''ငါးမုန့်ခြောက် ကိုယ်တိုင်ပြုလုပ်နည်း''

in #writing6 years ago (edited)

''ငါးမုန့်ခြောက် ကိုယ်တိုင်ပြုလုပ်နည်း''

ငါးမုန့်၊ ပုစွန်မုန့်ခြောက်တွေကို ကိုယ်တိုင်ပြုလုပ်နိုင်ဖို့ လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

prawn-crackers.jpg
photo credit to source.

ပါဝင်ပစ္စည်းတွေကတော့------
ငါးဖယ်ခြစ်(သို့)ပုစွန် – ၂၀ဝ ဂရမ်
သာကူမှုန့်(သို့)ပီလောပီနံမှုန့် – ၁၀ဝ ဂရမ်
ချင်းရည် – အနည်းငယ်
ဆား – အနည်းငယ်
ဟင်းခတ်မှုန့် – အနည်းငယ်
ငရုတ်ကောင်းဖြူ – အနည်းငယ်

်ပြုလုပ်ပုံအဆင့်ဆင့်
(၁)ငါးဖယ်ခြစ် (သို့) ပုစွန် (သို့) နှစ်သက်ရာငါးကို အရိုးနွှင်ပြီး ကြိတ်ထားပါ။
(၂)ကြိတ်ထားတဲ့ ငါးဖယ်ခြစ်ထဲကို သာကူမှုန့်၊ ဆား၊ ငရုတ်ကောင်း၊ ချင်းရည်နှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး သမအောင်နယ်ပါ။
(၃)ငါးမုန့်အရောကို ချောမွေ့လာတဲ့အထိ နယ်ပေးပါ။ နယ်ချိန်မှာ အလွန်ခြောက်နေရင် လက်ကို ရေစိုရုံစွတ်ပြီး နယ်ပေးပါ။
(၄)ချောမွေ့သွားရင် လိုချင်တဲ့ ငါးမုန့်အရွယ်အစားကို လှိမ့်ပေးပြီး ဆီလူးထားသော ဗန်းထဲထည့်၍ ပေါင်းခံအိုးဖြင့် ၁ နာရီခန့် ကျက်တဲ့အထိ ပေါင်းပါ။
(၅)မုန့်နှစ်ကျက်မကျက်ကို သွားကြားထိုးတံလေးနဲ့ထိုးပြီး ကြည့်ပါ။ ကျက်လျှင် အရောင်ပြောင်းပြီး မာတင်း၍ မုန့်နှစ် ကပ်မပါလာပါက ထုတ်ယူပြီး အအေးခံပါ။
(၆)ပေါင်းထားသောငါးမုန့်ကို လုံးဝအေးသွားအောင် ရေခဲသေတ္တာထဲ တစ်ည (သို့) နာရီပိုင်းခန့်ထားပြီး အေးသွားသော ငါးမုန့်မာတင်းတင်းကို ဓားထက်ထက်ဖြင့် ခပ်ပါးပါးလှီးပါ။၂ မီလီမီတာအရွယ် အပါးလောက် လှီးပါ။
(၇)ပါးပါးလှီးထားပြီးသော ငါးမုန့်ကို ဗန်းတစ်ချပ်ထဲ ထည့်ပြီး နေလှန်းပါ။တစ်နေလှန်းလျှင် ရပါပြီ။

P_Crackers-500x500.png
photo credit to source.

(၈)နေပူလှန်း၍ မရသောသူများအတွက် Oven အပူချိန် ၁၀ဝ ခန့်မှာ ၁၀ မိနစ်တစ်ခါ အထက်အောက်လှည့်ပြီး ခြောက်အောင်ပြုလုပ်ပါ။ သို့မဟုတ် ပူနွေးသောနေရာမှာ လေသလပ်စေပြီး ခြောက်သွေ့အောင် ပြုလုပ်ပါ။
(၉)လုံးဝခြောက်သွေ့သွားမှသာလျှင် လိုသလောက်ကို ဆီပူထဲ ချကြော်ပြီး ကျန်ရှိသည်ကို ခြောက်သွေ့သောဘူး၊ ပုလင်းတို့ဖြင့်ထည့်၍ သိမ်းဆည်းထားနိုင်ပါပြီ။

Sort:  

Congratulations @gyinthee! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made your First Comment

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemFest³ - SteemitBoard support the Travel Reimbursement Fund.

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.028
BTC 65304.87
ETH 3543.20
USDT 1.00
SBD 2.49