📩

in #zappl6 years ago

" ပရမတ်တရားတို့၏ မျက်နှာမလိုက်ပုံ "


မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါဒါယိကာ
မကြီး ဆောက်လုပ်လှူဒါန်းသော ပုဗ္ဗာရုံအမည်ရှိ
သည့် ပြဿဒ်ကျောင်း၌ နေတော်မူစဉ် တစ်နေ့
သောအခါ သက်တော်ကြီးရင့်တော်မူပြီဖြစ်သော
မြတ်စွာဘုရားသည် ညနေစောင်းအချိန်တွင်
ကျောင်း၏ အနောက်ဘက်တွငိ နေရောင်ကိုကျော
ပေးကာ နေပူစာ လှုံ၍နေတော်မူသည် ။

      ထိုနေရာသို့ အရှင်အာနန္ဒာရောက်လာလေ

သော် အရှင်အာနန္ဒာသည် မြဆ်စွာဘုရား၏ ခန္ဓာ
ကိုယ်ကို လက်ဖြင့်အသာအယာဆုတ်နယ်လိုက်ပြီး
လျှင် အံ့သြစွာနှင့် " အို ! မြဆ်စွာဘုရား ၊ အလွန်
အံသြဖွယ်ဖြစ်ပါသည် ထူးဆန်းလှပါသည် ဘုရား
ယခုတပည့်တော် တွေ့သိနေရသော မြတ်စွာဘု
ရား၏ အရေဆင်းတော်သည် ရှေးအခါကနှင့် လုံး
ဝမတူတော့ပါ ၊ အသားအရေတို့သည် လျော့ပါး
ကုန်လျက် အရေတို့သည် တွန့်လိမ်၍ နေပါတော့
သည် ၊ ခန္ဓာကိုယ်သည်လည်း ရှေ့သို့ကိုင်း၍ နေ
ပါပြီ ၊ မျက်စိ စသော ဣနြေ္ဒတို့သည်လည်း ---
ဖေါက်ပြန်ခြင်းသို့ ရှေးရှုထင်ပါကုန်၏ " ဟုလျှောက်
လေသည် ။

       ထိုအခါ  မြတ်စွာဘုရားက   "  အာနန္ဒာ -

သင်ပြောသည့် အတိုင်းမှန်ပေ၏ ၊ ပျိုမြစ်နုနယ်
ခြင်းသည် အိုခြင်းသဘောရှိ၏ ၊ ကျမ်းမာခြင်းသ
ဘောသည် နာခြင်းသဘောရှိ၏ ၊ အသက်ရှည်ခြင်း
သဘောရှိခဲ့သော် သေခြင်းသဘောသည် ရှိ၏ ။
ငါ၏အရေအဆင်းသည် ရှေးကကဲ့သို့ စင်ကြယ်ဖြူ
ဝင်းခြင်း မရှိတော့ပေ ၊ ခန္ဓာကိုယ်အားလုံးသည်
လျော့ပါးကာ အရေတို့သည် တွန့်လိမ်ကုန်၏ ။
ခန္ဓာကိုယ်သည် ရှေ့သို့ကိုင်း၏ ၊ မျက်စိစသော
ဣနြေ္ဒတို့သည်လည်း ဖေါက်ပြန်ခြင်းတို့ ရှေးရှု
ထင်ကုန်၏ " ဟု မိန့်တော်မူလျက် ဇရာတရား၏
နှိပ်စက်ပုံကို ------------

      "  ဓီ တံ  ဇမ္ပိဇရေအတ္တု ၊ ဒုဗ္ဗဏ္ဏ  ကရဏီဇ-

ရေ ၊ တာဝမနောရမံ ဗိမံ္ဗ ၊ ဇရာယ အဘိမဒ္ဒိတံ ၊
ယောပိ ဝဿသတံ ဇီဝေ ၊ သောပိမစ္စုပရာ ယ-
ဏော ၊ နကိဉ္စိ ပရိဝဇ္ဇေတိ ၊ သဗ္ဗမေဝါဘိ မဒ္ဒတိ "

" ဇမ္မဇရေ - ယုတ်မာလှစွာ ဟဲ့ဇရာ ။ တံ - သင့်
အား ။ ဓီ - စက်စုပ်ဖွယ်သည် ။ ဝတ္ထု - ဖြစ်ပါစေ ။
ဒုဗ္ဗဏ္ဏကရဏီ - ရုပ်ဆင်းအင်္ဂါ ပျက်စီးစွာကို ခါခါမ
ယုတ် ပြုလုပ်တတ်သော ။ ဇရေ - ရက်စက်ယုတ်
မာတဲ့ဇရာ ။ မနောရမံ - သူတစ်ပါးတို့ စိတ်နှလုံး
ကို ရွှင်ပြုံးနှစ်ခြိုက်စေတတ်သော ။ ဗိမ္ဗံ - ရွှေသား
ရုပ်လိုခန္ဓာကိုယ်ကို ။ ဇရာယ - ရင့်ရော်အိုမင်းဖျက်
စီးခြင်းဖြင့် ။ အဘိမဒ္ဒတံ - ရံခါမပြတ် ဖိစီးနှိပ်စက်
အပ်လေစွတကား ။
ဝဿသတံ - အနှစ်တရာ ။ ယောပိ - အ
င်ြသူသည် ။ ဇီဝေ - အသက်ရှည်၏ ။ သောပိ - အ
နှစ်တရာအသက်ရှည်ပါသော ထိုသူသည်လည်း ။
ပစ္စုပရာယဏော - သေမင်းလက်တွင်း သက်ဆင်း
လဲလျောင်းရခြင်းသည် ။ ဟောတိ - ဖြစ်၏ ။ ကိဉ္စိ -
ဦးမဲ ဦးဖြူ မည်သူတသ်စုံတစ်ယောက်ကိုမျှ ။ နပရိ
ဝဇ္ဇေတိ - မေ့လျော့သောအား ကွင်းရှောင်၍မထား
ချေ ။ သဗ္ဗမေဝ - ရှိသမျှသတ္တဝါအားလုံးကိုသာလျှင်
အဘိမဒ္ဒ - အိုရာမှသေ နှိပ်စက်ချေ၏ ။

 ဟူ၍  မြတ်စွာဘုရား  ဟောပြတော်မူလေ၏။
           (  မဟာ ဝဂ္ဂသံယုတ်ပါဠိတော် - ၁၉၀  )

ငယ်ရွယ်သူအမျိုးသမီးသည် ငယ်ရွယ်စဉ်အခါ၌
လှပတင့်တယ်သည်ဟု နှလုံးသွင်းမှားကာ တပ်
မက်သောစိတ်ဖြစ်ခဲ့သော သင်တို့အား ထိုအမှန်
ဖြစ်သော ဇရာတရား၏ ရင့်ရော်ပုံကို ညာဏ်ပညာ
ဖြင့် မမြင်ခဲ့သောကြောင့် နှစ်သက်တပ်မက်မှု အ-
ဿဒသည် ယခုအခါအဘယ်မှာနည်း ။ နှစ်သက်
တပ်မက်အပ်သော တဏှာလည်း သင်တို့၏ စိတ်
တွင်မရှိကြတော့ပေ ။ စင်စစ်နှစ်သက်သော တဏှာ
သည်တပ်မက်ဖွယ်ဟူသော နှလုံးသွင်းမှားမှု၌သာ
ဖြစ်၍ ယခုအမှန်မြင်ရသော သင်တို့အား နှလုံးသွင်း
မှား၍ စွဲလမ်းတပ်မက်မှု အားလုံးသည် ချုပ်ဆုံး
ကုန်ပျောက်ခဲ့လေ၏ ။ ယခုအခါ အပြစ်သာထင်
တော့၏ ဤသည်လျှင် အဆင်းရုပ်တို့၏ အပြစ်
တည်းဟု ဟောတော်မူ၏ ။

ဆရာကြီး #ဦးကြည် သစ္စာဒီပက ၏
မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်မှ
ထုတ်ယူပူဇော်ပါသည်

image

@kbkb

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64386.10
ETH 3142.17
USDT 1.00
SBD 3.98