TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၉)

in #myanmar6 years ago

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၉)

ကက်​သုတ်​မှထွက်​လာသည့်​စူးရှ​သေးငယ်​​သောအလင်းတန်း​လေးသည်​တီဗွီဖန်​သားပြင်​​ပေါ်မှာရုပ်​ပုံကို​ပေါ်​စေပါသည်​၊မှန်​ပြင်​​ပေါ်မှာအလင်​ပြန့်​​စေရန်​ မီးလုံးလည်​တိုင်​မှာစွတ်​ထား​သော ကွိုင်​ထုပ်​(ရုပ်​ကွိုင်​)သည်​အဓိကအ​ရေးပါ ပါသည်​၊

images (32).jpeg

https://goo.gl/images/PXdgMT

မီးလုံးမှန်​ပြင်​၏ မျက်​နာစာတွင်​ ဗလာစာအုက်​ကဲသို့မျဉ်း​ကြောင်း​လေး​တွေရှိပါသည်​ ၊ထိုမျဉ်း​ကြောင်းက​လေး​တွေကစ​ပေါ့​သေး​သေး​လေး​လေး​တွေနှင့်​တန်းစီထားခြင်းဖြစ်​ပါသည်​ ၊မှန်​ပြင်​တခုလုံးကိုခြုံကြည့်​လျှင်​ အလွန်​တရာ​သေးငယ်​​သောစကာ​ပေါက်​က​လေး​တွေပါသည့်​သံဇကာနှင့်​အတွင်းပိုင်းမှာအုပ်​ထားခြင်းဖြစ်​ပါသည်​၊ ထိုသံဇကာ​ပေါက်​က​လေး​တွေနှင့်​မီးလုံးမျက်​နြာ​ပင်​မှာသုပ်​ထား​သော​ရောင်​ပြန်​စ​ပေါ့​လေး​တွေနှင့်​ကွက်​တိကြ​နေသည်၊မီးလုံးကိုရိုက်​ခွဲလိုက်​လျှင်​ ထိုသံဇကာကို​တွေရှိရပါလိမ့်​မည်​၊ မီးလုံး​နောက်​ဖက်​ကက်​သုပ်​မှထွက်​လာ​သောလျှပ်​စစ်​အလင်းတန်းစ​ပေါ့ကို မီးလုံးလည်​တိုင်​မှာစွပ်​ထားသည်​ရုပ်​ကွိုင်​ရဲ့ ဘယ်​ဖက်​ကွိုင်​​နှင့်​ အ​ပေါ်ကွိုင်​တို့ရဲ့သံလိုက်​ဆွဲငင်​မှူ​ကြောင့်​ ပထမဆုံးမှန်​ပြင်​ရဲ့ ဘယ်​ဖက်​အ​ပေါ်​ထောင့်​မှာလာ​ရောက်​ထိမှန်​ပါသည်​၊ ထိုမှတဆင့်​တ​ဖြည်းဖြည်းခြင်း
ရုပ်​ကွိုင်​၏ညာဖက်​ကွိုင်​ရဲ့ဆွဲယူမူ​ကြောင့်မှန်​ပြင်​ရဲ့ညာဖက်​အ​ပေါ်​ထောင့်​မျဉ်း​ကြောင်း​အဆုံးစ​ပေါ့​ပေါ့်သို့​ရောက်​ရ​လေသည်​၊

monito6.jpg

https://goo.gl/images/Qzyq7k

ထိုမှတဆင့်​ကျွန်​​တော်​တို့စာဖတ်​သလိုအ​ပေါ်မျဉ်း​ကြောင်းဆုံးပြီး​အောက်​မျဉ်း​ကြောင်းအစသို့​ရောက်​ရှိ​စေပါသည်​၊ထိုကဲသို့ စ​ပေါ့်​လေးများကိုစာဖတ်​သကဲ့တချက်​ခြင်းထိမှန်​လာပြီး​နောက်​ဆုံး ​ရုပ်​ကွိုင်​ရဲ့​အောက်​ကွိုင်​​နဲ့ညာဖက်​ကွိုင်​တို့ရဲဆွဲငင်​မူ့​ကြောင့်​မှန်​ပြင်​ရဲ့ညာဖက်​​အောက်ဆုံး​ထောင့်​ကို​ရောက်​ရှိ​စေသည်​၊ ကက်​သုပ်​မှထွက်​လာ​သောလျှပ်​စစ်​အလင်းတန်း​လေးက စ​ပေါ့အစမှအဆုံးအထိ တချက်​ခြင်းထိမှန်​လာ​သောဖြစ်​စဉ်​တခုသည်​၊
ရုပ်​ပုံကားချပ်​တခုပင်​ဖြစ်​​လေသည်​၊ထိုကားချပ်​တခုသည်​ ရုပ်​ရှင်​ဖလင်​ရဲ့ ဖလင်​ကွက်​တခုနှင့်​တူ၏၊ရုပ်​ရှင်​ဖလင်​ရဲ့အကွက်​တကွက်​သည်​ အ​ပေါ်ဖလင်​ကွက်​နှင့်​​အောက်​မှဖလင်​ကွက်​တူသ​ယောင်​​ယောင်​ရှိပြီး နဲနဲ​လေးဘဲကွဲလွဲ​နေ၏။ဆယ်​​လေးငါးကွက်​​လောက်​​ရောက်​မှသာလျှင်​ရုပ်​ပုံများကွဲလွဲ​နေ​သည်​ကို​တွေ့ရှိရသည်​။ထိုဖလင်​ကို ဆက်​တိုက်​ဆွဲယူလိုက်​​သောအခါလှူပ်​ရှား​နေ​သောရုပ်​ရှင်​ကိုရရှိ​လေသည်​၊

zworykin-cathode-ray-patent.png

https://goo.gl/images/WQiSrY

တီဗွီမှန်​ပြင်​တွင်​လည်​ထိုကဲသိုပင်​ဖြစ်​​လေသည်​၊စ​ပေါ့​လေး​တွေကိုအစအဆုံးဖတ်​ခြင်းဖြစ်​စဉ်​ရုပ်​ပုံကားချပ်​​တွေကို တစက္ကန့်​အတွင်းပုံသုံး​လေးဆယ်​အထိပြီး​အောင်​ဖတ်​သွာ​လေ​သောအခါလှူပ်​ရှား​နေ​သောရုပ်​အရှင်​ကိုမြင်​ရ​လေသည်​။တီဗွီတလုံးနှင့်​တလုံးတစက္ကန့်​အတွင်း​ပြောင်းလဲသွား​သောရုပ်​ပုံအ​ရေအတွက်​မတူညီ​ပေ၊ပုံကားချပ်​တခုနှင့်​တခု​ပြောင်းလဲသွားသည်​ကိုကျွန်​​တော်​တို့ရဲ့သာမှန်​မျက်​စိဖြင့်​မမြင်​နိုင်​​ပေ၊​ဖေကွန်​စီတိုင်း​သောစက်​များနှင့်​သာသိရှိနိုင်​​လေသည်​၊ရုပ်​ပုံကွက်​တခုနဲ့တခုအကူးအ​ပြောင်း​တောင်​သာမန်​မျက်​စိနှင့်​မသိနိုင်​ဘူးဆိုလျှင်​​တော့ စ​ပေါ့​လေး​တွေကိုတချက်​ခြင်းရိုက်​ခပ်​ပြီး​ရွေလျှားလာသည်​ကို ပို၍ပင်​ကျွန်​​တော်​တို့မျက်​စိဖြင့်​မသိနိုင်​​ပေ၊ထိုဖြစ်​စဉ်​အားလုံသည်​ အဖြူအမဲတိဗွီရဲ့ဖြစ်​စဉ်​ပင်​ဖြစ်​​လေသည်​၊ကာလာတီဗွီဆိုလျှင်​ပို၍ပင်​ဖြစ်​စဉ်​​တွေကအနုစိတ်​​ပေလိမ့်​မည်​၊
ဆက်​ရန်​......

Post writer=@yuzana(shineshine)
MSC=146

Sort:  

အသိ‌တွေတိုး‌စေပါတယ်‌ဦးယု။‌ကျေး‌ကျေး

ဗဟုသုတသ​ဘော​လောက်​ပါ
ဒီအဆင့်​​တွေ ကျွန်​​တော်​တို့ မြန်​မာ​တွေလိုက်​လုပ်​နိုင်​ဘို့ခက်​ပါတယ်

အယ်လဲ့ ငါးချဉ်ကြီး တယ်ကောင်းတာကိုးးး ခ်ခ် စတာနော် တွေ့လိုက်လို့

မန့်​စရာရှာ​နေတဲ့အ​ကောင့်​​လေ
မန့်​နိုင်​မှ ပွိုင့်​ရ

ငယ်ငယ်တုန်းက ဖြူမည်း တီဗီနဲ့ ကြည့်ခဲ့ရတာ သွားသတိရတယ် ဘဒိုရေ

အခု တင်​ပြတာက အဖြူအမည်းတလုံးရဲ့အလုပ်​ လုပ်​ပုံပါ

စိတ်​၀င်​စားဖို့​ကောင်းတယ်​...ကြည့်​သာကြည့်​​နေတာအ​သေးစိတ်​ဘာမှမသိဘူး​လေ...ဗဟုသုတရလို့ဆက်​အား​ပေးပါ့မယ်​....

Posted using Partiko Android

အ​ခြေခံမရှိရင်​ မျက်​စိထဲ ​ပေါ်ဘို့မလွယ်​ဘူး

Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Steem Power, Followers and Following added

Support SteemitBoard's project! Vote for its witness and get one more award!

ပညာရပ်ပိုစ်လေးမို့ကြိုက်ပါတယ်အကို

Posted using Partiko Android

နည်းပညာပိုစ်​ပါ အီလက်​ထ​ရောနစ်​အ​ခြေခံရှိသူ​တွေဘဲ နားလည်​​လောက်​မယ်​ထင်​တယ်

စဉ်ဆက်မပြတ်လှုပ်ရှားမှုဆိုတာက ရှင်သန်ခြင်းပဲမဟုတ်လား ဒါနဲ့ မီးလုံးလည်ပင်းလေးကျိုးသွားတာရှိတယ် ပြင်လို့ရအုံးမလား

မှောက်​ထားပြီး အဝတ်​​လျှော်​ ​ကြောက်​ ပြားလုပ်​လို့ရတယ်​ဆရာ

အိမ်က tv တော့ သက်တမ်းကြာလို့ ကာလာမှ ဖြူမဲ ဖြစ်သွားပေါ့

အဲ့တာ ဟိုဒင်းကို ဟဝှာလုပ်လိုက်ရင် ရတယ် သထွေး ဦးယုပြောပြလိမ့်မယ် ။

သက်​တမ်​ကြာလို့ ဖြူမဲ က​တော့ဖြစ်​မသွားဘူးဆရာ
ကလာ​တွေ က​စောက်​ကစက်​နဲ့အနားသပ်​​တွေ ရှန်​ထွက်​တာဘဲရှိတာ စက်​ပြားကတခုခု ချို့ယွင်းလို့ရှိမယ်

tv မှန်ကြီးတွေက အထူကြီးတွေနော် ဦးယု အဲ့တာမျိုးတွေပါမန်း မသိခဲ့ ။

ဟုပ်​တယ်​ မ​ကောင်းတဲ့မီးလုံးကိုရိုက်​ခွဲရင်​ ပီနံ အိပ်​ထဲထည့်​ပြီခွဲရတယ်​ လူအန္တရယ်​ မရှိ​အောင်

ဦးယုကိုတော့ လေးစားပါတယ်ဗျာ
တီဗီပြင်တာ ဆရာကျတယ်လေ

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66504.03
ETH 3578.30
USDT 1.00
SBD 3.03