If You Can Dream It ! You Can Do It ?

in #steemit6 years ago

If You Can Dream It !!!
You Can Do It ?

လူတိုင်းရဲ့ ဘဝမှာ ရယူလိုတဲ့၊ ဖြစ်မြောက်လိုတဲ့ ရည်မှန်းချက်တွေ ကိုယ်စီရှိကြပါတယ်။

ပန်းတိုင်ကိုယ်စီရှိတာတော့ကောင်းပါတယ်။

ဒါပေမယ့် အားလုံးက ဘာကြောင့် ပန်းတိုင်ဆီကို
အရောက်မလှမ်းနိုင်သလို အိပ်မက်တွေကို
အကောင်အထည်မဖော်နိုင်ရတာလဲ၊

``အောင်မြင်လိုပါသလား´´ လို့မေးရင်
လူတိုင်း အောင်မြင်ချင်ကြပါတယ်။

image

ကိုယ့်ကိုယ်ကို တကယ်မေးရမယ့် မေးခွန်းက
`` ငါ့အောင်မြင်လိုတဲ့ စိတ်ဆန္ဒက
ဘယ်လောက်ပြင်းထန်နေပြီလဲ´´ ဆိုတာပါပဲ။

လူတစ်ယောက်က အခက်အခဲတစ်ခုကို
ရင်ဆိုင်ကြုံတွေ့နေရပြီဆိုပါစို့၊
မဆိုလုပ်ပြီး ဒီအခက်အခဲကနေ လွတ်မြောက်ဖို့
ကြိုးစားမယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချပြီဆိုရင်
သေချာတယ် ဒီလူ မုချ အောင်မြင်လိမ့်မယ်။
ဒါကို Burning Desire လို့ ခေါ်တာပါ။

ဘဝ ရဲ့ အချိန်ဆိုတာ တိုတောင်းပါတယ်။
နေ့ရက်တိုင်းမှာ အဆိုးတွေတော့
ဆက်တိုက်မလာပါဘူး။ လာခဲ့ကြုံခဲ့တောင်
မုန်တိုင်းပြီးရင် လေပြေလာမယ်လို့ ခံယူပါ။
အကြောင်းပြချက်တွေမပေးပဲ
အမြဲတမ်း အလုပ်ထလုပ်တက်အောင်ကြိုးစားပါ။
ဆင်ခြေမပေးပါနဲ့၊ စည်းကမ်းချက်တွေ ချမှတ်ပါ။

စိတ်ရှည်ပါ၊ အောင်မြင်မှုဆိုတာ
ခုကြိုးစား၊ ခုအောင်မြင်မယ့် အရာမဟုတ်ပါဘူး။
အောင်မြင်မှုဆိုတာ ဓာတ်လှေခါး၊
စက်လှေခါးမဟုတ်ဘူးနော်
ရိုးရိုး လှေခါးထစ်တွေနဲ့ အပင်ပန်းခံ
လျှောက်လှမ်းရမှာပါ၊ တစ်ထစ်ချင်းစီကို
ဖြည်းဖြည်းနဲ့ မှန်မှန်တက်ပါ။
အခက်အခဲတွေ ကြုံလာတိုင်း
မလျှော့သော ဇွဲနဲ့ ကြိုးစားပါ။

အောင်မြင်ပြီးသူတိုင်းရဲ့ နောက်ကွယ်မှာ
အသည်းအသန်ကြိုးစားခဲ့ရတဲ့
နာရီပေါင်းများစွာနဲ့ နေ့ရက်ပေါင်းများစွာရှိတယ်။

သူများတွေ အလေလိုက်နေချိန်မှာ
သူတို့ အခန်းဟောင်းပြီး စဉ်းစားနေတယ်၊
ပြီးရင် သူတို့ စနစ်တကျ Plan ဆွဲတယ်၊
နောက်ဆုံး အကောင်အထည်ဖော်ကြတယ်။
၇ကြိမ် လဲကျခဲ့ရင်လည်း ၈ကြိမ် ပြန်ထကြတယ်။

သူတို့ နောက်ကွယ်မှာ
လူမသိ၊သူမသိ ကျရှုံးမှုတွေ
ထောင်သောင်းမက ရှိခဲ့တယ်။
ပေးဆပ်ခဲ့ရတာတွေ အများကြီးရှိတယ်။

အောင်မြင်သူတွေက ဒုက္ခတွေကိုချစ်ကြတယ်။
ဒုက္ခတွေကို ဖိတ်ခေါ်ကြတယ်။
ဒုက္ခတွေက သူတို့ရဲ့ စိန်ခေါ်မှုပဲ ဒုက္ခတွေထဲက
သူတို့ရုန်းထွက်ကြတယ်။
အမှားတွေကို သင်ခန်းစာ ယူကြတယ်။

ကိုယ့်ကိုယ်ကို ပစ်တိုင်းထောင်လို့ သဘောထားပါ၊
လဲကျတိုင်း ပြန်ထဖို့ ကြိုးစားပါ။

ဘဝရဲ့ရိုက်ချက်တွေကြား အကြိမ်ကြိမ် ပြုတ်ကြပါစေ
ပြန်ထမယ်ဆိုတဲ့ စိတ်ကိုမွေးမြူ ထားပါ။
👌👌👌👌👌👌👌👌👌👌👌👌👌👌👌

အမြင့်​ဆုံးမှာထားပါ
...........................

ဘဝ မှာ လူတိုင်းဟာ
နောက်​ခံအင်​အားမ​တောင့်​တင်းကြဘူး။
ဘယ်​လိုအ​နေအထား မျိုးက လာကြပါ​စေ
ကိုယ့်​ဘဝအတွက်​ ကိုယ်​သာ ပဲ့ကိုင်​ရှင်​​ဖြစ်​နေရမယ်​။

ဘာမှမရှိလို့ ငြီးငြူမ​နေပါနဲ့၊
အသက်​ပါလာပြီးသား​လေ
ကိုယ်​ဘာကို လိုချင်​လဲ လိုအပ်​လည်း
ရ​အောင်​ ဖန်​တီးနိုင်​စွမ်းရှိတယ်​။
ကိုယ့်​လိုချင်​တာကိုယ်​ပဲသိတယ်​၊
ကိုယ့်​ဘဝ ကိုယ်​ပဲသိတယ်​။

အတိတ်​ကံ​ကြောင့်
ဘဝ ဖြတ်​သန်းမှု​​တွေသာမတူညီရင်​​နေမယ်​၊
ကြိုးစားမှုအခွင့်​အ​ရေးလူတိုင်းမှာရှိတယ်​။

အဲ့​တော့ ကိုယ့်​ရဲ့ စိတ်​ကို အမြင့်​ဆုံးမှာထားပါ၊
ကြံ့ခိုင်​တဲ့စိတ်​ဓာတ်​ဟာ
သံမဏိထက်​ အ​ကြောမာတယ်​၊
ကမ္ဘာကြီးကို ကိုင်​လှုပ်​နိုင်​တယ်​။

ဘဝ မှာ လိုအပ်​ချက်​​တွေများ​နေလည်း
တိကျ​သေချာတဲ့အလုပ်တစ်​ခုကို
ထိထိ​ရောက်​​ရောက်​လုပ်​ပါ။

လိုအပ်​ချက်​​တွေများလို့
ပိုင်​ဆိုင်​လိုစိတ်​ပြင်းထန်​တယ်​ဆိုရင်
တစ်​ခါလုပ်​တိုင်း အလုပ်​တစ်​ခုကို
တိတိကျကျပြီးဆုံး​အောင်​လုပ်​ပါ။

ခွက်​တစ်​ခုတည်းကို အ​အေး​ရော ​ကော်​ဖီ​ရော
☕️🥃🍹🍸ထည့်​​သောက်​ဖို့အဆင်​မ​ပြေဘူး​လေ၊
တစ်​ခုပြီးမှ တစ်​ခုထည့်​မှသာ
အရသာရှိရှိသုံး​ဆောင်​နိုင်​မှာပါ။

အဲ့လို့ပဲ ဘဝ မှာ​အောင်​မြင်​ချင်​ရင်
တစ်​ခုတည်းကိုပဲ ဦးတည်​​ပြီး
ရေဆုံး​မြေဆုံး​လျှောက်​ရဲဖို့လိုတယ်​။

လမ်း​ကြောင်းမများကြီးသွားဖို့မ​တွေးပါနဲ့
လမ်းတစ်​ခုတည်းကိုပြီးဆုံး​အောင်​​လျှောက်​ပါ။

ပစ်​တိုင်းထိတဲ့ ​သေနတ်​သမားကို အားကျရင်
လူမသိတဲ့သူ့ရဲ့​လေကျင့်​မှုကို 
လေ့လာ ​လေ့ကျင့်​အတုယူပါ။

ဘယ်​သူကမှ ​မွေးရာပါ​အောင်​မြင်​ခြင်း​တွေမရှိပါဘူး
လေ့လာ လိုက်​စားမှု အချိန်​​ပေးနိုင်​မှု
နည်းစနစ်​မှန်​ကန်​မှု ယုံကြည်​မှု​တွေနဲ့
ကိုယ့်​စိတ်​ကိုယ်​ အမြင့်​ဆုံးထားနိုင်​တဲ့သူ​တွေသာ
ဘဝ မှာ​အောင်​မြင်​စမြဲမို့

လဲကျ​နေလား 🤓🤓🤓 ပြန်​ထနိုင်ဖို့
စိတ်​ဓာတ်​ ​တွေအမြင့်​ဆုံးမှာတင်​ထားလိုက်​ပါ။

အောင်​မြင်​သူ​တွေရဲ့ 👨‍🚀👨‍🚀👨‍🚀 ​နောက်​​ကြောင်းဟာ
ပြည့်​စုံခြင်း​တွေနဲ့ စတင်​ခဲ့တာ လုံးဝ မဟုတ်​ပါဘူး ။

သူတို့လည်း လိုအပ်​ချက်​များစွာနဲ့
စခဲ့ရတာပဲ ဖြစ်​တယ်​ သူငယ်​ချင်း ။

ဘယ်​အရာ တစ်​ခုကိုပဲ လိုချင်​လိုချင်
ကိုယ့်​ဘာသာသိ​အောင်​၊ 🤔🤔🤔
နားလည်​​အောင်​ ကြိုးစားလိုက်​ပါ ။

အားကိုးမယ်​ ဆိုတဲ့
ဒီစိတ်​ကို မိမိဆီမှာပဲ အမြဲထားပါ ...
ဘာလို့ဆို လူတိုင်းဟာ သူတို့ဘဝတွက်
မွေးဖွားလာလို့ပါ ။

လိုအပ်​ရင်​ ပြုံးပြရဲရမယ်​၊
အရှုံးကို ​ကျေးဇူးတင်​ရမယ်​👌👌👌
ဒါဟာ ​အောင်​မြင်​မူ တစ်​ခုရဲ့ နိဒါန်းပါ ။👍👍👍

လူတိုင်း​မှာ လိုအပ်​ချက်​​တွေ ကိုယ်​စီရှိ​နေ​ပေမယ့်
ဘဝမှာ ကိုယ့်​ထက်​ အဆိုးဝါးဆုံးလူ​တွေ
ရှိ​နေ​သေးပါလားဆိုတဲ့ ​ဖြည့်​​တွေးတက်​တဲ့
စိတ်​ဓာတ်​​လေး​တွေ ထားတက်​ရမယ်​။

Sort:  

Hello nyein0012!

Congratulations! This post has been randomly Resteemed! For a chance to get more of your content resteemed join the Steem Engine Team

My fake plants died because I did not pretend to water them.

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 64258.81
ETH 2772.25
USDT 1.00
SBD 2.65