အွန်လိုင်းဂိမ်းကစားခြင်းအကျိုးကျေးဇူး

in #onlinegame6 years ago

အရင်တုန်းကတော့ Online game ကစားသူတွေကို မိဘတွေ ဆွေမျိုးတွေက အမြင်မကြည်ခဲ့ကြပါဘူး၊ ခုတော့ ပြောဆိုဝေဖန်နေကြသံတွေ အရင်ကထက် နည်းလာပြီဆိုပေမယ့် ရှိတော့ ရှိပါသေးတယ်။ ဒါပေမယ့် Online Game တွေ ဆော့တာဟာ အလကားမဖြစ်တဲ့ အပြင် အကျိုးကျေးဇူးတွေ ရှိနေပါသေးတယ်။ ဘာတွေလဲဆိုတော့

၁) ဉာဏ်ရည်ထက်မြက်လာမယ် - ဒါကတော့ အဆန်း ပြောနေစရာတောင် မဟုတ်ပါဘူး၊ ခက်ခဲကျပ်တည်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းရမယ်၊ နည်းဗျူဟာတွေ ချမှတ်ရမယ်၊ ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ ခန့်မှန်းတွက်ချက်ရတာတွေမှာ ပါးနပ်ဖို့ လိုတယ်၊ ဒါေကြာင့် ဂိမ်းသမားကောင်းတစ်ယောက်ဟာ ဉာဏ်ရည်မြင့်မားသူတစ်ယောက် ဖြစ်တယ်ဆိုတာ အသေအချာပေါ့

၂) အလျင်အမြန် ဆုံးဖြတ်ချက် ချနိုင်စွမ်း တိုးတက်လာမယ် - လှုပ်ရှားမှုတိုင်းဟာ အခြေအနေအချိန်အခါနဲ့ ကိုက်ပြီး လုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက်ချနေရပါတယ်။ ဒါကြောင့် online ဂိမ်းတွေ ကစားရင်းနဲ့ ကိုယ့်ရဲ့ လျှပ်တပြက်အတွင်း အခြေအနေတွေကို ဆင်ခြင်သုံးသပ်နိုင်စွမ်း၊ အဲဒီကမှ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းတွေ တိုးတက်လာစေမှာပါ

၃) ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း အားကောင်းမယ် - အထူးသဖြင့် အဖွဲ့အစည်းနဲ့ ဆော့ရတဲ့ အွန်လိုင်းဂိမ်းတွေမယ် တစ်ဦးတစ်ယောက်တည်း ကောင်းနေလို့ မရပါဘူး၊ ဒါကြောင့် အတူဆော့တဲ့ အသင်းသားတွေနဲ့ ပူးပေါင်းချိတ်ဆက်ရတာ ၊ နည်းဗျူဟာတွေ ချမှတ်ရတာတွေ ရှိပါတယ်။ ဒါကြောင့် ဂိမ်းဆော့ခြင်းအားဖြင့် အများနဲ့ ပူးပေါင်းလုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိလာမှာ အသေအချာပါပဲ

၄) အာရုံစူးစိုက်နိုင်စွမ်းကောင်းမွန်လာမယ် - ဂိမ်းကစားတာဟာ စိတ်အပန်းဖြေတဲ့ နည်းလမ်းတစ်ခုလို့ ပြောရင် ဝါရင့်ဂိမ်းသမားတွေက ငြင်းကြမှာပါပဲ။ ဘာလို့လဲဆိုတော့ အချိန်နဲ့ အမျှ စိတ်အာရုံစိုက်နေရ၊ အားထုတ်နေရလို့ပါပဲ။ ဒါကြောင့် လက်တွေ့မှာလည်း gamer တွေဟာ တခြားသူတွေ မမြင်တတ်တဲ့ အသေးစိတ်တွေကို အာရုံစိုက်မိတတ်သူတွေ ဖြစ်နေတတ်ကြပါတယ်

၅) ငွေကြေးပိုမိုရှာဖွေနိုင်တယ် - ဟုတ်ပါတယ်၊ Esport အားကောင်းတဲ့ နိုင်ငံတွေမှာ၊ အဖွဲ့အစည်းတွေမှာဆိုရင် ဂိမ်းဆော့ရင်းနဲ့ ဒေါ်လာသန်းချီ ရှာဖွေနိုင်သူတွေပါ ရှိကြပါတယ် ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း online game လုပ်ငန်းဟာ ရေရှည်မှာ တိုးတက်လာနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ လူငယ်တွေရဲ့ ကြိုးစားအားထုတ်နိုင်စွမ်းနဲ့ဆိုရင် မကျော်လွှားနိုင်တာ မရှိပါဘူး။ ဘယ်ပညာမဆို ကျွမ်းကျင်လေ အသုံးချနိုင်စွမ်း၊ ဝင်ငွေ ရှာဖွေနိုင်စွမ်းလည်း များလေပါပဲ။ ကျွန်တော်တို့ Fortune Broadband ကလည်း မြန်မာ့ online gaming လောကအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို တတပ်တအားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကဲ … online game ဆော့တာ ဘာအကျိူးရှိလို့လဲ လို့ ပြောဆိုနေသူတွေ သိရအောင် ဒီ post လေးကို share ပြီး သက်သေပြလိုက်ပါဦး။ တခြား ကောင်းကျိုးတွေ ရှိနေသေးရင်လည်း comment မှာ ရေးခဲ့ပါနော် …

Sort:  

Congratulations @uyekokolwin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65762.16
ETH 3485.95
USDT 1.00
SBD 2.50