ပြောင်းလဲခြင်းနှင့် အတူ − ၂steemCreated with Sketch.

in #steempress6 years ago

ဒီပိုစ့်မှာကတော့ adoption အကြောင်းရေးသွားမှာဖြစ်ပါတယ်။ Adoption ဆိုတာကတော့ မြန်မာလိုပြောရင် မွေးစားတာပါ။ တစ်စုံတစ်ယောက်ကို မွေးစားတာဖြစ်ပါတယ်။ ဒါပေမဲ့ Steemit မှာရော adoption ဆိုတာက ဘာကို ဆိုလိုပါသလဲ။ ဒီ အကြောင်းအရာကို ဘယ်သူစရေးသလဲဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။ Adoption ရဲ့ ပုံစံကွဲတွေကတော့ အများကြီးပါ။ အဲ့ ဒိထဲကပုံစံအခိျု့ကိုရေးပေးမှာဖြစ်ပါတယ်။


Source Link

ဒီနေရာမှာ ပထမဆုံး ပြောချင်တာက SP ၅၀၀ ပြည့်ဖို့ကို လူအတော်များများက အလေးထားဆောင်ရွက်ကြပါတယ်။ SP ၅၀၀ ပြည့်ရင်တော့ minnow ဖြစ်မှာဖြစ်ပါတယ်။ ပထမဆုံးမြင်ဖူးတဲ့ adoption ကတော့ မွေးစားခံရတဲ့သူက ကောင်းမွန်တဲ့ပိုစ့်တွေရေးရမယ်။ တစ်နေ့ကို ပိုစ့်တစ်ခုရေးရမယ်။ ပြီးတော့ power down လို့မရဘူး။ ရသမျှ SBD, Steem တွေအကုန်လုံးကို power up ရမှာဖြစ်ပါတယ်။ မွေးစားတဲ့သူကတော့ မွေးစားခံရတဲ့သူကို တစ်နေ့ကို တစ်ကြီမ် upvote ပေးမယ်။ သူတို့ရဲ့ ရည်မှန်းချက်က SP ၅၀၀ ဖြစ်ပါတယ်။ SP ၅၀၀ ပြည့်တဲ့အထိ အဲ့ဒိ အတိုင်းပဲလုပ်သွားပါတယ်။ SP ၅၀၀ ပြည့်တဲ့အချိန်မှာတော့ ကိုယ့်သာကိုယ်ရပ်တည်နိုင်တယ်လို့ယူဆပါတယ်။ အဲ့ဒိအချိန်မှာတော့ နောက်တစ်ယောက်ကို ထပ်မွေးစားပါတယ်။ တစ်ကြီမ်မှာ အများဆုံး ၁၀ ယောက်အထိမွေးစားလို့ရပါတယ်။

အခုရေးမယ့် စိတ်ကူးကို တော့ @blacklux စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူက မွေးစားခံရတဲ့သူတွေကို တစ်နေ့ကို တစ်ကြီမ်နဲ့ ခုနှစ်ရက်ပြည့်တဲ့အထိ upvote ပေးသွားမှာဖြစ်ပါတယ်။


Source Link

မွေးစားတာကိုခံရဖို့အတွက် သူ့ရဲ့ comment မှာ adopt me! လို့ရေးပေးဖို့လိုပါတယ်။ မွေးစားခံရဖို့အတွက် အောက်ပါအချက်တွေနဲ့ ပြည့်စုံရမှာဖြစ်ပါတယ်။

  1. သင်ဟာ Plankton ဒါမှမဟုတ် minnow ဖြစ်နေဖို့လိုပါတယ်။
  2. ပင်ကိုယ်ရေးတွေပဲတင်ရမှာဖြစ်ပါတယ်။
  3. SPAM ပိုစ့်တွေ မတင်ရပါဘူး။
  4. တစ်ကယ်လို့ အင်တာနက်က ပုံတွေကို သုံးမယ်ဆိုရင် ပုံတွေရဲ့ မူရင်းလင်ခ့်တွေကိုဖော်ပြပေးရမှာဖြစ်ပါတယ်။
သူ့အနေနဲ့ တစ်ပတ်ကို နှစ်ယောက် မွေးစားသွားမှာဖြစ်ပါတယ်။

Ref Link:https://steemit.com/community/@blacklux/hey-you-wanna-be-adopted-and-get-a-week-of-free-upvotes-and-resteems-details-inside

ပြီးခဲ့တဲ့ အပတ်က ပိုစ့်ကို ဒီအပတ်မှာ အချက်အလက်အခိျု့ထပ်ထည့်ပေးပါ့မယ်။ ကိုယ့်မှာ SP အခိျု့ရှိတယ်။ 25, 50 စသဖြင့်ပေါ့။ အဲ့ဒိလိုရှိတဲ့ SP ကို @steem-ua ကို delegate လဲလုပ်ချင်တယ်။ ကိုယ့်ဆီမှာလဲ SP မကျန်မှာကို(SP နည်းသွားရင် ပိုစ့်၊ comment ရေးရာမှာ အဆင်မပြေတော့ဘူး) စိုးရိမ်တယ်ဆိုရင် @mindtrap ကိုဆက်သွယ်ပေးပါ။ 25, 50 SP ကို လေးပတ်တိတိ ငှားရမ်းပေးသွားမှာဖြစ်ပါတယ်။

Ref Link: https://steemit.com/ua/@mindtrap/i-am-willing-to-delegate-almost-all-of-my-remaining-sp-for-a-month-to-help-plankton-join-steem-ua

တစ်ကယ်လို့ ကျွန်တော့်ဆီက ပိုစ့်အသစ်တွေကိုမြင်ချင်ရင် ကျွန်တော့်အကောင့်ကို follow လုပ်ပေးပါ။ ဒီအကြောင်းအရာကို လူတွေကို ပိုသိစေချင်တယ်ဆိုရင် resteem လုပ်ပေးပါ။

မိတ်ဆွေရဲ့ upvote, follow, resteem ပြုလုပ်မှုတွေဟာ ကျွန်တော့်အတွက် ခွန်အားတိုးစေမှာပါ။

 

Basic Income

This is for very basic income. Use the following link to register in mannabase.com.

Promoting Service

I am also a whitelisted user of minnowbooster. If someone want to get whitelisted from minnowbooster. I can check your blog and send an invitation. Use the following link to log into minnowbooster.com.

Building Network

@mmunited MSU 080

Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=290


Sort:  

You got voted by @curationkiwi thanks to mmunited! This bot is managed by @KiwiBot and run by @rishi556, you can check both of them out there. To receive maximum rewards, you must be a member of @KiwiBot. To receive free upvotes for yourself (even if you are not a member) you can join the KiwiBot Discord linked here and use the command !upvote (post name) in #curationkiwi.

You got voted by @votefun thanks to mmunited. To support development, check out @rishi556. Hosted on the @cryptowithincin discord.

This post has received a 3.13 % upvote from @drotto thanks to: @curationkiwi.

bro ပဲ ကျနော် ကို adopt လုပ်လိုက်တော့ဗျာ နော် 😊

အခုလဲ upvote လုပ်ပေးနေတာပါပဲ ဘရို

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63330.55
ETH 2645.93
USDT 1.00
SBD 2.82