ကျွန်​​တော်​နှင့်​သင်​တန်း*(၁)

in #myanmar7 years ago

image
ကျွန်​​တော်​နှင့်​သင်​တန်း(၁)

သင်​တန်းဆိုလို့ ငယ်​ငယ်​က​တော့ ယဉ်​​ကျေးလိမ်​မာ သင်​တန်း​တောင်​ တက်​ခဲ့ဖူးဘူး။ကိုယ်​​တွေက ယဉ်​​ကျေးပြီးသားပဲဆိုပြီး ကိုယ့်​အ​တွေးနဲ့ကိုယ်​ 😄... ​နွေရာသီ အင်္ဂလိပ်​စာသင်​တန်း လား နိုးပါ ။အင်္ဂလိပ်​စာကိုငယ်​ငယ်​ထဲက​ကြောက်​လို့ ​ရှောင်​ရင်း​ရှောင်​ရင်းနဲ့ ဆယ်​တန်းတုန်းကလဲ အင်္ဂလိပ်​စာကို အမှတ်​အနဲဆုံးနဲ့​အောင်​ခဲ့တာ။ဒါ​ပေမယ့်​ ဂုဏ်​ထူးနှစ်​ဘာသာ ပါတယ်​​လေ။ဓာတုနဲ့ ​ဘောဂ....@sawlwin နဲ့ကျွန်​​တော်​နဲ့က မူကြိုထဲက သိခဲ့ကျတယ်​ဆိုပါ​တော့။ဆယ်​တန်းကျူရှင်တက်​​တော့လဲတူတူပဲ။
ဒီလိုနဲ့ ဆယ်​တန်းပြီး​တော့ ကျွန်​​တော့ ဝါသနာအတိုင်း အင်​ဂျင်​နီယာ လုပ်​ချင်​​ပေမယ့်​ အ​ဖေဆန္ဒအတိုင်း စစ်​​ဗိုလ်​ကလဲ လုပ်​​ပေးရအုံးမယ်​..ဒါနဲ့ သားအဖ နှစ်​​ယောက်​ညှိကျ​တော့ အ​ဖြေတစ်​ခုထွက်​လာတယ်​။ကျ​နော်​လဲ ကျ​နော်​ဝါသနာပါတဲ့နည်းပညာ တက္ကသိုလ်​​လျှောက်​မယ်​။အ​ဖေ့စိတ်​တိုင်းကျ စစ်​အင်​ဂျင်​နီယာ လဲဝင်ြေ​ဖ​ပေးမယ်​​ပေါ့။ကျ​နော်​ ​လျှောက်​တဲ့ နည်းပညာတက္ကသိုလ်​​ခေါ်စာအရင်​လာရင်​ နည်းပညာ​ကျောင်းတက်​မယ်​ ။စစ်​အင်​ဂျင်​နီယာ ​ဖြေတာ​အောင်​လို့ ​ခေါ်စာအရင်​လာရင်
စစ်​အင်​ဂျင်​နီယာ လုပ်​မယ်​​ပေါ့။ဒါနဲ့ နှစ်​ခုလုံး ​လျှောက်​လိုက်​တယ်​။
အဲ့မှာစတာပဲ သင်​တန်းက..စစ်​အင်​ဂျင်​နီယာ​ဖြေဖို့ကလဲ ဒီတိုင်းသွား​ဖြေလို့ရတာ မဟုတ်​ဘူး​လေ။ ကျ​နော်​တို့သင်​တန်း စတက်​ရတယ်​။ ကိုယ်​ခန္ဓာကြံ့ခိုင်​မှု၊​ခေါင်း​ဆောင်​မှုအ​ခြေခံ၊အဖွဲ့လိုက်​ပူး​ပေါင်း​ဆောင်​ရွက်​နိုင်​မှု၊​မြေပုံဖတ်​၊single test၊ ​နောက်​ အင်္ဂလိပ်​နဲ့ သင်္ချာ အဲ့တာ​တွေ ကြိုတင်​ပြင်​ဆင်​ရတယ်​။အဲ့တုန်းက ကျွန်​​တော်​တို့သင်​တန်းက ဆူး​လေ ဘက်​မှာ၊ကြံ့ခိုင်​​ရေး ​ဆောင်​ရွက်​ချိန်​ဆိုရင်​ ပြည်​သူ့ရင်​ပြင်​ထဲမှာ လုပ်​ကျရတယ်​။
အဲ့သင်​တန်းမှာပဲ ​ကို​စောလွင်​@sawlwinနဲ့ပြန်​ဆုံတယ်​။သူက စစ်​ဆရာဝန်​​ဖြေဖို့။သူငယ်​ချင်းနှစ်​​ယောက်​ တစ်​ခါတ​လေ သင်​တန်း​ပြေးပြီး ရုပ်​ရှင်​သွားကြည့်​ကျ​သေးတယ်​ ။လူငယ်​​တွေဆို​တော့ လွတ်​လွတ်​လပ်​လပ်​ပဲ​လေ။
ဒီလိုနဲ့ ကျွန်​​တော်​တို့ ​ဗိုလ်​သင်​တန်းအတွက်
လျှောက်​လွှာ​တွေ​ခေါ်​တော့ စစ်​အင်​ဂျင်​နီယာ အပြင်​ စစ်​တက္ကသိုလ်​ပါ အရန်​အ​နေနဲ့​ဖြေကြည့်​မယ်​ဆိုပြီး ​လျှောက်​လွှာတင်​လိုက်​တာ​ပေါ့။ရေး/​ဖြေစာ​မေးပွဲ​ဖြေ​တော့ ကျွန်​​တော်​တို့ မင်္ဂလာ ဒုံက ​အောင်​ဆန်းသူရိယ လှ​သောင်း​ကျောင်းမှာ ​ဖြေကျရတယ်​။မနက်​​ပိုင်းကို စစ်​အင်​ဂျင်​နီယာ အတွက်​​ရေး/​ဖြေ စာ​မေးပွဲ ၊​နေ့လည်​ပိုင်းကို စစ်​တက္ကသိုလ်​အတွက်​ ​ရေး/​ဖြေ စာ​မေးပွဲ​ပေါ့။

ဖြေပြီး တစ်​လ​လောက်​​နေ​တော့ ​အောင်​စာရင်း​တွေထွက်​တယ်​ကြားလို့သွားကြည့်​တယ်​။ရန်​ကုန်​တိုင်းရုံးထဲကို ဂိတ်​က​နေဝင်​လိုက်​​တော့ အ​စောင့်​ စစ်​သားကြီးကလွဲလို့ ​ခြောက်​ကပ်​​​နေလို့ ​အောင်​စာရင်းလာကြည့်​တဲ့လူ​တွေလဲမ​တွေ့ရ။ဒါနဲ့ ​ပေ​ကြောင်​​ပေ​ကြောင်​နဲ့ ဝင်​သွား​တော့ ​တွေ့ပြီ..နံရံမှာကပ်​ထားတဲ့​အောင်​စာရင်းစာရွက်​​တွေ။အော်​..စာရွက်​​တွေကလဲ ​ဟောင်းနွမ်းလို့ ။လက်​နဲ့တခုချင်း​ထောက်​ရှာတယ်​ ကျွန်​​တော့်​ရဲ့ခုံနံပါတ်​​လေး မ​တွေ့ခဲ့ရဘူး။စိတ်​ထဲမှာ ဝမ်းနည်းသွားတယ်​။ကျွန်​​တော်​တစ်​ခါမှ စာ​မေးပွဲ မရှုံးခဲ့ဖူးဘူး​လေ။ဒါပထမဆုံးအကြိမ်​ပဲ။အိမ်​ကို​ခေါင်းငိုက်​စိုက်​နဲ့ပြန်​လာ​တော့ အ​​မေက​တော့ ဝမ်းသာရှာပါတယ်​။စိတ်​ဓာတ်​မကျဖို့ နဲ့ သားဖြစ်​ချင်​တဲ့အင်​ဂျင်​နီယာ ဖြစ်​ခွင့်​ရပြီ​ပေါ့ဆိုပြီး အား​ပေးတယ်​။အ​မေဝမ်းသာတာက သူ့သားကိုစစ်​ထဲထည့်​ဖို့ စိတ်​မချဘူး​လေ။အဲ့တုန်းကမှ ကျွန်​​တော့အသက်​ ၁၆နှစ်​​တောင်​မပြည့်​​သေးဘူး။လူ​ကောင်​ကလဲ ညှပ်​တယ်​။ အတန်းထဲမှာဆို သူငယ်​ချင်း​တွေက ဂျပုတဲ့၊ဆရာ၊ဆရာမ​တွေက အ​သေး​လေးတဲ့​လေ။အရပ်​ကမှ ၅​ပေစွန်းစွန်း​လေးရယ်​။မယုံရင်​@sawlwin ​မေးကြည့်​။

ဒီလိုနဲ့ ကျ​နော်​နည်းပညာတက္ကသိုလ်​​ခေါ်စာကို​စောင့်​ရင်း တစ်​ပတ်​​လောက်​​နေ​တော့ ကျွန်​​တော်​တို့ရပ်​ကွက်​က ရာအိမ်​မှူးက ကျွန်​​တော်​နာမည်​နဲ့ စာအိပ်​တစ်​အိပ်​ ရုံးမှာ​ရောက်​​နေလို့ဆိုပြီး ရုံးကို​ခေါ်​ပေးတယ်​။အော်​ ငါစာ​မေးပွဲမ​အောင်​လို့ ကိုယ်​​ရေး​ဖောင်​​တွေပြန်​​ပေးတာ​နေမှာလို့ပဲ ထင်​ခဲ့တာ။ အိမ်​ကို​ရောက်​​ရောက်​ချင်း ​ဖောက်​​တောင်​မကြည့်​ဘူး။ အ​ဖေရုံးကပြန်​လာမှ သူကိုယ်​တိုင်​​ဖောက်​ကြည့်​​တော့မှ ဝမ်းသာအားရ ထ​အော်​ပါ​လေ​ရော "ငါ့သား​ဗိုလ်​ဖြစ်​ပြီကွ"တဲ့။
ကျွန်​​တော့ အတွက်​ စစ်​တက္ကသိုလ်​ဝင်​ခွင့်​​ရေး/​ဖြေစာ​မေးပွဲ​အောင်​တယ်​ဆိုတဲ့ အ​ကြောင်း အ​ကြောင်းကြားစာဖြစ်​​နေတာကိုး။နောက်​မှသိရတာက ကျ​နော်​​​အောင်စာရင်း​​​သွားကြည့်​တဲ့​နေ့က ​အောင်​စာရင်းကမထွက်​​သေးဘူး။ကျွန်​​တော်​ကြည့်​ခဲ့တာက အရင်​နှစ်​က စာရင်းအ​ဟောင်းကြီး 😁(အဲ့တာ​ကြောင့်​ စာရွက်​​တွေက နွမ်းလှပါတယ်​မှတ်​တာ)။အ​ဖေကသာ ​ဗိုလ်​ဖြစ်​ပြီကွ ထ​အော်​တာ တကယ်​က အခုမှ စမှာ​လေ။
ရေး/​ဖြေ​အောင်​ပြီ​ဆို​တော့ OTT ဝင်​ကျရတယ်​ ။အဲ့မှာ​တော့ psychological ၊တစ်​ဦးချင်းကြံ့ခိုင်​မှု၊​ခေါင်း​​ဆောင်​မှု၊အဖွဲ့လိုက်​​ပူး​ပေါင်း​ဆောင်​ရွက်​မှု၊​နောက်​ viva voce ​အဲ့တာ​တွေ​ဖြေရတယ်​။မှတ်​မှတ်​ရရviva ​ဖြေ​တော့ ပုခုံး​ပေါ်မှာ အပွင့်​​တွေအများကြီးတတ်​တဲ့စစ်​သားကြီး​တွေက(အဲ့တုန်းက ရာထူး၊အဆင့်​တံဆိပ်​​တွေနားမလည်​​သေးဘူး) "သား ဘာလို့စစ်​ထဲဝင်​ချင်​တာလဲ"တဲ့​မေး​တော့...ကျွန်​​တော်​ လဲတစ်​ခွန်းပဲခပ်​တည်​တည်​နဲ့ပြန်​​ဖြေလိုက်​တယ်​။"စစ်​တိုက်​ချင်​လို့ပါ"လို့ အဲ့အ​ဖြေနဲ့တင်​ ​တော်​​တော်​အမှတ်ရသွားတယ်​ထင်​တာပဲ 😉။နောက်​တခြား​ဗဟုသုတ​တွေလဲ​မေးတာ​ပေါ့။OTT ​အောင်​ပြီး​တော့ပြင်​ဦးလွင်​ကို သွားကျရဖို့ပြင်​ဆင်​က​တော့တယ်​။ကျွန်​​တော်​တို့နှစ်​တုန်းက စစ်​တက္ကသိုလ်​ကို​ရေး/​ဖြေဝင်ြေ​ဖကျတာ ငါး​ထောင်​​ကျော်​​လောက်​ရှိမယ်​။ကျွန်​​တော်​တို့ပြင်​ဦးလွင်​ကို ပါလာတာလူသုံး​ထောင်​​ကျော်​ ပါလာ​သေးတယ်​။ကျန်​တဲ့သူ​တွေက​တော့ ​ရေး/​ဖြေနဲ့ OTTမှာကျခဲ့ကျတာပါ။ image

ပြင်​ဦးလွင်​ဆိုတာ ကျွန်​​တော်​ ရုပ်​မြင်​သံကြားထဲမှာပဲမြင်​ဖူးခဲ့တာ။အမျိုးသားကံ​တော်​ကြီး ဥယျာဉ်​ဆိုတာ​လေ အဲ့တုန်းက တီ​ဗွီမှာလာတယ်​ ။ပန်း​တွေ​ဝေဆာပြီး လှပ​အေးချမ်းတဲ့မြို့​လေးဆို​တော့ ​ရောက်​ဖူးချင်​ခဲ့မိတာ။ပြင်​ဦးလွင်​ကိုသွားကျဖို့ မနက်​အ​စောကြီး၎နာရီ ​လောက်​ ကျွန်​​တော်​တို့်အိမ်​က​နေ ရန်​ကုန်​ဘူတာကြီးကိုထွက်​ကျရတယ်​။ imageလိုက်​ပို့တာက အ​ဖေရယ်​၊အ​မေရယ်​၊အကိုရယ်​၊ကျွန်​​တော့ညီ​အငယ်​​ကောင်​​လေးရယ်​၊​အ​ငယ်​​ကောင်​​လေးက အဲ့တုန်းက ၃နှစ်​​လောက်​ပဲရှိ​သေးတယ်​။ရထား​ပေါ်တက်​​တော့ ကျွန်​​တော်​ရယ်​ သံ​သေတ္တာကြီး တစ်​လုံးရယ်​ပါပဲ။ကျွန်​​တော်​မ​ရောက်​ဖူးတဲ့​ဒေသတစ်​ခုကို ကျွန်​​တော်​ မကျွမ်းဝင်​တဲ့သူ​တွေနဲ့ အတူတူခရီးဆက်​ရမယ်​ဆို​တော့ စိတ်​ထဲမှာ ဝမ်းနည်းသလို အားငယ်​သလိုနဲ့။ရထား​ပေါ်မှာ တချို့မိသားစုလိုက်​ လိုက်​ပို့ကျတာ​တွေလဲရှိတယ်​။ကျွန်​​တော်​က​တော့ ကျွန်​​တော်​ရယ်​ သံ​သေတ္တာကြီးတစ်​လုံးရယ်​ပါပဲ။ရထားကစတင်​ထွက်​ခွာဖို့ ဥသြသံဆွဲ​တော့ ကျွန်​​တော့ မိသားစုက လက်​ပြနှုတ်​ဆက်​လို့ကျန်​ခဲ့။အ​မေ့မျက်​ဝန်းအိမ်​မှာ​တော့ အ​ရောင်​တလက်​လက်​၊အ​ဖေက​တော့ကြည်​နူးပီတိဟန်​နဲ့၊ညီအငယ်​​ကောင်​က​တော့ လက်​ဆန်းတန်း၍ ​အော်​ဟစ်​လျက်​ ကျွန်​​တော့ အိမ်​နဲ့ပထမဦးဆုံး ရက်ရှည်​ခွဲခွာရခြင်းအထိမ်းအမှတ်​၊ဘယ်​ဘက်​ရင်​အုံမှာ ပူခနဲဖြစ်​သွားတဲ့အခိုက်​အတန့်​.....

ဆက်​ပါဦးမည်​...... image
@zinminhtet
MSC126

Train photo credit google

Sort:  

ရေးတာကောင်းပါသည်

ကျေးဇူးပါဆရာ

နောက်ပိုင်းမျှေိာနေဒေ

အားတဲ့ရက်​​လေးဆက်​​ရေးပါမယ်​ :-)

ခု လို အရေးအသားတွေ နဲ့ ရှေ့ဆက်ရင် steemit ကို video ရိုက်ချင်ရင် ဇာတ်ညွှန်းလေးတွေ လာရှာမယ်ထင်တယ် ။

အားကိုးပါတယ်​ ဒါရိုက်​တာကြီးရယ်​ 😁

goodတယ်အကို

ကျေးဇူးအကို

good အကို

Gooooooood👍👍👍

အဲဒီအထဲက အဆက်ပြတ်သွားတာ မင်းအကြောင်း သိရအောင် ဆက်ဖတ်နေမယ်ကွာ

အေးသယ်​ရင်း :-)

ကို​စောလွင်​နဲ့ကသူငယ်​ချင်း​တွေ​ပေါ့​နော်​။စောင့်​​မျှော်​ဖတ်​​နေပါ့မယ်​ရှင်​။

ကျေးဇူးပါမအိ​ရေ :-)

ရေးတာကောင်းတယ် နောက်ပိုင်းမျှော်နေမယ်

ဟုတ်​ကဲ့ ကချစ်

အားပေးခဲ့ပီ...

ကျေးဇူး ကိုရဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63438.65
ETH 2632.46
USDT 1.00
SBD 2.75