Steem Fest သို့ ခရီး၊ ထိုင်းနိုင်ငံမှာ ဘာတွေ ကြုံတွေ့ရမယ် လို့ မျှေလင့်ထားသလဲ

in #roadtosteemfest5 years ago

သင့်အနေနဲ့ ဒီဝက်ဆိုက်မှာ Steem Fest 4 ကို သွားမယ့် လက်မှတ်ကို Steem နဲ့ ဝယ်ဖို့ အချိန်ရှိပါသေးတယ်။ Plankton Price! Visit the official website

နှစ်တိုင်း နှစ်တိုင်းမှာ မတူညီ ကွဲပြားတဲ့ နိုင်ငံတွေမှာ ကျင်းပတဲ့ Steem Fest ကို တက်ရောက်ရတဲ့ အတွက် ကျွန်တော်တို့မှာ အဲဒီကျင်းပရာ မြို့တော်ကို သွားရောက်လည်ပတ်နိုင်ခြင်း(အချိန်နဲ့ ငွေ ရှိခဲ့ရင်ပေါ့) ဒေသခံတွေနဲ့ သိကျွမ်းခွင့် ရရှိခြင်း၊ ဒေသန္တရ အစားအသောက်တွေကို မြည်းစမ်းခွင့် ရခြင်း၊ ကမ္ဘာလှည့် ခရီသည်များ သွားလာ လည်ပတ်သည့်နေရာများကို သွားလာလည်ပတ်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိပါတယ်။

လစ်စဘွန်းမှာ ကျင်းပတဲ့ Steem Fest 2 နဲ့ Krakow မှာ ကျင်းပတဲ့ Steem Fest 3 ကို သွားပြီး တက်ရောက်ခဲ့တဲ့ အချိန်တွေကို ပြန်လည် အမှတ်ရမိပါတယ်။ Steem Fest ပြီး သွားပြီးတဲ့ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့ အထိ အဲဒီမှာ နေပြီးတော့ သူ့မြို့ထဲမှာ မရောက်ဖူးတဲ့ နေရာ မရှိလောက်အောင် လျှောက်လည်ခဲ့ပြီးတော့၊ လမ်းဘေးစာတွေကိုလဲ စားသောက်ခဲ့ပါတယ်။ အခြား အတော်များများကိုလဲ လုပ်ခဲ့ပါသေးတယ်။ အခု ဘန်ကောက်မှာလဲ အဲဒီလို ထပ်လုပ်ချင်ပါသေးတယ်။

အခု အချိန်ကတော့ မိတ်ဆွေ အနေနဲ့ ဘန်ကောက်မှာ ဘာတွေ လုပ်မလဲ ဆိုတာကို မျှဝေဖို့အတွက် အခွင့်အရေး တစ်ခုပါပဲ။ သင့်အနေနဲ့ ဘယ်လို အစားအသောက် ကို စားမှာလဲ။ ဘယ်လို နေရာများ ဒါမှမဟုတ် ဘယ်လို ကျွန်းမျိုးကို သွားရောက်လည်ပတ်မှာလဲ။ ထိုင်းတွေဆီက ဘယ်လို ဧည့်ဝတ်ကျေပွန်မှုကို ရရှိမယ်လို့ မျှော်လင့်ထားပါသလဲ။

ဘာတွေ လုပ်ချင်တယ်ဆိုတာကို ငါတို့ကို မျှဝေပေးပါ။ ဒါဆိုရင် ငါတို့အနေနဲ့ ခရီးစဉ်တွေမှာ ဆိုရင်လဲ အတူတူသွားလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် သင့်ရဲ့ ပိုစ့်ကို ဖတ်ပြီး ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်ကူးသစ်တွေ ငါတို့တွေမှာ ရလာနိုင်ကောင်း ရလာနိုင်ပါတယ်။ :)

Thai life and what to expect

လိုက်နာရမယ့် စည်းမျဉ်းအချို့:

  • ဒီအကြောင်း ပိုစ့်ကို စက်တင်ဘာ ၈ ရက်နေ့ မတိုင်ခင် တင်ရမှာ ဖြစ်ပါတယ်။
  • #roadtosteemfest နဲ့ #blocktradescontest စတဲ့ tag တွေကို တွဲပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင့်ရဲ့ ပိုစ့်ကို ရှာဖွေပြီးတော့ ဒီခရီးစဉ်အတွက် လိုအပ်တဲ့ငွေကို ရရှိအောင် ကူညီပေးနိုငမှာ ဖြစ်ပါတယ်။

ဒီ ခေါင်းစဉ်နဲ့ ပတ်သက်ပြီးတော့ အရည်အသွေးမီတဲ့ ပိုစ့်တင်တဲ့ သူတိုင်း @blocktrades ဆီကနေ အပ်ဗုတ်ရမှာ ဖြစ်ပါတယ်။ စာရေးကောင်းမကောင်းပေါ်မူတည်ပြီး ရတဲ့ အပ်ဗုတ်ကတော့ ကွဲပြားနိုင်ပါတယ်။ #roadtosteemfest နဲ့ #blocktradescontest ဆိုတဲ့ tag နှစ်ခုကိုတော့ မမေ့ကြဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက ဗုတ်တင်းပါဝါကို ချိန်ညှိလိုက်ရတဲ့ အချို့ ပိုစ့်တွေကို အပ်ဗုတ်မပေးလိုက်နိုင်ပါဘူး။ ဒီအတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး နောက်တစ်ခါ ဖြစ်တော့မှာ မဟုတ်တော့ပါဘူး။

ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ နှစ်တုန်းကလိုပဲ Steem Fest မတိုင်ခင် တစ်ပတ်အလို အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အကြောင်းအရာ ၁၆ ခု ရှိမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ အကြောင်းအရာ(ခေါင်းစဉ်) ၁၆ ခုစလုံးမှာ ပါဝင်ပြီး ယှဉ်ပြိုင်စေချင်ပါတယ်။

အကြော င်းအရာ ၁၂ ခု အနည်းဆုံး ပါဝင်ယှဉ်ပြိုင်ထားတဲ့ သူတွေ အနေနဲ့ အံ့သြစရာ အကြီးကြီး တစ်ခုကို ဘန်ကောက်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘာလဲ ဆိုတာကိုတော့ နောက်မှ တွေ့မြင်ရမှာ ဖြစ်ပြီး SF ကို တက်ရောက်တဲ့ သူတွေသာ ရရှိမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ရှစ်ရက်နေ့ မတိုင်ခင် Thai life and what to expect အကြောင်းပိုစ့်တင်ဖို့ သတိရပါ။


Steemfest ကိုသွားဖို့ လက်မှတ်နဲ့ တည်းခိုစရိတ်(အလကား) ရနိုင်တဲ့ ပြိုင်ပွဲနှစ်ခုလဲ ရှိနေပါသေးတယ်။ အဲဒါကတော့ @blocktrades, @actifit နဲ့ @steemhunt တို့ ဦးစီးပြီး ကျင်းပနေတဲ့ ပြိုင်ပွဲနှစ်ခုပဲ ဖြစ်ပါတယ်။ အောက်မှာ လင့်ပေးထားပါတယ်။Actifit ရဲ့ ပိုစ့်ကို ဒီမှာ ကြည့်ပါ and @steemhunt ရဲ့ ပိုစ့်ကို ဒီမှာ ကြည့်ပါ

ဒီအကြောင်းအရာကို စာရေးသားပြီး ပိုစ့်တင်တဲ့သူ၊ အပ်ဗုတ်ပေးတဲ့သူ မျှဝေပေးတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ဒီပိုစ့်ကရတဲ့ ဆုကြေးတွေ အကုန်လုံးကို ကံကောင်းတဲ့ စတီမီယန် တစ်ယောက်ကို Steem Fest 4 အတွက် လက်မှတ်တစ်စောင် ရရှိနိုင်ရေး ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။


Contributed by @mmunited of Myanmar 🇲🇲

You can read the English post by @anomadsoul if you're non-Myanmar

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01