင့်စရိုက်တွေ မွေးပြီး ကောင်းသည်ထက်ကောင်းအောင်
လုပ်ဆောင်နေတတ်ဖို့ လိုပါတယ်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193
@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
Thanks
Posted using Partiko Android
ခံယူချက်တွေ ကောင်းလိုက်တာဗျ။
Posted using Partiko Android
လိုက်နာတတ်သူတွေ အတွက် အကျိုးရှိမှာပေါ့ဗျာ
Posted using Partiko Android
Congratulations @billionairehein! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
Thank for new badge
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here
Thanks for your choice
Posted using Partiko Android