I and DSA(3)
ကျွန်တော်နှင့် သင်တန်း၊ အပိုင်း(၃)
အပိုင်း(၁)အားဤနေရာတွင်ဖတ်ရှုနိုင်ပါသည်➡https://steemit.com/myanmar/@zinminhtet/ky-n-eta-wng-thng-tn-1-d8181bcb29671
အပိုင်း(၂)အား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်➡https://steemit.com/myanmar/@zinminhtet/ky-n-eta-wng-thng-tn-2-69786570ded
နေမင်းကြီးသည်လည်း အနားမျဉ်းတစ်ခုပေါ်သို့မေးတင်ထားရာမှ ငုတ်လျိုးသွားလေပြီ။မြင်ကွင်းတစ်ချို့ပျောက်ကွယ်သွားပြီးနောက် မီးရောင်လေးများတလက်လက်ဟိုတစ်စ ဒီတစ်စ ပေါ်ထွက်လာသည်။အချိန်ကား ညနေ၆နာရီခွဲ ခန့် ရှိလေပြီ။ရထားပေါ်တွင်လည်း တစ်ချို့ငိုက်သူငိုက် စကားပြောနေကျသူပြောနှင့်ရှိလေ၏။အမှောင်ထုက တဖြေးဖြေး ကြီးစိုးလာပြီးနောက် ကျွန်တော်လဲ ထိုင်ခုံမှာထိုင်ရက်ပင် အိပ်ပျော်သွားလေတော့သည်။
ကျွီ,ကနဲမြည်သံနှင့်အတူဆူညံသံများကြောင့် အိပ်ပျော်နေရာမှလန့်နိုးလာတော့ ဘူတာတစ်ခုသို့ ရထားဆိုက်ရောက်နေမှန်းသိလိုက်သည်။ လက်မှနာရီကိုကြည့်လိုက်တော့ ည ၁၁၃၀ ရှိပြီ။ရှေ့ခုံက အန်တီကြီးက မန္တလေးရောက်ပြီဟု ပြောမှ မန္တလေးဘူတာမှန်းသိတော့သည်။ထို့ကြောင့် ဆင်းရတော့မည်ဟူဟောအသိတစ်ချက်ကြောင့် ပစ္စည်းတချို့ကိုစုစုစည်းစည်းဖြစ်အောင် ထားလိုက်သည်။သိပ်များများ စားစားတော့ မပါပေ။သံသေတ္တာ တစ်လုံးနှင့် ဘေးလွယ်အိတ်တစ်လုံးသာ။ အဖေက သေတ္တာတွင် နာမည်ကို သင်္ဘော ဆေးဖြင့်ရေးပေးလိုက်သည်။သူများတွေရဲ့သေတ္တာကိုကြည့်လိုက်တော့ ဗလ အောင်သက်ပိုင်၊ဗလ အောင်သက်နိုင် ဟုရေးထားသည်ကိုတွေ့ရသည်။ နာမည်ရေးထားတာတော့ဟုတ်ပါပြီ။ရှေ့က ဗလ ဆိုတာကိုစိတ်ဝင်စားသွားသည်။သေတ္တာပိုင်ရှင်နှစ်ယောက်ကိုကြည့်လိုက်တော့ အမွှာညီအစ်ကိုနှစ်ယောက်။လူကြည့်တော့ ငပိန်လေးတွေ ဒါနဲ့များ ဗလဟု ရေးထားသေးသည်ဟု တွေးမိလိုက်သည်။ဗလရှိလို့များရေးထားတာများလားပေါ့။(ထိုစဉ်က ဗလ ဆိုတာ ဗိုလ်လောင်းကို အတိုကောက်ရေးထားတာမှန်း မသိခဲ့)
ရထားပေါ်က ဆင်းဖို့ တိုးဝှေ့နေကြသဖြင့် ကျွန်တော်လည်းနေရာမှာပင် ခနထိုင်စောင့်နေလိုက်သည်။သေတ္တာတွေ ပြူတင်းပေါက်ကချသူချ၊ပစ္စည်းတွေ ဟိုဒီရွှေ့သံ၊ စကားသံများဆူညံနေသည်။ ဘူတာမှာလဲ လာကြိုကြသူများ နှင့် ရှုပ်ထွေးလျက်ရှိသည်။လူအတန်ငယ် ရှင်းသွားတော့ ကျွန်တော်လဲဆင်းဖို့ပြင်ရတော့သည်။ထို့ကြောင့် လက်နှစ်ဖက်နှင့် အားယူ၍ သေတ္တာကိုင်းနှစ်ဖက်မှနေ၍ ဆွဲမလိုက်သည်။ခြေနှစ်ချောင်းသေတ္တာဝိတ်ကြောင့်ကွသွားလေပြီ။ မတတ်နိုင် ကိုယ့်ဟာကိုယ်မှ မ,ပြီး မချလျင်အောက်ရောက်မည်မဟုတ်။ အားကိုးအားထားက မရှိ။တရွေ့ရွေ့ဖြင့် ရထားအဆင်းလှေကားကို အတော်သတိထားဆင်းရသည်။ ရထားအောက်သို့အရောက် သေတ္တာကြီး ချ၍ အမောဖြေတုန်းရှိသေး ဗလ ခပ်တောင့်တောင့်နှင့်လူတစ်ယောက်က ညီလေးက ဗိုလ်လောင်းလာတတ်တာမလားဟုမေးရာ ကျွန်တော်လဲ ခေါင်းညိတ်ပြလိုက်သည်။မောနေသဖြင့် ပါးစပ်ကချက်ချင်းပြန်မဖြေနိုင်။
ဘာမပြော ညာမပြော ထိုလူမှ သေတ္တာကြီးစွေ့ကနဲကောက်မသွားရာ အလစ်သုတ်ခံရပြီအထင်နှင့် အပြေးလိုက်ရတော့သည်။ ထိုစဉ်အခါမှ ဘေးဘီကြည့်မိရာ တခြားသေတ္တာများကိုလဲ ထမ်းသွားနေကျသည်ကိုတွေ့မှ သေတ္တာလာကူထမ်းပေးသူများဟု သိရတော့သည်။နောက်မှ သေတ္တာလေးပျောက်မသွားအောင် ထပ်ကြပ်မကွာ လိုက်ရပေတော့သည်။ထိုသေတ္တာထဲတွင် အမေထည့်ပေးလိုက်သော ငွေနှစ်သောင်းကို အဝတ်များအောက်ဆုံးမှာပြားနေအောင် ညှပ်ထားသည်။ချမ်းသာသမျှအကုန် သေတ္တာထဲမှာပင်။လက်ထဲမှာက အသေးသုံးလောက်သာရှိသည်။နောက်ပြီး ထိုသေတ္တာထဲတွင် ပြင်ဦးလွင်ရောက်လို့သင်တန်းကအပြင်ပေးထွက်လျင်ပြင်ဦးလွင်မြို့ထဲဝတ်ဖို့ အကိုက ဂျင်းဘောင်းဘီ တွေ၊စပို့ရှပ်တွေ ၊ ဝေါကင်းရှူး၊အဖေကတော့ ငါ့သားက စတိုင်ဘောင်းဘီနဲ့လိုက်တယ် ဆိုပြီး စတိုင်ဘောင်းဘီနဲ့ ရှပ်အင်္ကျီတချို့၊ အမေက အလှူလေးဘာလေးသွားရင် ဝတ်ရအောင်ဆိုပြီး စတစ်ကော်လံနဲ့ တိုက်ပုံ၊ ပုဆိုးတို့်ကိုထည့်ပေးလိုက်လေသည်။ တိုက်ပုံကတော့ သင်တန်းခေါ်စာထဲမှာ တိုက်ပုံအင်္ကျီပါရမည်ဆို၍ ထည့်ပေးလိုက်ခြင်းဖြစ်သည်။အိပ်ယာလိပ်က ယူလာစရာ မလိုဟု ခေါ်စာထဲပါသဖြင့် ယူမလာခဲ့။
အထမ်းသမားက ဘူတာကြီးအပေါ်ထပ်လှေကားသို့ ဇတ်ဇတ် ဇတ်ဇတ်နဲ့ တက်သွားရာ လိုက်ရပြန်လေသည်။ အပေါ်ထပ်သို့ရောက်တော့ သေတ္တာတွေအားလုံး စုပေါင်း ပြီးပုံထားသည်ကိုတွေ့ရသည်။ ကျွန်တော့သေတ္တာလဲ ထိုအပုံထဲသို့ရောက်ရှိသွားလေသည်။အထမ်းသမား သေတ္တာအောက်ချတော့ ကျေးဇူးပဲနော် ဟု ပြောလိုက်သည်။ ဟုတ်တယ်လေ သူ့ခမျာ အဝေးကြီး ထမ်းလာပြီးလိုက်ပို့ရတာ ကိုယ်ကဒီလောက်တော့သိတတ်ရမယ်မဟုတ်လား။ အထမ်းသမားက တစ်ထောင်ကျတယ် ညီလေး ဆိုမှ ဗျာ ဟု မျက်လုံးပြူး သွားလေတော့
သည်။ ကျွန်တော်က ဗိုလ်လောင်းတွေမို့ လာကူညီတယ်ထင်ပြီး စိတ်ကြီးဝင်နေတာ သူက အခပေး အထမ်းသမားမှန်း ခုမှ သိတော့သည်။ တစ်ခါမှ ခရီးမသွားဖူး၍ မသိ။ တယ်ပိန်းတဲ့ ငါပါလားဟု ကိုယ့်ကိုကိုယ် ချီးကျူးထောပနာပြုလိုက်သည်။ပိုက်ဆံအိတ်ထဲမှ တစ်ထောင်တန် တစ်ရွက်ထုတ်ပေးလိုက်တော့ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။ နောက်ထပ်သေတ္တာတစ်လုံး သွားထပ်ထမ်းသည် ထင်သည်။
နေ့ခင်းကလဲ ထမင်းမစားဖြစ်ဘဲ ကြက်ဥပြုတ်သာစားထားရသေးသဖြင့် ဗိုက်ကဆာလောင်နေပြီ။ ရှေ့ဘက်နားတွင်အလင်းဆိုင်လေးတစ်ဆိုင်တွေ့သဖြင့် ဆိုင်ဘက်သို့ခြေဦးလှည့်လိုက်သည်။ဆိုင်ရောက်လို့ထိုင်မည်ပြင်ဟန်ရှိသေး ဗိုလ်လောင်းတွေတန်းစီမယ်ဟေ့ဟု စစ်ယူနီဖောင်းနဲ့ ဦးလေးကြီးတစ်ယောက်က လက်ကိုင်စပီကာလေးနဲ့လှည့်အော်နေသောကြောင့် ဆိုင်က စားပွဲထိုးလေးအား ထိုစဉ်ကနာမည်ကြီးသည့် မန်းမြို့တော်ပေါက်စီ နှစ်လုံး မှာလိုက်၍ ကျသင့်ငွေရှင်းပေးလိုက်သည်။အငွေ့တထောင်းထောင်းနဲ့ ပေါက်စီနံ့လေးက ဗိုက်ကိုပိုမိုဆာလောင်စေပြန်လေသည်။ပေါက်စီကိုလမ်းသွားရင်းပင်တစ်ကိုက် ကိုက်လိုက်တာ တန်းစီမယ်ဆိုသောနေရာသို့ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။တိုင်းအလိုက်တန်းစီိမည်ဟုပြောသောကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အစရှိသဖြင့်အချင်းချင်းလူစုရန်အော်ဟစ်ကျသောကြောင့် ဆူညံ သွားလေသည်။ကျွန်တော်လည်း ရန်ကုန်တိုင်းဟူသောဘက်သို့ သွား၍ တန်းစီလေသည်။ တန်းစီသည်ဆိုသော်လည်း စနစ်တကျ စစ်ပုံကျကျစီခြင်းမဟုတ် စုရုန်း စုရုန်းလုပ်နေကျခြင်းသာဖြစ်သည်။အားလုံးငြိမ်ကျစမ်းဟု ယူနီဖောင်းနှင့်အရာရှိတစ်ယောက်က လက်ကိုင်စပီကာဖြင့် အော်လိုက်တော့မှ ဆူညံနေသံများငြိမ်သက်သွားတော့သည်။ထိုအရာရှိမှပင် မနက် ၆နာရီ ပြင်ဦးလွင်မြို့သို့ စစ်တပ်မှ ယဉ်များဖြင့် လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ဤဘူတာနေရာမှလွဲ၍ အခြားနေရာများသို့မသွားရန်လိုကြောင်း၊မနက်၆နာရီ ထိုးကားပေါ်တက်ချိန် မပါသူများကို ဗိုလ်လောင်းအဖြစ်ရွေးချယ်မည်မဟုတ်ဘဲ ချန်ထားခဲ့မည်ဖြစ်ကြောင်း ပြောပြီးနောက်
အားလုံးနားနားနေနေ နေလို့ရပြီဖြစ်ကြောင်းပြောလေသည်။
တချို့ကတော့ သူတို့၏ မိသားစု များ သူငယ်ချင်းများရှိရာသို့ သွား၍ စကားဖောင်ဖွဲ့ပြောနေကျလေသည်။သူတို့မိဘများက ပြင်ဦးလွင်ရောက်လျင် ကျန်းမာရေး ဂရုစိုက်ရန်၊သင်တန်းတွင် လိမ်လိမ်မာမာနေရန်၊စာကြိုးစားရန်၊အိမ်သို့လဲစာပုံမှန်ပို့ရန် အစရှိသဖြင့်မှာကြသည်။ သူငယ်ချင်း များလိုက်ပို့ကြသောသူများကတော့ ဟိုရောက်ရင် ပြင်ဦးလွင်သူလေးတစ်ယောက်လောက် ရအောင်ပိုးသင့်ကြောင်း၊ ပြင်ဦးလွင်သူချောချောလေး တစ်ယောက်လောက် ပါဆယ်ပို့ပေးလိုက်စမ်းပါကွာ ဟု မှာသူကမှာနဲ့ စည်ကားလျက်ရှိနေတော့သည်။ကျွန်တော်ကတော့ ဘူတာအပေါ်ထပ် ဒေါင့်ကျသောနေရာတစ်နေရာတွင် မန္တလေးဆောင်းဒဏ်ကို ဒူးနှစ်ဖက်လက်ဖြင့် ပိုက်၍ အံတုရင်း မနက်ဖြန် ပြင်ဦးလွင် ခရီး စဉ်ကို ရင်ခုန်စိတ်လှုပ်ရှားလျက်ရှိနေပေတော့သည်။
ဆက်ပါအုံးမည်......
Photo credit google.
Author-Minhtet Yeyint
@zinminhtet
MSC-126
DSA အကြောင်းလေးသေချာသိချင်နေတာ ။
ဆက်ပြီးအားပေးပါမယ်ဗျာ
ပျော်ပီလေ အားပေးမယ့်သူရှိတော့
ပင်ဦးလွင်သူချောချောလေး ဒေရမေ. 😌😌😌
ပို့လိုက်မယ် 😄
ပြန်သတိရသည် ခွင်ပြန်မန္တလေးဘူတာ
အမှတ်ရစရာ
ဘဝအတွေ့အကြုံလေးတွေပေါ့၊ကောင်းပါတယ်ရှင့်
ဟုတ်ကဲ့ ကျေးဇူးပါ
အားပေးတယ် ကောင်းပါတယ်အစ်ကို
ကေျးဇူးပါအကို
အရေးအသားကောင်းတယ်ဗျာ plz v and c me back @mgtoetat
ဟုတ်ကဲ့အကို
ဖတ်လို့ကောင်းတယ်ဗျာ
ဟီးဟုတ် ကဲ့
အားပေးတယ် မိုက်တယ်ကွာ
ကျေးဇူးပါခင်ဗျာ
ကိုမင်းလည်းစာရေးဆရာဖြစ်တော့မယ်။အရေးအသားတွေကအရမ်းကောင်း။
မအိကိုမမီသေးဘူးလို့
အရေးအသားမိုက်တယ် bro
ကျေးဇူးပါခင်ဗျ