Steem Velocity Hardfork 20:explained in myanmar language part-2

in #steempress6 years ago

Hardfork 20 Steem Velocity အကြောင်းရေးထားတာဖြစ်ပါတယ်။ ဒီပိုစ့်က ဒုတိယပိုင်းဖြစ်ပါတယ်။ ပထမပိုင်းကို အောက်ကလင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ်။

https://steemit.com/steempress/@mmunited/steemvelocityhardfork20explainedinmyanmarlanguagepart-1-3tfvih5v6u


ဒီပိုစ့်မှာ ပါဝင်မည့် အကြောင်းအရာတွေကတော့

  • Dust Vote Threshold Changes
  • Removal of the Minimum SP Power Down Restirction
  • Curation Updates
    • 30-minute Curation Window
    • Self-Voting Rewards
  • Expiration of Internal Market Orders
  • Changes for Witnesses
    • Update to Witness Price Feed Format
    • Flexible Witness Parameters
    • Limit on Maximum Block Size
    • New Witness Parameters
စတာတွေပဲဖြစ်ပါတယ်။
  • Dust Vote Threshold Changes
Dust Vote ဆိုတာကတော့ အရမ်းအားနည်းနေတဲ့ vote တွေက blockchain ထဲမှာ ရှုပ်ရှက်ခတ်နေမှိာကု ကာကွယ်ဖို့လုပ်ထားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှတော့ အနည်းဆုံး 1 SP ပိုင်ဆိုင်ထားပြီး 100% နဲ့ vote ပေးရမှာဖြစ်ပါတယ်။ တစ်ကယ်လို့အဲ့ဒိထက်နည်းရင်တော့ vote ပေးလို့ရမှာ မဟုတ်ပါဘူး။အခု HF20 မှာတော့ ဒီအချက်ကိုပြင်လိုက်ပါပြီ။ New user တွေအနေနဲ့ vote ပေးလို့ရမှာဖြစ်ပါတယ်။ RC ရှိနေခဲ့ရင်ပေါ့။ ဒါပေမဲ့ ဘယ်လိုမှတော့ အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ vote ပေးလို့တော့ ရမယ် ဒါပေမဲ့ ဘာမှမရဘူး။
  • Removal of the Minimum SP Power Down Restirction
အခုလက်ရှိ အချိန်မှာတော့ Account creation fee (0.1 SP)ရဲ့ ဆယ်ဆထက်နည်းခဲ့ရင် ပါဝါဒေါင်းခွင့်ပေးမထားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အကောင့်တစ်ခုကို စလုပ်ပြီးတာနဲ့ တန်းပြီးတော့ ပါဝါဒေါင်မှာစိုးလို့ပါ။ HF 20 ပြီးသွားခဲ့ရင်တော့ account creation fee ကို ဘန်း မှာဖြစ်တဲ့အတွက် အကောင့်မှာ ဘာ SP မှ ရှိနေမှာ မဟုတ်ပါဘူး။ ရှိတဲ့ SP ကလဲ သူတို့ ဝယ်ထားတဲ့ SP ပဲရှိမှာဖြစ်ပါတယ်။ အဲ့ဒိအတွက် ဒီတားမြစ်ချက်ကို ပယ်ဖျက်လိုက်ပါတယ်။
  • Curation Updates
    • 30-minute Curation Window
Steem user တွေ bots တွေကို ပိုစ့်စတင်ပြီး မိနစ် ၃၀ အတွင်း vote ပေးရင် curation rewards နည်းနည်းပဲ ရအောင်လုပ်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ steemit မှရေးထားတဲ့ စာတွေက ရှည်ပါတယ်။ လူက အဲ့ဒါကို ဖတ်ဖို့အ ချိန်ယူရပါတယ်။ bots ကတော့ အချိန်ယူစရာမလိုပါဘူး။

အဲ့ဒိလို ပြောင်းလဲ လိုက်တဲ့အချိန်ထဲက စပြီး steem ပြောင်းလဲလာခဲ့ပါပြီ။ အခုအချိန်မှာ အခြား decetrailize app တွေအ များကြီးကလဲ Steem မှာ ဝင်ရောက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီ့အတွက် curation window ကို ၃၀ မိနစ်ကနေ ၁၅ မိနစ်ကို ပြောင်းမှာဖြစ်ပါတယ်။ ဒါကလဲ ပိုစ့်ကို စိတ်ဝင်တစားနဲ့ဖတ်ပြီuးpvote ပေးတဲ့သူတွေအတွက်ပါ။

  • Self-Voting Rewards
အခုလက်ရှိ စည်းမျည်းတွေအရ စာရေးသူဟာ မိမိဘာသာ upvote ပေးမယ်ဆိုရင် သူတို့ရဲ့ author reward ရဲ့ ၁၀၀% လုံးကို ရရှိပါတယ်။ ပြီးတော့ သူတို့နောက်မှာ vote ပေးတဲ့သူတွေဆီကလဲ ထပ်ရပါသေးသည်။ အခြား curator ကတော့ အဲ့ ဒိအချိန်မှာ vote ပေးရင် ဘာမှမရပါဘူး။ ဒီအချက်က author ကို မတရာ အခွင့်အရေးပေးသလိုဖြစ်နေပါတယ်။ ဘာဖြစ်လိုလဲ ဆိုတော့  author က self-voting ကနေ ဆုကြေးတွေ ပိုရနေလို့ဖြစ်ပါတယ်။

ဒီအားသာချက်ကို ဖျောက်ဖို့အတွက် အဲ့ဒိ curation rewards တွေကို rewards pool ထဲကို ပြန်ထည့်မှာဖြစ်ပါတယ်။ author ကို မပေးတော့ပါဘူး။

  • Expiration of Internal Market Orders
အခုလက်ရှိအချိန်မှာတော့ buy/sell order တွေက ဘယ်တော့မှ သက်တမ်း မကုန်ပါဘူး။ ဒီလိုဖြစ်နေတာဟာ bandwidth ကို ပိုသုံးရပြီးတော့ ဘလောက်ချိန်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ HF20 ပြီးတဲ့နောက်မှာတော့ အဲ့ဒိ order တွေဟာ ၂၈ ရက်ပြည့်တာနဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ Exchanges အများစုကလဲ အဲဒိစနစ်ကိုပဲ ကျင့်သုံးနေပါတယ်။
  • Changes for Witnesses
    • Update to Witness Price Feed Format
HF20 ကနေ witness price feed ကို အပြောင်းအလဲ ပြုလုပ်မှာဖြစ်ပါတယ်။ Price feed မှာ SBD ကို အခြေပြုပြီးတော့ Steem ကိုမှတ်ချက်ပေးရမှာဖြစ်ပါတယ်။အဲ့ ဒိလိုမဟုတ်ရင်တော့ ငြင်းပယ်မှာဖြစ်ပါတယ်။

 

  • Flexible Witness Parameters
Witness_set_properties operation ကို ထပ်ထည့်မှာ ဖြစ်ပါတယ်။ ဒီလိုထည့်လိုက်တဲ့အတွက် paramete ပြောင်းလဲမှုတွေကို သီးခြားလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီ operation မှာ account creation fee, max block size, sbd interest, singing key and witness စတာတွေကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ Witness တွေအနေနဲ့ သူ့တို့ရဲ့ signing key ကို သုံးပြီး price feed ကို တင်နိုင်မှာဖြစ်ပါတယ်။
  • Limit on Maximum Block Size
Maximum Block Size ကို 2MiB မှာထားမှာဖြစ်ပါတယ်။ Witness တွေအနေနဲ့ အဲ့ဒိထက်ကျော်ထားလို့မရတော့ပါဘူး။ ဒါကလဲ p2p လုပ်ထုံးလုပ်နည်းအရ ထားတာဖြစ်ပါတယ်။
  • New Witness Parameters
Witness တွေအနေနဲ့ parameter အသစ်နှစ်ခုကို အဆိုပြုရမှာဖြစ်ပါတယ်။ account_subsidy_daily_rate က discounted account creation token တွေ တစ်နေ့ကို ဘယ်လောက်ထုတ်ပေးရမလဲဆိုတာကို သတ်မှတ်မှာဖြစ်ပြီး account_subsidy_pool_cap ကတော့ discounted account creation token တွေ ရှိရမည့် အများဆုံးပမာဏကို သတ်မှတ်မှာဖြစ်ပါတယ်။ ဒီ ပမာဏ နှစ်ခုကို အပေါ်မှာပြောခဲ့တဲ့ witness_set_properites operation ကနေ တစ်ဆင့် တင်ပြရမှာဖြစ်ပါတယ်။

Ref Link: https://steemit.com/steem/@steemitblog/steem-velocity-hardfork-hardfork-20



If you would like to delegate to @mmunited you can do so by clicking on the following links: 5 SP, 10 SP,15 SP, 20 SP, 25 SP, 50 SP, 100 SP, 250 SP . Be sure to leave at least 50SP undelegated on your account.




Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=91
Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by mmunited from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63096.55
ETH 3032.40
USDT 1.00
SBD 3.69