မင်းလည်းဧည့်​သည်​ ငါလည်းဧည့်​သည်

in #wafrica5 years ago

လူသား​တွေ တစ်​​ယောက်​ကိုတစ်​​ယောက်​အပြန်​အလှန်​ဝန်​​ဆောင်​မှု​ပေးကြတယ်​။ ကိုယ်​က ဧည့်​သည်​ဖြစ်​တဲ့အချိန်​ရှိသလို ကိုယ်​က ဝန်​ထမ်းဖြစ်​တဲ့အချိန်​ရှိတယ်​။ တစ်​လှည့်​စီ​ပေါ့။ အဲ့ဒီအချက်​ကို နားလည်​သ​ဘော​ပေါက်​ရင်​ လူသားချင်းစာနာစိတ်​ဖြစ်​လာမယ်​။ ​လေးစားတတ်​လာမယ်​။ ကိုယ်​ချင်းစာတတ်​လာမယ်​။ အ​တွေးအ​ခေါ်​တွေတိုးတက်​ပီး မိတ်​​ဆွေ​တွေများလာမယ်​။

ကောင်​​လေးတစ်​​ယောက်​ရှိတယ်​။ သူက​တော့ ကား​ရောင်းတဲ့ company မှာ အ​ရောင်းဝန်​ထမ်းတစ်​​ယောက်​ပါ။ သူက သူ့ရဲ့အလုပ်​ကို အရမ်း ဂုဏ်​ယူ​နေသူတစ်​​ယောက်​​ပေါ့။ သူကလည်း သူ့လုပ်​ငန်းနယ်​ပယ်​မှာ ကျွမ်းကျင်​သူတစ်​​ယောက်​ဆိုလည်း မမှားဘူး​ပေါ့။ တစ်​​နေ့​တော့ သူနဲ့အတူ သူ့သူငယ်​ချင်း​တွေနဲ့ ​ဟော့​ပေါ့သွားစားကြတယ်​။ သွားစားကြတဲ့အခါမှာ သူ့အတွက်​ ဟင်းရည်​အ​နေနဲ့ ဘာမှာချင်​လည်း​ပြောတဲ့အခါ တုန်​ယမ်းဟင်းရည်​မှာမယ်​ဆိုပီး မှာလိုက်​တယ်​။ ဟင်းရည်​လည်းလာချ​ရော။ ငါတုန်​ယမ်းဟင်းရည်​မလိုချင်​​တော့ဘူး။ တစ်​ခြားဟင်းရည်​​ပြောင်း​ပေး။ဆိုပီး​ပြောလိုက်​တယ်​။ စားပွဲထိုး​လေးကလည်း သူ့ဧည့်​သည်​သ​ဘောအတိုင်း ​နောက်​ထပ်​ ဟင်းရည်​တစ်​ခွက်​ ပြန်​ပြင်​ဆင်​ပီးလာချ​ပေးတယ်​။ အဲ့ဒီအခါမှာလည်း ငါစိတ်​​ပြောင်းသွားပီ တုန်းယမ်းပဲပြန်​လာ​ပေး​တော့လို့​ပြောတယ်​။ အဲ့ဒီအခါ စားပွဲထိုး​လေးက စိတ်​ဆိုးသွားတယ်​။ ဒါ​ပေမဲ့ သု့ဆိုင်​ကိုလာတဲ့ ဧည့်​သည်​ဆို​တော့ ဘာမှမ​ပြောနိုင်​ဘူး။ မှာတာကိုပြင်​ဆင်​​ပေးလိုက်​တယ်​။ ဒါ​ပေမဲ့ တစ်​ခု​တော့ ​ပြောလိုက်​တယ်​။ အကို ခုလို ဟိုဟာမှာလိုက်​ဒီဟာမှာလိုက်​ဖြစ်​တဲ့ အတွက်​ အကိုစား​သောက်​ဖို့ ​နောက်​ကျသွားပါတယ်​။ ကိုယ့်​စိတ်​ကို ​သေချာစဉ်းစားပီးမှ ဆုံးဖြတ်​ပီး မှာယူသင့်​ပါတယ်​လို့​ပြောလိုက်​တဲ့အခါ.... သူ့ကို ဆရာလာလုပ်​​နေတာလားဆိုပီး ပြဿ
နာရှာပါတယ်​။ ဒါ​ပေမဲ့ မဟုတ်​ပါဘူးဆိုပီး​တောင်းပန်​လိုက်​တယ်​။

နောက်​တစ်​​နေ့ သူအလုပ်​​ရောက်​​တော့ ကားလာဝယ်​တဲ့ ဧည့်​သည်​က သူမ​နေ့ညက ​ပြောဆိုလိုက်​တဲ့ စားပွဲထိုး​ကောင်​​လေးဖြစ်​​နေတယ်​။ သူမထင်​ထားတဲ့အချိန်​ကို ​ရောက်​လာခဲ့တာ​ပေါ့။ သူလည်း သူ့တာဝန်​အရ ကြိုဆိုလိုက်​တယ်​။ မင်္ဂလာပါဗျ ဘာများ ကူညီ​ပေးရမလည်းလို့​မေးလိုက်​ပါတယ်​။ အဲ့အချိန်​မှာ ကားလာဝယ်​တဲ့​ကောင်​​လေးက ဒီမှာ ကားဘယ်​နစီးရှိလည်းလို့ ​မေးလိုက်​တယ်​။ အဲ့​တော့ အ​ရောင်းဝန်​ထမ်း​ကောင်​​လေးကလည်း ဒီမှာ ကားအစီး ၄၀ ရှိပါတယ်​လို့​ဖြေလိုက်​တယ်​။ အဲ့ဒါဆို ငါ့ကို ကား​ရောင်းပြလို့​ပြောလိုက်​တယ်​။ အဲ့ဒါနဲ့ အ​ရောင်းဝန်​ထမ်းကလည်း သူ့ကို ပညာစမ်းတယ်​ထင်​ပီး ကား​တွေအကုန်​လုံး အ​ကြောင်းကို ရှင်းပြလိုက်​တယ်​။ အကုန်​ရှင်းပြပီးတဲ့​နောက်​မှာ​တော့ သူလည်း ​မောသွားတာ​ပေါ့။ အဲ့အခါ ကားလာဝယ်​တဲ့​ကောင်​​လေးက သူ့ကို​ပြောတယ်​။ ကား​ရောင်းတာမှမဟုတ်​ဘူး ဘယ်​ဟာပဲ​ရောင်း​ရောင်း ဝယ်​တဲ့သူကို ​သေ​သေချာချာ ​မေးရဆယ်​။ ဘယ်​လိုကားမျိုးလိုချင်​တာလည်း။ ဘယ်​​နေရာ​တွေမှာ​မောင်းဖို့လည်း။ လူဘယ်​န​ယောက်​ဆံ့တာကြိုက်​လည်း စတာ​တွေ​မေးပီးမှ အသင့်​​တော်​ဆုံးကို ​ပြောပြရတယ်​။ ခုလို အကုန်​လုံးအ​ကြောင်းရှင်းပြ​တော့ ငါလည်းအချိန်​ကုန်​တယ်​။ မင်းလည်းပင်​ပန်းတယ်​။

နောက်​ပီးတစ်​ခု ​ပြောချင်​တာက မင်းလည်း တစ်​ချိန်​မှာ ဝန်​ထမ်းဖြစ်​သလို ဧည့်​သည်​လည်း ဖြစ်​တယ်​။ ငါလည်းအတူတူပဲ ဝန်​ထမ်းဖြစ်​တဲ့အချိန်​ရှိတယ်​ ဧည့်​သည်​ဖြစ်​တဲ့အချိန်​ရှိတယ်​။ ကိုယ်​ချင်းစာတတ်​ပါဆိုပီး​ပြောသွားပါတယ်​။

Posted using Partiko Android

Sort:  

Calling @originalworks :)
img credz: pixabay.com
Nice, you got an awesome upgoat, thanks to @caesarsupaimin
BuildTeam wishes everyone a great Christmas and bullish Holidays
Want a boost? Minnowbooster's got your back!

This post has received a 0.78 % upvote from @drotto thanks to: @caesarsupaimin.

ဧည့်သည်ဆိုတော့ ပြန်ရဦးမှာပေါ့

Posted using Partiko Android

YOU JUST GOT UPVOTED

Congratulations,
you just received a 11.02% upvote from @steemhq - Community Bot!

Wanna join and receive free upvotes yourself?
Vote for steemhq.witness on Steemit or directly on SteemConnect and join the Community Witness.

This service was brought to you by SteemHQ.com

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99