ကျ​နော့်ဘဝ အ​တွေ့အကြုံများ (အပိုင်း ၂)

in #myanmare6 years ago (edited)

image

"မင်းမှာ ပိုက်​ဆံရှိလား ဘယ်​​လောက်​ရှိလဲ 10000​ပေးရင်​ ပြန်​လွတ်​​ပေးမယ်​"

"တစ်​ပြားမှ မရှိဘူး ရှိလည်းမ​ပေးနိုင်​ဘူး"

"​အေး ဒါဆို မင်းကို အချုပ်​ထဲ ထည့်​ရလိမ့်​မယ်​"

"ထည့်​ချင်​ထည့်​ မထည့်​ချင်​​နေ မြန်​မာပြည်​ ပြန်​​တော့မယ်​"

သင်္ကြန်​မှာ အလည်​​ကောင်းလို့ ပုလိပ်​ဖမ်းခံရတာပါ အဖမ်းခံရတိုင်း အမြဲ​ငွေညှစ်​ခံရတယ်​ ဒီတစ်​ခါ​တော့ ဆုံးဖြတ်​ချက်​ ချလိုက်​ပြီ.... 2003​ခုနစ်​လောက်​တည်းက ထိုင်းနိုင်​ငံတွင်​ အလုပ်​ လုပ်​ကိုင်​လာခဲ့တာ 2007ခုနစ်​မှာ ဖမ်းခံရတယ်​။ သက်​တမ်း သုံးနှစ်​တာ ကာလအတွင်းမှာ ရသမျှ ပိုက်​ဆံ ​ချွေတာစားပြီး အိမ်​ကို​ငွေပို့နိုင်​ခဲ့တယ်​.... ဒီတစ်​ခါ​တော့ ​ပေါက်​တဲ့နဖူး မထူး​တော့ပြီ ပြန်​​တော့မယ်​ မ​နေ​တော့ဘူး အ​ဖေနဲ့အ​မေကိုလည်း လွမ်းလှပြီ။

ဒီလိုနဲ့ ကျ​နော့်​ကို ဖမ်း​သော ပုလိပ်​မှာ ​ငွေမရနိုင်​မှန်း သိ​သောအခါ ပုလိပ်​ရုံးသို့ တန်းပြီး​တော့ ​ကား​မောင်း​လေ​တော့သည်​။ ပုလိပ်​ရုံး​သို့ ​​ရောက်​တာနဲ့ ကား​ပေါ်က မဆင်းခင်​မှာ ကျ​နော့်​အား ပုလိပ်​ဖြစ်​သူမှ လက်​ထိပ်​ခပ်​ပြီး​တော့ ဂုတ်​က​နေကိုင်​ပြီး​ ရုံးထဲသို့ ​ခေါ်ချသွား​လေ​တော့သည်​။ စခန်းမှူးလား ရှုံးစာ​ရေးလား​တော့ မသိပါ ပုလိပ်​တစ်​​ယောက်​ ထိုင်​​နေ​သော စားပွဲခုံ​ရှေ့တွင်​ ကျ​နော့်​အား ထိုင်​ခိုင်း​လေသည်​။ ကျ​နော့်​အား ဖမ်းလာ​သော ပုလိပ်​ဖြစ်​သူမှာ ထိုစားပွဲခုံတွင်​ ထိုင်​​နေ​သော ပုလိပ်​အား ကျ​နော့်​အား မည်​သို့မည်​ပုံ ဖမ်းလာခဲ့​ကြောင်းကို ရှင်းပြ​လေသည်​။

ပုလိပ်​ "မင်းမှာ ဘာဒ်​ရှိလား"

ကျ​နော်​ "မရှိဘူး"

ပုလိပ်​ "ဘယ်​မှာ အလုပ်​ လုပ်​သလဲ ဘာအလုပ်​ လုပ်​လည်း"

စားပွဲခုံတွင်​ ထိုင်​​နေ​သော ပုလိပ်​ဖြစ်​သူမှာ ကျ​နော့်​အား ​မေးမြန်း​သောအခါ... တစ်​ချိန်​တုန်းက သူငယ်​ချင်းဖြစ်​သူ အနိမ်​​ပြောပြ သင်​ပြခဲ့​သော စကားများ သွားသတိရမိသည်​။
"မင်းတို့မှာ ဘာဒ်​မရှိပဲ အပြင်​​တွေ ဘာ​တွေ လိုက်​သွားလို့ ပုလိပ်​ဖမ်းခံရတဲ့အခါ ပုလိပ်​​မေးရင်​ အလုပ်​မလုပ်​ဘူး အခုမှ ဘန်​​ကောက်​ကိုတက်​လာခဲ့တာ မကြာ​သေးဘူး အလုပ်​ရှာတုန်းပဲလို့​ပြော ဒါဆိုရင်​ အမှု့သက်​သာတယ်​ မဟုတ်​လို့က​တော့ ​ထောင်​45ရက်​ သို့မဟုတ်​ 6လပဲဆိုတာ မြဲမြဲမှတ်​ထားချည်​ ​နောက်​ပြီး​တော့ ပုလိပ်​​မေးတာကို အမှန်​တိုင်း ဟိုမှာလုပ်​တာ ဒီမှာလုပ်​တာဆိုပြီး ​ပြောပြလိုက်​ရင်​ မင်းတို့လုပ်​ခဲ့တဲ့ ​အလုပ်ကို စုံစမ်းပြီး​တော့ ဘာဒ်​မရှိတဲ့ မြန်​မာ​ပြည်​သား​တွေကို ထပ်​ပြီးဖမ်းအုံးမှာ...."

ပုလိပ်​ "ဟိတ်​ ​မေး​နေတယ်​​လေကွာ မင်း ဘယ်​မှာ ဘာအလုပ်​ လုပ်​သလဲလို့"

ကျ​နော်​ "ဗျာ... ဟုတ်​... ဟုတ်​ ကျ​နော်​ အခုမှ ဒီကို​ရောက်​တာ မကြာ​သေးဘူး အလုပ်​ရှာ​နေတုန်းပါ အလုပ်​မရှိ​သေးပါဘူး"
ပုလိပ်​​မေးတာကို သူငယ်ချင်း ​​အနိမ်​မှာခဲ့တဲ့အတိုင်းသာ ကျ​နော်​ ​ပြောလိုက်​သည်​။ ပုလိပ်​ဖြစ်​သူမှာ ကျ​နော့်​အား ​သေချာစူးစိုက်​ကြည့်​​နေ​လေသည်​ ပြီး​တော့ ထပ်​​မေးသည်​။

ပုလိပ်​ "​သေချာလို့လား မှန်​မှန်​​ဖြေ​နော်​ အလုပ်​မလုပ်​ဘူးဆိုတာ"

ကျ​နော်​ "မလိမ်​ပါဘူးဗျာ အလုပ်​ရှာ​နေတုန်း ပုလိပ်​ဖမ်းခံရတာပါ"မုသားမပါ လင်္ကာမ​ချောဆိုသလို ပုလိပ်​အား ကျ​နော်​ လိမ်​​ပြောလိုက်​သည်​။

ပုလိပ်​ "မင်းနာမည်​ ဘယ်​လို​ခေါ်လဲ"

ကျ​နော်​ "ကိုလင်းပါခင်​ဗျ"

ပုလိပ်​ "အသက်​ ဘယ်​​လောက်​လည်း"

ကျ​နော်​ "21နှစ်​ပါ"

ပုလိပ်​ " ဟုတ်​ပြီ မင်းက ​ဘန်​​ကောက်​ကို ​ရောက်​တာလည်း မကြာ​သေးဘူး ဘာဒ်​လည်းမရှိဘူး​ဆို​တော့ ရိုးရိုးသံ​ထောက်​ပဲ အလုပ်​လည်း မလုပ်​ဘူးဆို​တော့ မင်း ပိုက်​ဆံ ​ပေးနိုင်​ရင်​ ပြန်​လွတ်​​ပေးမယ်​ ဒီမှာ မင်းရဲ့ မိဘ​တွေ အမျိုး​တွေ ညီကို​မောင်​နှမ​တွေရှိလား ရှိရင်​ ဖုန်းဆက်​ပြီး​ပြောကြည့်​ ​ငွေ​ပေးနိုင်​ရင်​ ပြန်​လွတ်​​ပေးမယ်​ ​မင်းမှာ ဖုန်းရှိလား မရှိရင်​ ဒီမှာ​ရော့ ဖုန်း"

ခက်​​တော့ခက်​​နေပြီ ရုံး​ရောက်​တာ​တောင်​မှ ​ငွေကညှစ်​တုန်းပဲ ဒါ​ကြောင့်​ ထိုင်းကပုလိပ်​​တွေ လက်​ထဲ​ငွေရှိရင်​ ​ကြောက်​စရာကိုမလိုတာ... ပုလိပ်​​ပေးတဲ့ဖုန်း လှမ်းယူပြီး ကျ​နော်​ ဖုန်း နှစ်​ခါဆက်​​လေသည်​။

ပထမ​ဆက်​တဲ့ဖုန်းက ရွာက အ​မေ့ဆီကို ဆက်​ခြင်းဖြစ်​သည်​။ ပုလိပ်ဖမ်းခံရတဲ့အ​ကြောင်း မကြာခင်​ မြန်​မာပြည်​သို့ ပြန်​​ရောက်​မည့်​အ​ကြောင်းများ ​ပြောဆိုခြင်းဖြစ်​သည်​။ကျ​နော့်​အ​မေကလည်း ဖမ်းခံရရင်​ ပြန်​လာခဲ့​တော့ အ​ဖေတို့ အ​မေတို့လည်း သားကို လွမ်းလှပြီ အခုလို ဖမ်းခံရ​တော့ စိတ်​ပူတယ်​ ဆို​တဲ့အ​ကြောင်း ပြန်​​ပြောရှာသည်​။

ဒုတိယဆက်​သည့်​ဖုန်းမှာ ကျ​နော်​နဲ့တူတူ ပုလိပ်​ဖမ်းတုန်းက ထွက်​​ပြေးလွတ်​​မြောက်​သွားတဲ့ သူငယ်​ချင်းဆီကို ဆက်​ခြင်းဖြစ်​သည်​။
"ဟဲလို"

"​အေး ငါပါဟ ကိုလင်းပဲကွ"

"ဟာ ​ဟေါင့်​ မင်းအခု ဘယ်​က​နေဆက်​​နေတာလည်း မင်း ပုလိပ်​ဖမ်းမိသွားတယ်​ဆို"

"​အေး ဟုတ်​တယ်​ကွ ဖမ်းမိသွားတယ်​ ထွက်​​ပြေးတာ ​ချော်​လဲသွားလို့ကွ"

"ဟာကွာ မင်းကလည်း ဖြစ်​မှဖြစ်​ရတယ်​လို့"

"​အေး အခုငါ... ပုလိပ်​ရုံးမှာပဲ မင်းအစ်​ကိုမှာ ဘာဒ်​ရှိတယ်​မလား အဲ့ဒါ ငါ့ရဲ့ အဝတ်​စားထုတ်​နဲ့ 〷◠‿◠〷ပစ္စည်း​တွေ ယူလာခဲ့​ပေးကွာ ငါ အဖမ်းခံပြီး မြန်​မာပြည်​ပြန်​​တော့မယ်​ ပြန်​မထွက်​လာ​တော့ဘူး"

"​အေး ​အေး ငါ့အစ်​ကိုမှာ ဘာဒ်​ရှိတယ်​ သူ့ကို ငါ မင်းပစ္စည်း​တွေ အဝတ်​စား​တွေ လာ​ပေးခိုင်းလိုက်​မယ်​"

"Ok သူငယ်​ချင်း​ကျေးဇူးပဲ ဒါဆို ငါ ဖုန်းချလိုက်​​တော့မယ်​"

ဖုန်းစကား​ပြောပြီးသည်​နှင့်​ ပုလိပ်​အား ဖုန်းပြန်​​ပေးလိုက်​သည်​။

ပုလိပ်​ "ဘယ်​လိုလဲ အဆင်​​ပြေလား"

ကျ​နော်​ "အဆင်​မ​ပြေဘူး သူတို့မှာ ပိုက်​ဆံမရှိဘူးတဲ့ ဖမ်းခံထိရင်​ မြန်​မာပြည်​ပြန်​​တော့တဲ့"

ထိုကဲ့သို့ ကျ​နော်​​ပြောလိုက်​​တော့ ပုလိပ်​မျက်​နှာပျက်​သွားသည်​။ ခွိခွိ ပုလိပ်​ထင်​တာ ကျ​နော်​ ​ငွေလှမ်းမှာတယ်​ ထင်​​နေတာ ကိုယ်​ကလည်း ကိုယ့်​အကြံနဲ့ကိုယ်​ ဟဟား ဟားး

ဆက်​လက်​​ရေးသားသွားပါမည်

ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitmyanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

MSC 160
Author: @kolinn

Sort:  

ကျောက်ခဲကို ဆီညှစ်မိတာ အဲဒီပုလိပ်ရဲ့အမှားပဲ ...

You got a 1.01% upvote from @allaz courtesy of @sawlwin!

Thanks for using Bid Voting Bot @allaz service and Steem Upvote Bot Tracker
I want to introduce you to my new friend @monsterbit in order to give additional thanks!
Do you know who is @monsterbit is? My friend, you can miss a lot. I highly recommend checking him with introduceyourself. He is going to hold interesting contests with cash prizes and promises to tell a lot of interesting stories!

ကျောက်​ခဲ​ကို ဆီညစ်​တာမှ ထွက်​ချင်​ထွက်​ဦးမယ်​😂

ငွေညစ်ချင်တဲ့ပုလိပ်နည်းနည်းတော့ စိတ်ညစ်သွားမှာပေါ့ ။

ဟုတ်​တယ်​ ကို​ထွေး​ရေ😂

ပြန်ရောက်ရင် ပြောဦးဗျာ။
ထိုင်းရဲကိုတော့ လူလည်လုပ်လာခဲ့တယ်ပေါ့။

ဟူတ်​ တစ်​ခါတစ်​​လေ​တော့လည်း ဂျင်​​ပေါ်ထုံးသုပ်​တတ်​ရတာ​ပေါ့

မြန်မာပြည်ပြန်ရောက်ပြီလားbro အပိုင်းဆက်အတွက်လည်းဆက်အားပေးနေတယ်

ကျေးဇူးတင်​ပါတယ်​ညီ

ပု လိပ်လည်တာလောက်တော့ ကိုယ်အိပ်နေသလောက်ပဲရှိတာပါ😁😁😁

လွယ်​​တော့မလွယ်​ဘူး😀

ရောက်သေးဘူးမဟုတ်လား မြန်မာကို လာဖြစ်သေးဘူးဆို ဟိုတစ်ခါမေးတုန်းက

အခု​ရေးတာက လွန်​ခဲ့တဲ့ ဆယ်​နှစ်​ကပါ😀

ဟာဗျာ.ကောင်းခန်းရောက်မှ 😁

အဟီး😂😂

ကိုလင်းလည်း အလိမ်အညာတွေတတ်နေပြီပေါ့😂😂

မုသားမပါ လင်္ကာမ​ချောလို့ပါ😀

ဒါဆို အလည်ပြန်လာခွင့်ရသွားတဲ့သဘောပေါ့

ဒါ​ပေါ့😂😂😂

ခုတခါဖမ်းခံထိတာ လတ်တလော မကြာသေးဘူးလား
အဲ့တာပြီးတော့ ပြန်လာရောလား bro

ဘာတွေဆက်ဖြစ်လဲဗျ

နောက်​အပတ်​ ဆက်​​ရေးမယ်​ခင်​ဗျ😂

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66703.61
ETH 3518.80
USDT 1.00
SBD 2.68