Oppo's Wireless Earphone

in #oppo6 years ago

OPPO ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းကနေ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မိတ်ဆက်ခဲ့တဲ့ OPPO Find X စမတ်ဖုန်းကို မှတ်မိကြဦးမှာပါ။ အဆိုပါ OPPO Find X စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေအားလုံးထက် ပိုပြီးဖောက်ထွက်လာတဲ့ ဒီဇိုင်းအပြင် Screen-to-body Ratio အရရော၊ စွမ်းဆောင်ရည်ပိုင်းအရရော ထိပ်တန်းအဆင့်ရှိနေတဲ့ OPPO ရဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။IMG_20180701_065815.jpg

အခုအချိန်မှာ OPPO ကနေ အဆိုပါ Find X စမတ်ဖုန်းကိုပဲ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မိတ်ဆက်ပေးခဲ့ပြီးတော့ Find X စမတ်ဖုန်းအပြင် နောက်ထပ် အလန်းစား စမတ်ဖုန်း Accessories တစ်ခုကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီအခုမိတ်ဆက်သွားတဲ့ စမတ်ဖုန်း Accessories အသစ်ကတော့ OPPO O-Free လို့ နာမည်ပေးထားတဲ့ Wireless Headset တစ်ခုပဲဖြစ်ပါတယ်။

အခု OPPO ရဲ့ O-Free Wireless Earphone ဟာ တခြား Wireless Headset တွေလိုမျိုး ကြိုးပါဝင်မှာမဟုတ်ပဲ Apple AirPods တွေလိုမျိုးပဲ လုံးဝကို ကြိုးပျောက်ဒီဇိုင်းဖြစ်နေမှာပါ။ အဲ့ဒီအတွက် ဝတ်ဆင်ထားတဲ့အချိန်မှာလည်း ဘာမှမတပ်ထားသလိုကို ပျောက်နေမှာဖြစ်ပြီးတော့ အရောင်အနေနဲ့ အနက်ရောင်ကိုပဲ Copper Blue ဒါမှမဟုတ် Bordeaux Red အရောင်ပြေးနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ အရောင်ကလည်း OPPO Find X စမတ်ဖုန်းနဲ့ လိုက်ဖက်အောင် ပြုလုပ်ထားတယ်လို့ ယူဆရပါတယ်။IMG_20180701_065922.jpg

OPPO O-Free Wireless Earphone ဟာ TrueWireless Stereo ကို Support ပြုလုပ်တဲ့အတွက် ဘယ်ဘက် နဲ့ ညာဘက် နှစ်ဖက်စလုံးက ဖုန်းက ဖွင့်ထားတဲ့သီချင်းကို Delay မဖြစ်ပဲ နားထောင်နိုင်မှာဖြစ်ပါတယ်။ အခု နည်းပညာက တခြားဈေးကွက်ထဲမှာ ရှိနေတဲ့ Wireless Earphone တွေနဲ့ ယှဉ်ရင် အားသာချက်တစ်ခုလို့ပြောလို့ရပြီးတော့ OPPO က အခု နည်းပညာအတွက် Qualcomm ရဲ့ QCC2026 SOC Chipset ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

OPPO O-Free Wireless Earphone တွေက ဘာသာစကားတွေကိုပါ ဘာသာအလိုအလျောက်ပြန်ပေးနိုင်တယ်လို့ ပြောကြားထားပြီးတော့ အခု Feature က Google က ထုတ်လုပ်ထားတဲ့ Pixel Buds တွေလိုအလုပ်လုပ်မှာလား၊ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုး အလုပ်လုပ်မလဲဆိုတာကတော့ အတိအကျမသိသေးပါဘူး။ OPPO ရဲ့ ပြောကြားချက်အရတော့ အခု Voice Feature က Assistant Feature အပြင် Music Control တွေမှာပါ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခု OPPO O-Free Wireless Earphone တွေကို အားသွင်းချင်တယ်ဆိုရင်တော့ ပါဝင်တဲ့ Case ကနေ တစ်ဆင့်အားသွင်းရမှာဖြစ်ပြီးတော့ အားအပြည့်သွင်းထားတယ်ဆိုရင် အသုံးပြုချိန် ၄ နာရီဆက်တိုက်ရရှိမှာပဲဖြစ်ပါတယ်။ Battery Life အနေနဲ့လည်း အခုလိုမျိုး Wireless Earphone တစ်ခုအနေနဲ့ တော်တေ်ာလေးကို ကောင်းမွန်တယ်လို့ ပြောလို့ရနေပါတယ်။

OPPO ဟာ အခု O-Free Wireless Earphone တွေကို Find X Lamborghini Edition စမတ်ဖုန်းဝယ်ယူရင် လက်ဆောင်ပေးသွားမှာဖြစ်ပြီးတော့ သီးခြားဝယ်ယူချင်တယ်ဆိုရင်တော့ ၆၉၉ ယွမ် (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) ကျသင့်မှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ လာမယ့် သြဂုတ်လမှ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66772.03
ETH 3237.54
USDT 1.00
SBD 4.25