တန်ဖိုးဖြတ်မရတဲ့ အဖေ့ချွေးစက်-1
''ဗိုက်ကလည်း ဆာပြီးရင်းဆာနေပါလား။ ဗိုက်ဆာတယ် အမေရေ...''
မီးဖိုခန်းထဲက အမေကြားအောင် အိမ်ရှေ့ခုတင်မှာ လဲလျောင်းနေရင်း ဖိုးထူးအော်လိုက်တာပေါ့။ သိပ်မကြာပါဘူး။ အမေက ထမင်းနဲ့ဟင်းတွေကို ဖိုးထူးစားဖို့ လာချပေးတယ်။
''ဗိုက်ဆာတယ်ဆိုပြီး ထစားလေ''
''စားမှာပေါ့ အမေရာ''
ငုတ်တုတ်ထထိုင်ပြီး ထမင်းနဲ့ဟင်းများကို ဖိုးထူး နယ်ဖတ်စားတော့တယ်။ စားကောင်းနေတုန်း ဘေးက ထိုင်နေတဲ့ အမေက သက်ပြင်းရှည်ကြီးချပါရဲ့။ နားငြီးဖို့ အစပျိုးနေပြီလို့ ဖိုးထူးတွေးကာ ထမင်းလုတ်ဝါးရင်း စိတ်ပျက်နေမိတယ်။
''သား အဖေလည်း မနက်က ထမင်းရည်ပဲ သောက်သွားရတာကို ထမင်းစားပြန်မလာသေးပါလား။ နေ့လယ် နှစ်နာရီထိုးနေပြီ။ ခုတစ်လော အပူရှိန်ပြင်းလို့ ဦးနှောက် သွေးကြောပြတ်ပြီး သေတဲ့သတင်းတွေကြားနေရတယ်။ ဒီလောက်နေပူနေတာကို အိမ်ပြန်မနားဘဲ ဆိုက်ကားနင်း နေမှတော့ သေတဲ့ထဲ ပါတော့မှာပဲ။ အဟင့် အဟင့် ဟီး''
အဖေ ဆိုက်ကားနင်းလို့ ထမင်းစားနေရတာ သိရက်သားနဲ့ လျှောက်တွေးပြီး ကျက်သရေမရှိငိုနေပြန်ပြီ။ ဒီ အမေနဲ့တော့ ခက်ပါတယ်။
''အမေကလည်း ထမင်းစားပျက်တယ်ဗျာ''
''စားပါတော် စားပါ။ ဆက်မပြောတော့ပါဘူး''
''ကလင် ကလင် ကလင်''ဆိုပြီး အသံကြားတာနဲ့ အမေ့မျက်လုံးတွေ တောက်ပသွားတယ်။ အဖေ ပြန်လာတာကြောင့်ပေါ့။ ရေချိုးထားသလို ချွေးတွေရွှဲနစ်နေတဲ့ အဖေ့ကို အမေက ပုဆိုးဟောင်းလက်ကကိုင်ပြီး ဆီးကြို လေရဲ့။ အဖေခုတင်ပေါ်ထိုင်ချလိုက်တာနဲ့ ပုဆိုးဟောင်းနဲ့ ချွေးတွေကို သုတ်ပေးနေတော့တယ်။
''သားက ခုမှထမင်းစားတာလား။ နောက်မကျစေနဲ့လေ။ အဆာလွန်ပြီး ဗိုက်အောင့်နေမှကွာ''
အဖေ့စကားကြောင့် ဖိုးထူး ပြုံးမိတယ်။ စားနေတာက နေ့လယ်စာမှမဟုတ်တာ။
''အောင်မယ်လေး... နောက်တစ်ခါ ပြန်စားတာပါရှင်။ သားအကြောင်း သိရက်သားနဲ့။ အလုပ်လုပ်ရမှာသာပျင်းတာ။ စားဖို့မပျင်းဘူး စိတ်ပူမနေနဲ့''
''မင်းကလည်း ခဏခဏစားတော့ ဘာဖြစ်လဲ။ ငါ ရှာကျွေးနိုင်ပါသေးတယ်။ စားစားသား။ အမေပြောတာ ဂရုမစိုက်နဲ့''
အိပ်ရာပေါ်လှဲပြီး ထမင်းလုံးစီရင်း အဖေ့ကို ပြန်ပြောလိုက်တယ်။
''ဂရုမစိုက်ပါဘူး။ ဗိုက်ဝဖို့အဓိကပဲ။ ဒါပေမယ့် သားကို အလုပ်လုပ်ခိုင်းဖို့တော့ လုံးဝစိတ်မကူးကြနဲ့နော်''
''အေးပါ သားရယ်''လို့ အဖေနဲ့အမေ ပြိုင်တူပြော လိုက်ကြတယ်။ ငယ်စဉ်ကတည်းက ဆင်းရဲပေမယ့် မိဘနှစ်ပါးက ဖိုးထူးကို အစွမ်းကုန်အလိုလိုက်ကြတယ်။ အလို လိုက်လွန်ပြီး ဖိုးထူး ပျက်စီးမသွားပေမယ့် ဘာမှမလုပ် ချင်အောင် ပျင်းရိလေရဲ့။ ပညာကျတော့လည်း မထွန်းပေါက်ခဲ့။ ရပ်ကွက်ထဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အဖေအိုကြီး ဆိုက်ကားနင်းပြီး ရှာကျွေးတာ စားသောက်ရင်း အသက်ပင် (၃ဝ)နား ကပ်လာပြီ။ ပတ်ဝန်းကျင်ကတော့ အမျိုးမျိုးဝေဖန်ကြပါရဲ့။ ဒါတွေကို ဖိုးထူးဂရုမစိုက်။ ဘာမှမလုပ်ရဘဲနေရတာ ဇိမ်ရှိမှန်း သူတို့ မှ မသိကြတာ။
တစ်ခါတလေတော့ ဖိုးထူး ရင်လေးမိတယ်။ အဖေအိပ်ရာထဲလဲသွားရင် ဘာနဲ့စားရပါ့မလဲလို့။ အရင်တုန်း က အမေပါ ဈေးရောင်းခဲ့ပေမယ့် ခါးနာတာကြောင့် ဈေးရောင်းမထွက်နိုင်တော့ပါ။ အဖေဆိုက်ကားနင်းရတဲ့ ဝင်ငွေလေးနဲ့ပဲ အိမ်ရဲ့စားဝတ်နေရေးဖြေရှင်းရတာ နှစ်တောင်ကြာပြီပေါ့။
''ဟဲ့ သား ဘာတွေးနေတာလဲ။ ရော့ ငါးရာ''
အဖေတောင် ဆိုက်ကား ပြန်ထွက်တော့မယ်။ အိမ်မှာ ခဏတောင် မနားပါလား။ အဖေပေးတဲ့ ပိုက်ဆံငါးရာကို မွှေးလိုက်တယ်။ အဖေ့ချွေးနံ့လေး ရလိုက်သလိုပဲ။ စိတ်ထဲမကောင်းဖြစ်သွားပေမယ့် မသောက်ရသေးတဲ့ လက်ဖက်ရည်အနံ့လေး ရလာတာကြောင့် ပျော်ရွှင်မှုက အနိုင်ယူသွားပါရဲ့။
''အောင်မယ်လေး အဖေရယ် ဆိုက်ကားများများ နင်းရပါစေ။ လက်ဖက်ရည်သောက်ချင်တာနဲ့ အတော်ပဲ။ တစ်ရေးအိပ်ပြီးမှ သွားသောက်ဦးမယ်''
''နေပူတာကို အအေးလေးသောက်မှပေါ့ကွာ''
ဖိုးထူး စိတ်ပျက်သွားပါရဲ့။ ပိုက်ဆံပေးတာ ကျေးဇူးတင်ပေမယ့် အမေလိုမနေဘဲ အသေးစိတ်ကအစ လိုက်ပြီး စိုးရိမ်ပူပန်နေတဲ့အဖေ့ကြောင့် စိတ်ကျဉ်းကျပ်လှတယ်။ ဒါပေမယ့် ပြန်မပြော နားမထောင်စရိုက်မို့ အဖေ နေရာ တကာ ဂရုစိုက်တာကို မကြိုက်ဘူးလို့ ပြန်မပြောမိ။ ခေါင်းရှုပ်လာတာကြောင့် ဖိုးထူးမျက်လုံးတွေကို မှိတ်ချလိုက်တယ်။
''ဒီအဘကြီးကလွဲပြီး လိုက်ပို့မယ့်လူမရှိဘူးလား။အသက်အရမ်းကြီးနေတော့ မစီးချင်ဘူး''
''ဆရာမရယ် ဘကြီး နင်းနိုင်ပါတယ်။ မငှားဘဲ မနေ ပါနဲ့နော်။ အိမ်စရိတ်လေးကြောင့်ပါ''
ဆိုက်ကားဂိတ်ဘက်ကြည့်မိတုန်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကုသိုလ်ပင်ကိုကွယ်ကာ ဖိုးထူးကြည့် နေမိတယ်။ အဖေနဲ့ မူလတန်းတုန်းက ဆရာမပါလား။ အဖေက အသက်ကြီးလို့ အဖေ့ဆိုက်ကား မငှားချင်တာကြောင့် ဆရာမက ငြင်းနေပါရဲ့။ ငြင်းတာလည်းမပြောနဲ့ အသက်က ခြောက်ဆယ်မပြည့်သေးပေမယ့် အဖေ့ရုပ်သွင်မှာ တော်တော်အိုစာနေပြီ။ ဆရာမက အဖေ့လက်ထဲ ထောင်တန်အချို့ထည့်ပေးလေရဲ့။ ဂိတ် စည်းကမ်းအရ အလှည့်ကျော်ပြီး ခရီးသည်ကိုပို့ခွင့်မရှိပါ။ ဒါပေမယ့် ကိုမောင်ဝင်းက အဖေ့အစား ဆရာမကို ဆိုက်ကားနဲ့လိုက်ပို့ပေးတယ်။ အဖေကတော့ ဆရာမ သနားလို့ပေးခဲ့တဲ့ ပိုက်ဆံတွေကို လက်ကဆုပ်ကိုင်ရင်း မျက်ရည်တွေဝဲနေရှာတယ်။
''ကျုပ်တို့ ဆိုက်ကားဂိတ်ကလည်း သူတောင်းစားဂိတ် ဖြစ်တော့မယ်။ ဒီလိုလူမျိုးတွေရှိတာ ဂိတ် လာဘ်တိတ် တယ်''
အဖေ့ကို ရွဲ့စောင်းပြောနေတဲ့ အမူးသမား ဘချစ်ရဲ့ စကားကြောင့် ဖိုးထူး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ဘချစ်ကို ဆွဲထိုးချင်ပေမယ့် ခြေလှမ်း ကျဲကျဲနဲ့သာ ဒေါသတကြီး အိမ်ကိုပြန်လာခဲ့တယ်။
''ကျားသားမိုးကြိုး ညနေစောင်းတဲ့အထိ ဗိုက်ဆာတယ် မအော်သေးပါလား''
''မဆာလို့ပေါ့ အမေရာ''
Ty
This post has received a 3.13 % upvote from @speedvoter thanks to: @tunnaing.
This post has received a 0.78 % upvote from @drotto thanks to: @tunnaing.
This post has received a 1.82% upvote from thanks to: @tunnaing!!!
For more information, click here!!!!
If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.
Congratulations @tunnaing! You have completed the following achievement on Steemit and have been rewarded with new badge(s) :
You published your First Post
You got a First Vote
Award for the number of upvotes received
You made your First Comment
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes
Congratulations @tunnaing! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!