၂ လ တာ NextColony (@aggamun)

in #gaming5 years ago

April 24 က စရင် အခုဆို NextColony ဟာ ကစားချိန် ၂ လ ကျော်ရှိပြီ ဖြစ်ပါတယ်။ Rank အားဖြင့် ထိပ်ဆုံး 100 အတွင်း ခိုင်ခိုင်မာမာ ရပ်တည်ခွင့် ရရှိနေပြီ ဖြစ်သလို planet ဟာ ဆိုရင်လည်း ပင်မ ဂြိုဟ် အပါအဝင် စုစုပေါင်း ၅ လုံးထိ ရှိနေပါပြီ။ ကျွန်တော့ browser က နာမည် ကို ပြောင်းတာ မရ ဖြစ်နေပါတယ်။ ဒါကြောင့် လောလောဆယ်တော့ planet အမည်တွေက သူ့မူရင်း အတိုင်း ရှိနေပါတယ်။

ကျွန်တော် ပိုင်ဆိုင်ထားတဲ့ planet အကုန်လုံး ကို အစဉ်လိုက်ဖော်ပြရမယ် ဆိုရင်တော့ --

  • Alpha (common/atmosphere)
  • Beta (common/atmosphere)
  • Gamma (uncommon/coal)
  • Delta (uncommon/ore)
  • Epsilon (rare/ore)

စတာတွေ ပဲ ဖြစ်ပါတယ်။ နာမည်ပေး ဖို့ကို browser ပြောင်းပြီးမှ စမ်းကြည့်မယ် လို့တွေးထားပေမယ့် ခုထိတော့ မလုပ်ဖြစ်သေးပါဘူး။

Planet အသစ် ၄ လုံး ပိုင်ဆိုင်ဖို့ ကျွန်တော် အကြိမ်ပေါင်း ၂၀၀ အထိ ရှာလိုက်ရပါတယ်။ အချိုးချကြည့်ရင်တော့ အကြိမ် ၅၀ မှာ အသစ် တစ်လုံး တွေ့တယ် ဆိုတဲ့ သဘောပါပဲ။ ကျွန်တော့ထက် ကံကောင်းတဲ့သူကို လည်း တွေ့ခဲ့ရပါတယ်။ သူကတော့ အကြိမ် ၄၀ မှာ အသစ်တစ်လုံး တွေ့တဲ့ အနေအထားကို ပိုင်ဆိုင်ထားတဲ့သူပါ။ Ranking က ကျွန်တော်နဲ့ သိပ်မဝေးပါဘူး။

တကယ်တော့ planet အသစ် ပိုင်ဆိုင်တယ် ဆိုတာ ကာကွယ်ရမယ့် အလုပ်တစ်ခု ပိုလာတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ပိုင်ဆိုင်မှုများသူက ဆုံးရှုံးနိုင်ခြေ များပြား တာကတော့ သဘာဝပါပဲ။ ဒါကြောင့် ရသလောက်နဲ့ ရောင်းပြီး အောင်မြင်စွာ ဆုတ်ခွာ မလား။ ခရီး ကြမ်း ဆက်နှင်မလား ဆိုတာ စဉ်းစားရတော့မှာပါ။

ကျွန်တော်ကတော့ လောလောဆယ် target ၂ခု ထားပြီး ပြင်ဆင်တော့မှာပါ။ ပထမ target ကို ထိရင် အရှိန် လျော့ပြီး ဒုတိယ target အထိ ဆက်သွားပါ့မယ်။ ဒုတိယ target ကို ထိပြီးရင်တော့ လက်လျော့ တော့မှာ ဖြစ်ပါတယ်။ game ကစားရတာ ကောင်းပေမယ့် အချိန် အရမ်း ပေးရတာတော့ သိပ် ပြီး ဘဝင်မကျ ပါဘူး။ တခြား အလုပ်တွေ လည်း ရှိသေးတော့ အချိန်နဲ့ အကျိုးရလာဒ် ကို တော့ နှိုင်းယှဉ် နေမိပါတယ်။

So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

Using share2steem.io : https://share2steem.io/?ref=aggamun

My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-1-steem-bounty-thng-esny-nyaa-thng-wng-atu-week-28-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=308
Sort:  

325 ကြိမ်ရှိပြီ ဂြိုလ်အသစ် နှစ်လုံးပဲရသေးတယ်

Posted using Partiko Android

Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

The Steem community has lost an epic member! Farewell @woflhart!
SteemitBoard - Witness Update
Do not miss the coming Rocky Mountain Steem Meetup and get a new community badge!

You can upvote this notification to help all Steem users. Learn how here!

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64344.88
ETH 2629.39
USDT 1.00
SBD 2.83