Steem Velocity Hardfork 20:explained in myanmar language part-1

in #steempress6 years ago


ဒီနေ့ ပိုစ့်မှာကတော့ Hardfork 20 Steem Velocity အကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်။ Hardfork 20 ကို စက်တက်ဘာလ ၂၅ ရက်နေ့မှ စတင်ပြုလုပ်မှာဖြစ်ပါတယ်။ ဒီအထဲမှာ ပါဝင်တဲ့ အချက်အလက်တွေ အတိုင်းဖြစ်မဖြစ်ဆိုတာကတော့ witnesses တွေရဲ့ မဲပေးမှုပေါ် မူတည်ပါတယ်။ ကျွန်တော်ကတော့မူရင်းပိုစ့်ကို သုံးပိုင်းလောက်ခွဲပြီး ဘာသာပြန်ဖို့စိတ်ကူးထားပါတယ်။

ပထမပိုင်းမှာ ပါဝင်မှာကတော့

  • Resource Credits
  • Updates to Account Creation
  • Discounted Accunt Creation
  • Discount Account Creation Tokens
  • Stake-Based Discount Account Creation Market
  • Burn Account Creation Fee
  • Deprecate Account Creation with Delegation Operation
  • Revert Modified Account Creation Fee
စတာတွေပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေက Steemit အသုံးပြုတဲ့သူတိုင်းနဲ့ သက်ဆိုင်ပါတယ်။
  • Resource Credits

Velocity Hardfork မှာ အဓိက အပြောင်းအလဲကတော့ အခုလက်ရှိသုံးနေတဲ့ bandwidth စနစ်ကနေ ပိုမိုကောင်းမွန်တဲ့ စနစ်သစ်ဖြစ်တဲ့ Resource Credits(RCs) ကို ပြောင်းလဲ သုံးစွဲမှာဖြစ်ပါတယ်။Steem ကတော့ ကမ္ဘာပေါ်မှာ ပိုက်ဆံမပေးပဲ သုံးလို့ရတဲ့ blockchain တစ်ခုပဲဖြစ်ပါတယ်။ အခုလက်ရှိအသုံးပြုနေတဲ့ လုပ်ဆောင်ချက်များအတိုင်းဆက်လက်ဆောင်ရွက်နိုင်ပြီး Dapps တွေကိုလည်း ပြုလုပ်သွားနိုင်မဲ့ blockchain တစ်ခုအဖြစ် အခု အသစ်ထွက်ပေါ်လာမည့် RC စနစ်ကနေ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကတော့ နားလည်ရခက်ပါတယ်။ အရင်တုန်းက transaction size တစ်ခုပဲ ရှိပါတယ်။ အခုအခါမှာတော့ blockchain size, state size နဲ့ computational load ဆိုပြီး သုံးပိုင်းပြန်ခွဲမှာဖြစ်ပါတယ်။အခု လက်ရှိစနစ်မှာ ပြုလုပ်နေသလိုပါပဲ။ RCs တွေကို အကောင့်ပိုင်ရှင်တွေကို ခွဲပေးထားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ transaction တစ်ကြီမ်ပြုလ်ုလိုက်တိုင်းမှာ အသုံးပြုရမဲ့ RCs ကို တွက်ချက်ပေးမှာဖြစ်ပါတယ်။

  • Updates to Account Creation

Velocity Hardfork ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အကောင့်အသစ်ပြုလုပ်ရမှာ စရိတ်နည်းနည်းနဲ့ ပြလုပ်နိုင်ပြီးတော့ အသစ်ဝင်လာမဲ့သူတွေအတွက် ပိုမိုလွယ်ကူတဲ့ အကောင့်ပြုလုပ်တဲ့ စနစ်သစ်ကို ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။

  • Discounted Accunt Creation

Hardford Velocity မှာ အကောင့်အသစ်ပြုလုပ်ချင်တဲ့သူတွေကို ဈေးလျှော့ပေးမှာဖြစ်ပါတယ်။ Steem လုံးဝကို ပေးစရာမလိုပဲနဲ့လဲ ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ user တွေအနေနဲ့ မိမိတို့ရဲ့ RCs ကိုပဲ အသုံးပြုပြီးတော့ အကောင့်အသစ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီလို RCs ကို အသုံးပြုလိုက်တဲ့အတွက် Steem blockchain ကို အသုံးပြုတဲ့နေရာမှာ အနည်းငယ် အခက်အခဲတွေ့နိုင်ပါတယ်။ အထူးသဖြင့် steem power နည်းတဲ့သူတွေအနေနဲ့ ပိုအခက်တွေ့နိုင်ပါတယ်။

  • Discount Account Creation Tokens

ကမ္ဘာသုံး account creation tokens တစ်ခုကိုလဲ ပြုလုပ်ထားမှာဖြစ်ပါတယ်။ ဒီ token အရေအတွက် ရှိသလောက်ကိုပဲ discounted account တွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Discounted account တစ်ခုပြုလုပ်လိုက်တိုင်း token တစ်ခုလျော့သွားမှာဖြစ်ပါတယ်။ တစ်ကယ်လို့ token တွေကုန်သွားရင်တော့ discountd account တွေ လုပ်လို့မရတော့ပါဘူး။တစ်နေ့ကို ဒီ token အရေအတွက် ဘယ်လောက်ထုတ်ပေးမလဲဆိုတာကို witnesses တွေကပဲ ဆုံးဖြစ်မှာဖြစ်ပါတယ်။

  • Stake-Based Discount Account Creation Market

အကောင့်အသစ်ဖွင့်တဲ့ နေရာမှာသုံးရတဲ့ RCs အရေအတွက်က ဈေးကွက်ပေါ်လိုက်ပြီး ပြောင်းလဲနေမှာဖြစ်ပါတယ်။ discounted အကောင့်လုပ်နိုင်တဲ့ အရေအတွက်ကနည်းနေပြီးတော့ အကောင့်အသစ်လုပ်တာကများနေရင် ပေးရတဲ့ RCs ကလဲများလာမှာဖြစ်ပါတယ်။ တစ်ကယ်လို့ discounted အကောင့်လုပ်နိုင်တဲ့ အရေအတွက်က များနေပြီးတော့ အကောင့်အသစ်လုပ်တာက နည်းနေခဲ့ရင် ပေးရတဲ့ RCs ကနည်းမှာဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အတွက် SP အများကြီး ရှိတဲ့သူတွေကပဲ အကောင့် အသစ်တွေကို လုပ်ပေးနိုင်ပါလိမ့်မယ်။

  • Burn Account Creation Fee

အကောင့်အသစ်ပြုလုပ်ရမှာ သုံးရတဲ့ Steem ကို အကောင့်အသစ်တွေကို powerup ပေးရမဲ့ အစား@null ဆီကိုပို့ပေးပြီး burn ပါလိမ့်မယ်

  • Deprecate Account Creation with Delegation Operation

Velocity hardfork ပြုလုပ်ပြီးသွားတဲ့အခါမှာတော့ SP delegate လုပ်ပေးပြီးတော့ အကောင့်အသစ်တွေကို ဖန်တီးလို့မရတော့ပါဘူး။ အခြားသူတွေကိုတော့ delegate လုပ်လို့ရပါဉီးမယ်။

ပြောရရင်တော့ steemit ကနေ အကောင့်တွေကို SP delegate လုပ်ပြီး ဖွင့်ပေးတာမျိုးတွေ မရှိနိုင်တော့ပါဘူး။ ဒါပေမဲ့ အကောင့်ဖွင့်ပြီးတဲ့ နောက်ပိုင်းမှာ SP delegate လုပ်လို့တော့ ရပါ ဉီးမယ်

  • Revert Modified Account Creation Fee

ကျွန်တော်တို့ အကောင့်တွေကို delegated SP​နဲ့ဖွင့်ခွင့်ပေးခဲ့စဉ်တုန်းက အကောင့်ဖွင့်တဲ့ဈေးကအကောင့်ဖွင့်ခရဲ့ ငါးဆပဲတောင်းခဲ့ပါတယ်။ အခုတော့ SP delegate လုပ်ပြီး အကောင့်ဖွင့်တာကို ခွင့်မပြုတော့တဲ့အတွက် အကောင့်ဖွင့်ခရဲ့ အဆ ၃၀ ကိုပေးမှပဲ အကောင့်ဖွင့်လို့ရတော့မှာပါ။ လက်ရှိ အကောင့်ဖွင့်ခက 0.1 Steem ပဲဖြစ်ပါတယ်။ အဲ့ဒိလိုဆိုတော့ 3.0 Steem ပေးမှပဲ အကောင့်ဖွင့်လို့ရတော့မှာပါ။

အနည်းငယ် ရှုပ်တယ်လို့ထင်ရပါတယ်။ ပထမဆုံးက RCs ပါ။ transaction size တစ်ခုပဲသုံနေရာကနေ blockchain size, state size နဲ့ computational load သုံးမျိုးပါဝင်တဲ့ Resource Credits ကို​ပြောင်းလဲ သုံးစွဲမှာဖြစ်ပါတယ်။အကောင့်တွေကို RCs သုံး ပြီး ဖွင့်ခွင့်ပေးမှာဖြစ်ပါတယ်။ Discounted account တွေကို ထိန်းချုပ်ဖို့အတွက် token တစ်ခု ဖန်တီးဉီးမှာဖြစ်ပါတယ်။ အဲ့ဒိ tokenတွေ ကိုလဲ witnesses တွေကပဲ ထိန်းချုပ်ထားမှာဖြစ်ပါတယ်။အကောင့်အသစ်ဖန်တီးရာမှာလဲ SP များတဲ့သူတွေကပဲ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ SP delegate လုပ်ပြီးတော့ အကောင့်အသစ်တွေကို ဖန်တီးခွင့်မပေးတော့ပါဘူး။ အဲ့ဒိအတွက် အကောင့်ဖွင့်ခက 3 Steem ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ Steemit က အလကားဖွင့်ပေးမပေးမသိသေးပါဘူး။ အရင်တုန်းက အကောင့်ဖွင့်ခက 0.5 Steem နဲ့ 15 SP ကိုပဲ delegate လုပ်ပေးဖို့လိုပါတယ်။Hardfork ပြီးသွားတဲ့အခါမှာတော့ 3 Steem ပေးမှပဲ အကောင့်ဖွင့်လို့ရတော့မှာဖြစ်ပါတယ်။ အကောင့်ဖွင့်မယ်ဆိုရင် စောစောဖွင့်ထားဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ SP များတဲ့သူ တစ်ယောက်ယောက်ကဖွင့်ပေးမှ ရတော့မှာပါ။

 

If you would like to delegate to @mmunited you can do so by clicking on the following links: 5 SP, 10 SP,15 SP, 20 SP, 25 SP, 50 SP, 100 SP, 250 SP . Be sure to leave at least 50SP undelegated on your account.




Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=88
Sort:  

အခြား အပြောင်းအလဲတွေလာဦးမှာဖြစ်ပါတယ်။ Steemit ဆီကနေ ရနေတဲ့ 15 SP ကတော့ မရဖို့များသွားပါပြီ။ အကောင့်အသစ်တွေမှာ SP ပါမလာဖို့လဲ များသွားပါပြီ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by mmunited from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မလွယ်ပါလားဗျာ တော်သေး acc ဖွင့်ထားမိလို့
@aggamun

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 61745.50
ETH 2898.66
USDT 1.00
SBD 3.61